What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စက်မှုဇုန် ကျူးကျော်ပြဿနာ ပြေလည်သွားနိုင်မလား

စက်မှုဇုန်များတွင် ကျူးကျော်များကို ဖယ်ရှားစေလိုသည့်အခါ ငွေညှစ်တောင်းခံမှုများကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်များ နှောင့်နှေးရခြင်း၊ ရပ်ဆိုင်းရခြင်း၊ ရုပ်သိမ်းရခြင်းများ ဖြစ်ပွားနေခဲ့သည်မှာ နှစ်ပေါင်းအတော်ကြာပြီ ဖြစ်သည်။

 

စက်ရုံပေါက်ဝ ပိတ်ဆို့ ငွေညှစ်ခြင်း
*******************
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များတွင် ဖြစ်ပေါ်နေသော ကျူးကျော်၊ ခြိမ်းခြောက် မှုများနှင့် ပတ်သက်၍ စက်မှုဇုန်တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီတို့ တွေ့ဆုံဆွေးနွေးပွဲတွင် စက်မှုဇုန်များတွင် ကျူးကျော်၊ ခြိမ်းခြောက်ငွေတောင်းနေ သူများအကြောင်းကို လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီမှ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးနေလင်းဇင်က “ကျူးကျော်ပြဿနာဆိုတာက မိမိဘာသာ နေရာမရှိလို့ ကျူးတာမျိုးမဟုတ်ဘဲ စက်မှုဇုန်တွေမှာ စက်ရုံ လုပ်ငန်းတွေရဲ့ ဝင်ပေါက်ဝတွေကို ပိတ်ဆို့ပြီးတော့ အုပ်စုဖွဲ့ပြီးရန်ပြုငွေကြေး တောင်းခံတဲ့ကိစ္စတွေကတိုင်းအနှံ့မှာရှိတဲ့ စက်မှု ဇုန်တော်တော် များများဖြစ်နေပါတယ်။ စက်မှုဇုန်တွေဝယ်တဲ့အခါ ကျတော့ ခြံစည်းရိုးခတ်တယ်။ တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ပါတယ်။ အဲဒီလို လုပ်တဲ့အခါမှာ အမည်မသိသူတွေ ရောက် လာပြီး ပိတ်ဆို့ပြီး ငွေကြေးအကျပ်ကိုင် ခြိမ်းခြောက်ပြီးတောင်း တဲ့ အပိုင်းတွေရှိပါတယ်” ဟု ပြောကြားသည်။

ဝန်ကြီးချုပ်၏ ပြောကြားချက်
*******************

 

မေလ (၉) ရက်နေ့ Novotal Hotel တွင် ကျင်းပပြုလုပ်သည် Yangon Investment Forum 2018 တွင်ရန်ကုန်တိုင်း ၀န်ကြီး ဦးဖြိုးမင်းသိန်းမှ ရန်ကုန်မြို့ရှိ ကျူးကျော်နေထိုင်မူ ပြဿနာ ကို ပြောကြားခဲ့သည်။

“ကျူးကျော်နေထိုင်သူတွေဟာ ရန်ကုန်မြို့ရဲ လူသား အရင်းအမြစ်တွေ ဖြစ်ပါတယ်။သူတိုရဲ့ လူမူဘ၀ကို မြှင့်တင်ပေးလိုက်မယ်ဆိုရင် လူနေမူ အဆင့်အတန်းတွေ မြင့်မားလာမှာဖြစ်ပါတယ်။ကျွန်တော်တို့ စာရင်းကောက်ထားတာ ရှိပါတယ်။ ကျွန်တော်တို့ ကောက်ခံရတဲ့စာရင်းအရ အိမ်ဝယ်လိုသူ လူဦးရေ တစ်သိန်းခွဲရှိပါတယ် ဒါအင်မတန် ကြီးမားတဲ့ ဈေးကွက်ဖြစ်ပါတယ်။ တစ်သိန်းခွဲသော အိမ်ထောင်စုတွေကို တိုက်ခန်း တစ်လကို ခြောက်သောင်း ၊ ခုနှစ်သောင်းလောက်နဲ့ အနှစ်(၃၀) ရောင်းချမူ ပုံစံနဲ လာရောက်ရင်နှီးမြှုပ်နှံမူပြုလုပ်မယ်ဆိုရင် တိုက်ခန်း တစ်သိန်းခွဲလောက် ၀ယ်လိုအား အဆင်သင့်ရှိနေပါတယ်။ ကျွန်တော်တို့ ဒီလူတွေကို စာရင်းကောက်ထားတယ် အခြေအနေအရ တစ်လကို ခြောက်သောင်း ၊ ခုနှစ်သောင်း ပေးနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ တစ်ထိုင်တည်း တစ်လုံးတစ်ခဲတည်း ပေးချေနိုင်မှာ မဟုတ်ပါဘူး။ ဒီအခြေအနေတစ်ခု ဖြစ်လာအောင် ကျွန်တော်တို့ အစိုးရအနေနဲ့ ပြင်ဆင်ကြိုးစားနေပါတယ်။ ဒီအတွက် ရင်းနှီး မြှုပ်နှံခြင်းတဲ့ အာဆီယံအကြီးဆုံး ကုမ္ပဏီတွေက ဆက်သွယ်ထားပါတယ်”

 

 

Myanmar Times မှ သတင်းတစ်ပုဒ်တွင် ဤသို့ ဖော်ပြထားသည်။

လှိုင်သာယာ စက်မှုဇုန် ဝန်ထမ်းအိမ်ရာ စီမံကိန်း 
ကျူးကျော် နေထိုင်သူများကြောင့် ကြန့်ကြာနေ
*****************************

လှိုင်သာယာ စက်မှုဇုန် ဝန်ထမ်းများအတွက် စက်မှုဇုန်အနီးတွင် တည်ဆောက်ပေးနေသည့် ဝန်ထမ်းအိမ်ရာ စီမံကိန်းမှာ ယင်းမြေပေါ်တွင် ကျုးကျော် နေထိုင်သူများ ရှိနေဆဲဖြစ်သဖြင့် တည်ဆောက်မှု ကြန့်ကြာနေကြောင်း လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောသည်။ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက မြေငှားရမ်း တည်ဆောက်ခြင်း ဖြစ်ပြီး လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်များရှိ စက်မှုဇုန်များ အနီးတစ်ဝိုက်တွင် ဝန်ထမ်းအိမ်ရာများကို တည်ဆောက်ရန် လျာထားသော်လည်း ထိုစက်မှုဇုန်များ အနီးရှိ ဝန်ထမ်းအိမ်ရာ တည်ဆောက်မည့် မြေနေရာများပေါ်တွင် ကျုးကျော် တဲအိမ်များ ရှိနေသည့်အတွက် ညှိနှိုင်းကာ ဖယ်ရှားနေဆဲဖြစ်ပြီး လုပ်ငန်းများကို စတင်နိုင်ခြင်း မရှိသေးကြောင်း ၎င်းက ပြောသည်။ “ကျုးကျော်တဲတွေကို ဖယ်ဖို့ညှိတာ သူတို့က သိန်း ၁၅၀ တောင်းပေမယ့် နောက်ဆုံး တဲတစ်တဲကို ၄၅ သိန်းပေးပြီး လှိုင်သာယာဘက်မှာ ရှင်းနေရတယ်။ ရွှေပြည်သာဘက်ကတော့ ကျုးကျော်တွေ ရှိနေလို့ ဆောက်လို့ မရသေးပါဘူး” ဟု ဦးမြတ်သင်းအောင်က ပြောသည်။ ရွှေလင်ပန်းနှင့် လှိုင်သာယာ စက်မှုဇုန်ရှိ အလုပ်သမားများအတွက် ၁၆ ဧက ကျယ်ဝန်းသည့် မြေနေရာပေါ်တွင် ၁၂ ခန်းတွဲ ငါးထပ်တိုက် အလုံးပေါင်း ၂၆ လုံးဖြင့် အခန်းပေါင်း ၁,၅၆၀ ထွက်ရှိစေရန် တည်ဆောက်သွားမည်ဖြစ်ပြီး အခန်းပေါင်း ၄၈၀ ကို ဦးစွာ တည်ဆောက်နေခြင်း ဖြစ်သည်။ စီမံကိန်းဧရိယာ အကျယ်အ၀န်းအဖြစ် ၁၆ ဧက ခွင့်ပြုထားသော်လည်း ကျုးကျော်တဲအိမ်များကို ညှိနှိုင်းဖယ်ရှား ရှင်းလင်းနေရသဖြင့် ဩဂုတ်လလဆန်းအထိ မြေနှစ်ဧက ပေါ်တွင်သာ တည်ဆောက်ရေး လုပ်ငန်းများကို လုပ်ကိုင်နိုင်ကြောင်း ၎င်းက ပြောသည်။

 

 

kyu kyaw

Read 918 times
Rate this item
(0 votes)