What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မြန်မာလုပ်သားများကိုအထည်ချုပ် အပါအ၀င် ပိတ်ပင်ထားသော အလုပ်အကိုင် ၁၂ မျိုး ထိုင်းအစိုးရက ဖြေလျှော့လုပ်ကိုင်ခွင့်ပြု

ထိုင်းနိုင်ငံအတွင်း အ လုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများအပါအ၀င် နိုင်ငံခြားသားလုပ်သားများကို ပိတ်ပင်ထား သည့် အလုပ် ၃၉ မျိုးအနက် ၁၂ မျိုးကို ထိုင်းအစိုးရက ဖြေလျှော့ ၍ လုပ်ကိုင်ခွင့်ပေးခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး သံအမတ်ကြီး ဦးမျိုးမြင့်သန်းက ပြောကြားသည်။


‘‘မြန်မာအပါအ၀င် ကမ္ဘော ဒီးယားတွေရောပေါ့။ အလုပ် ၃၉ မျိုးကထဲကနေ ၁၂ မျိုးကို လျှော့ချလိုက်တာပေါ့။ တချို့ဟာ တွေက သူတို့မလုပ်နိုင်တဲ့ဟာ တွေလေ။ အစက သူတို့ကကာ ကွယ်ထားတာပေါ့။ အခုတော့ခွင့် ပြုသင့်တယ်ဆိုပြီးရောပေါ့’’ ဟု ဦးမျိုးမြင့်သန်းက ပြောကြားသည်။

ဖြေလျှော့လုပ်ကိုင်ခွင့်ပြု သော အလုပ် ၁၂ မျိုးသည် အထွေထွေလုပ်သား၊ ပန်းရန်၊ အထည်ချုပ်၊ လက်သမား၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊သစ်ထုတ်လုပ်ရေး၊ မြေအိုးလုပ်ငန်း၊ ဓားလုပ်ငန်း၊ မြို့ပြအင်ဂျင် နီယာ၊ စာရင်းအင်းဆိုင်ရာ လုပ်ငန်းနှင့် မွေ့ရာနှင့် ပရိဘောဂလုပ် ငန်းတို့ ဖြစ်သည်။

‘‘အခုတော့ တော်တော်လေး တိုးမြှင့် လုပ်ကိုင်ခွင့်ပေးလိုက်တာ ပေါ့။ မြို့ပြအင်ဂျင်နီယာနဲ့ စာရင်းအင်းဆိုင်ရာ လုပ်ငန်းတွေမှာ အတတ်ပညာနဲ့ ဆိုင်တဲ့အလုပ် ဆို လုပ်ခွင့်မရှိပြန်ဘူး’’ ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာရွှေ့ပြောင်းအ လုပ်သမားကွန်ရက်(MMNT) အထွေထွေအတွင်းရေးမှူး ဦးမိုး ကြိုးက ပြောသည်။

ထို့အပြင် ထိုင်းနိုင်ငံ ယဉ်ကျေးမှုဆိုင်ရာ အလုပ်အကိုင်ကိုးမျိုး ဖြစ်သည့် ဈေးအရောင်းအ၀ယ်၊ ပန်းပု၊ ပန်းပွတ်၊ ဆံပင်အလှ ဆင်၊ ကျောက်မျက်ရတနာအလှ ဆင်၊ ခရီသွားလမ်းညွှန်၊ ရိုးရာ အနှိပ်လုပ်ငန်း၊ ယာဉ်မောင်းနှင့် ရှေးဟောင်းပစ္စည်းလုပ်ငန်းတို့ကို ပြည်ပလုပ်သားများကို လုပ်ကိုင်ခွင့်တားမြစ်ထားကြောင်း ဦးမိုးကြိုးက ဆက်လက်ပြောသည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်း မြန်မာလုပ်သား လေးသန်းကျော် အလုပ်လုပ်ကိုင်နေရာ အများစုသည် ရေလုပ်သား၊ ငါး၊ ပုစွန်စက်ရုံနှင့် အထည်ချုပ်စက် ရုံများ တွင် လုပ်ကိုင်နေသည်။

ထိုင်းနိုင်ငံအတွင်း အလုပ် လုပ်ကိုင်နေသော မြန်မာလုပ် သားများအနေဖြင့် ဇူလိုင် ၁ ရက် ကစတင်၍ တရားမ၀င်နေထိုင် အလုပ်လုပ်ကိုင်ခြင်း စစ်ဆေး တွေ့ရှိပါက ဒဏ်ငွေပေးဆောင် ရမည့်အပြင် အမိနိုင်ငံသို့ ပြန်ပို့ ခံရမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက ဇွန် လ ၁၂ ရက်တွင် ထုတ်ပြန်ထား သည်။

သို့သော် ထိုင်းအစိုးရက ဇူ လိုင် ၁ ရက် မရောက်မီ ဇွန်လ တတိယပတ်ကတည်းက တရားမ၀င်လုပ်သားများကို ဖမ်းဆီးစစ်ဆေးနေသည်။

7day daily

Read 1092 times
Rate this item
(0 votes)