What's new

×

Warning

JUser: :_load: Unable to load user with ID: 845


COVID-19 ကြောင့် ပိတ်ခဲ့သည့် သို့မဟုတ် ယာယီပိတ်ထားသော စက်ရုံပေါင်း ၁၁၄ ရုံရှိပြီး လက်ရှိတွင် အထည်ချုပ်စက်ရုံ ၆၀၆ ရုံသာ လုပ်ငန်းလည်ပတ်လျက်ရှိ

COVID-19 ကြောင့် ပိတ်သွားခဲ့သည့် သို့မဟုတ် ယာယီပိတ်ထားသော စက်ရုံပေါင်း ၁၁၄ ရုံရှိပြီး လက်ရှိတွင် အထည်ချုပ်စက်ရုံ ၆၀၆ ရုံသာ လုပ်ငန်းလည်ပတ်လျက်ရှိကြောင်း မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းက ဒီဇင်ဘာ ၁၁ ရက်က ထုတ်ပြန်သည့် Position Paper ၂၀၂၀ အရ သိရသည်။

 

“မြန်ကူက သူတို့ကောက်ထားတဲ့ စာရင်းကို ကျွန်မတို့က မေတ္တာရပ်ခံပြီး စုစည်းတာပါ။ ဒေတာသုံးခုကို ချိန်ကြည့်တဲ့အခါ နောက်ဆုံးစာရင်းအရ ဆိုရင် စက်ရုံဆိုတာ အထည်ချုပ်တစ်ခုတည်း မဟုတ်ဘူးပေါ့နော်၊ ဖိနပ်၊ အိတ်စက်ရုံတွေလည်း ပါတယ်။ ပိတ်သိမ်းစာရင်းက ၆၄ ရုံ ရှိတယ်။ အဲဒီစာရင်းအရ အလုပ်သမားပေါ့လေ၊ အလုပ်လျှော့တဲ့ စာရင်းက နှစ်သောင်းခွဲလောက် ရှိတယ်။ အဲဒီမှာ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်တဲ့စာရင်းက သူတို့လျော်ကြေးပေးပြီး အပြီးအပိုင် ပိတ်လိုက်တဲ့ စက်ရုံသာလျှင် ထုတ်ပြန် ခြင်းဖြစ်ပါတယ်။ တကယ်လို့ စက်ရုံတစ်ရုံဟာ လျော်ကြေးပေးတဲ့ လုပ်ငန်းစဉ်ထဲမှာ ရှိနေမယ်။ သူတို့ကိုလည်း ပိတ်ဖို့ သတင်းပို့ထားပြီးဖြစ်မယ်ဆိုရင် အဲဒီစာရင်း ဒီမှာ မပါပါဘူး။ အလုပ်သမားစာရင်းဆိုတာကလည်း သူတို့အတိအကျ လျော်ကြေးပေးပြီးသား စာရင်းသာလျှင် ထုတ်ပြန်တဲ့အတွက် လျော်ကြေးတွေ စာရင်းမရှင်းရသေးတဲ့ စက်ရုံတွေစာရင်း မပါပါဘူး။ ပြီးတော့ အလုပ်သမားစာရင်းလည်း မပါပါဘူး။ ဒါကို နားလည်စေချင်ပါတယ်” ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ အတွင်းရေးမှူးဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။

 

အထည်ချုပ်စက်ရုံအများစုသည် ပို့ကုန်အားထားသည့် စက်ရုံများဖြစ်ကြပြီး ညှပ်-ချုပ်-ထုတ် CMP စနစ်ဖြင့် လုပ်ကိုင်နေကြသည်။ အမှာစာများ အတွက် ကုန်ကြမ်းများကိုမူ နိုင်ငံခြားက တင်သွင်း၍ ချုပ်လုပ်လျက် ရှိပြီး ၂၀၁၂ ခုနှစ်မှ ၂၀၁၉ ခုနှစ် အတွင်း စက်ရုံအရေအတွက် တိုးများလာခဲ့ သည်။

 

COVID-19 ကြောင့် စက်ရုံပိတ်သိမ်းသွားသည့်အတွက် ထိခိုက်ခဲ့သည့် အလုပ်သမားများအတွက် မြန်ကူအစီအစဉ်မှ ထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်။ အဆိုပါအစီအစဉ်မှ ပထမလှိုင်းအပြီး အလုပ်ရုံ၊ စက်ရုံ ၁၀၆ခု၊ အလုပ်သမားလေးသောင်းခွဲခန့်ကို ထောက်ပံ့ပေးထားကြောင်းနှင် နောက်ဆုံး စာရင်းများကို မကြာမီ ထုတ်ပြန်မည်ဟု သိရသည်။

 

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းတွင် အသင်းဝင် ၆၀၀ ကျော်အနက် စက်ရုံအနေဖြင့် ၅၀၀ ပင် မပြည့်ကြောင်း၊ အသင်းဝင်များတွင် ပိတ်ရောင်းသည့် စက်ရုံ၊ Printing ပိုင်းလုပ်ကိုင်သည့် စက်ရုံ စသည်ဖြင့် ပါဝင်ကာ စက်ရုံ ၅၃၄ ရုံမှာ လက်ရှိတွင် လည်ပတ်နေဆဲဖြစ်ကြောင်း သိရ သည်။

 

မြန်မာနိုင်ငံရှိ စက်ရုံများတွင်လုပ်ကိုင်နေသော အမှာအားလုံးနီးပါးသည် ညှပ်- ချုပ်-ထုပ် CMP စာချုပ်ဖြင့် လုပ်ကိုင်နေခြင်းဖြစ်ပြီး ဒီဇိုင်းဖန်တီးခြင်း၊ ကုန်ကြမ်းပံ့ပိုးခြင်း၊ ကိုယ်ပိုင်ဂိုထောင်များတွင် ပစ္စည်းသိမ်းခြင်း၊ ချုပ်လုပ်ပြီးအထည်များကို ပို့ပေးခြင်းတို့ကဲ့သို့ ထပ်ဆောင်းဝန်ဆောင်မှုများကို ပြုလုပ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

 

အဆိုပါဝန်ဆောင်မှုများ မပေးခြင်းကြောင့်ရရှိသည့်အမြတ်ငွေမှာ အကန့်အသတ်ရှိနေပြီး ရင်းနှီးမြှုပ်နှံငွေများသော Free on Board (FOB), Own Design Manufacturing (ODM), Own Business Manufacturing (OBM) စာချုပ် အမျိုးအစားများနှင့် လုပ်ကိုင်ရန် အခက်အခဲများရှိနေကြောင်း သိရသည်။

 

#news-eleven

Read 642 times
Rate this item
(0 votes)