What's new

×

Warning

JUser: :_load: Unable to load user with ID: 846


မြန်မာနိုင်ငံရှိ အထည်ချုပ်၊အထည်အလိပ် လုပ်ငန်းနှင့် အနာဂတ်ခန့်မှန်းချက်များ

၁. ကောင်းမွန်သော အနာဂတ် အလားအလာ

MGMA ၏ ၁၀နှစ်စာ မဟာဗျူဟာတွင်- လုပ်ငန်းပတ်ဝန်းကျင် တိုးတက်မှု၊ နည်းပညာနှင့် သင်တန်းများ ပိုမို ကောင်းမွန်မှု၊ ဒေသတွင်း Supply chain များဖန်တီးပြီး ၊ပြည်တွင်းထုတ် အ၀တ်အထည်များဖန်တီးခြင်း ၊ မြန်မာပြည်အတွင်း ၀င်ငွေအကောင်းဆုံး လုပ်ငန်းအဖြစ်ဖန်တီးခြင်း၊ ကမ္ဘာ့ဈေးကွက်တွင်းကို အရည်အသွေးမြင့် ထုတ်ကုန် အဖြစ် ၀င်ရောက်မှုနှင့် အရည်အသွေးအဓိကထားသည် ထုတ်ကုန်များ ဖန်တီးခြင်းတို့ပါဝင်ပါသည်။ အဆိုပါ မဟာဗျူဟာအရ လုပ်ငန်းများသည် US$ 8-10 ဘီလီယံအထိ ရောက်ရှိမည့် ပို့ကုန်ကဏ္ဍကို ဖန်တီးနိုင်ပြီး၊ လုပ်သားပေါင်း ၁-၁.၅ မီလီယံအထိ ၂၀၂၀ တွင်အလုပ်ခန့်သွားနိုင်မည် ဟုမှန်းထားသည်။

ယင်းအပြင် အထည်ချုပ်နှင့် အထည်အလိပ်လုပ်ငန်းမှာ မြန်မာနိုင်ငံမှ တင်သွင်းသည့်ပို့ကုန်ကဏ္ဍတွင် အရေးအပါဆုံး ကဏ္ဍ ၇ မျိုးထဲတွင် ပါဝင်သည်။

၂၀၀၀ခုနှစ် အစောပိုင်းတွင်၊ မြန်မာနိုင်ငံ၏ အထည်အလိပ်လုပ်ငန်းမှာ တိုးတက်နေပြီး၊ US မှာ ၆၅%သော ပို့ကုန်ကို လက်ခံနေသော နိုင်ငံဖြစ်သည်။ ၂၀၀၃ခုနှစ်တွင် နိုင်ငံတကာပိတ်ဆို့မှုနှင့် အခွန်စနစ်ကြောင့်၊ အထည် ချုပ်လုပ်ငန်းများကို သိသိသာသာ သက်ရောက်မှုရှိသည်။ ၂၀၁၆ခုနှစ် US စီးပွားရေးပိတ်ဆို့မှု ဖြေလျော့လိုက်မှု ကြောင့်၊ US သို့တင်ပို့မှု တဖန်အသက်ဝင်လာမည်ဟု မျှော်မှန်းထားကြသည်။

၂. အထည်ချုပ်နှင့် အထည်အလိပ်လုပ်ငန်း ကဏ္ဍတွင် လုပ်သားအင်အားတိုးတက်လာမှု

ငယ်ရွယ်ပြီး၊ လုပ်သားအင်အားများပြားကာ၊ အခြေခံလစာနည်းပါတဲ့အတွက် မြန်မာနိုင်ငံသည် အထည်ချုပ် ကဏ္ဍအောင်မြင်ရန် အချက်တစ်ချက်အနေနဲ့ပါဝင်ပါသည်။ MGMA ၏ခန့်မှန်းချက်အရ မြန်မာနိုင်ငံသည် လုပ်သားပေါင်း ၁.၅ မီလီယံအထိ ခန့်အပ်နိုင်ပြီး၊ ၂၀၁၆ ထက် ၄-၅ဆများလာနိုင်သည်။ ဖြစ်နိုင်ချေရှိသော ပြသနာမှာ ရန်ကုန်မြို့တွင်းတွင် စရိတ်များပြားမှုကြောင့် အလုပ်ထွက်သည့်နှုန်းများပြားနိုင်ပြီး၊ ကျွမ်းကျင်လုပ် သားနည်းပါးသည့် ပြသနာကြုံတွေ့နိုင်သည်။

နောက်ထပ်ကြုံတွေ့နိုင်သည့် ပြသနာမှာ အလုပ်သမားအခွင့်အရေးကို အလေးမထားမှုနှင့် ဒေသတွင်း၊ နိုင်ငံတကာ ကုမ္ပဏီများမှာ ပတ်ဝန်းကျင်၊ နှင့်အခြား Social တာဝန်များကိုဂရုမစိုက်ခြင်းတို့ ပါဝင်ပါသည်။

 

Read 2987 times
Rate this item
(1 Vote)