What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကရုဏာရှေ့ထားပြီး စီးပွားရေး လုပ်ကြဖို့ ပန်ကြား

အိန္ဒိယနိုင်ငံမှ အထည်အလိပ်ဝန်ကြီးဌာန ဝန်ကြီးနဲ့ အဝတ်အစား ပြည်ပပို့ကုန် လုပ်ငန်းရှင်များက

ကမ္ဘာ့ အဝတ်အစား ဝယ်ယူသူတွေကို ကရုဏာရှေ့ထားပြီး စီးပွားရေး လုပ်ကြဖို့၊ အမှာစာများကို မရုပ်သိမ်းဖို့ ဗီဒီယို ထုတ်လွှင့်မှုမှတစ်ဆင့် ပန်ကြားလိုက်ပါတယ်။

အထည်အလိပ်ဝန်ကြီးဌာန ဝန်ကြီး Smriti Zubin Irani က ndia’s Apparel Export Promotion Council (AEPC) ကိုယ်စား ဗီဒီယိုပန်ကြားလွှာမှာ ပြောကြားခဲ့တာ ဖြစ်ပြီး ကမ္ဘာကျော် အမှတ်တံဆိပ်များ၊ လက်လီအရောင်းလုပ်ငန်းကြီးများက တိုင်းပြည်ရဲ့ ပြည်ပပို့ကုန်ကို ထောက်ကူဖို့ တောင်းဆိုလိုက်ပါတယ်။
“ကမ္ဘာကြီးဟာ မိသားစုတစ်ခုလို့ အိန္ဒိယက အမြဲ ယုံကြည်ပါတယ်။ လူ့သမိုင်းမှာ အခုလို အဖြစ်မျိုး မကြုံခံဖူးဘူး။ သဘောတရားအမြင်တွေ မှန်ကန်ရဲ့လားဆိုတာ မှတ်ကျောက်တင်တယ်” လို့ သူမက ပြောပါတယ်။
“ဒီနေ့ ကျွန်မက ဝယ်လက်ဖက်ရှင်တိုက်တွေကို ပန်ကြားပါတယ်။ အိန္ဒိယနိုင်ငံ အထည်အလိပ်နဲ့ အဝတ်အစားလုပ်ငန်းကဏ္ဍမှ ဝယ်ယူသူတွေကို ပန်ကြားပါတယ်။ ကျွန်မတို့တတွေ ကရုဏာရှေ့ထားပြီး စီးပွားရေး လုပ်ကြတယ်ဆိုတာ ကမ္ဘာကို ပြသကြရအောင်။ မှာကြားထားပြီးသာ အမှာစာကို မရုပ်သိမ်းပါနဲ့။ ပေးပို့ရမယ့် အချိန်ဇယားကို ပြန်ရေးဆွဲလို့ ရပါတယ်။ ငွေချေမယ့် အစီအစဉ်ကိုလည်း ရက်ထပ်တိုးလို့ ရပါတယ်။ ကျွန်မတို့ အတူတကွ လုပ်ကိုင်ကြမယ်ဆိုရင် ကျွန်မ ထပ်မံပန်ကြားပါတယ်။ အမှာစာတွေကို မပယ်ဖျက်ပါနဲ့”

high street ဖက်ရှင်ထည်တွေ လက်လီရောင်းတဲ့ လုပ်ငန်းကြီးတွေက အမှာစာတွေကို ရုပ်သိမ်းခဲ့ကြတယ်။ ပေးချေစရာ ရှိတာတွေကိုလည်း အချိန်ရွှေ့ဆိုင်းလိုက်ကြတယ်။ ကမ္ဘာတစ်လွှားမှာ ရှိတဲ့ သူတို့ရဲ လက်လီအရောင်းဆိုင်တွေ ပိတ်ထားရလို့ အခက်ကြုံနေတယ်။

အမေရိကန်အခြေစိုက် ဖက်ရှင်ထည် လက်လီအရောင်းလုပ်ငန်းကြီး Primark က သူ့ရဲ့ ဆိုင်တွေကို မတ်လ ၂၂ ရက်မှာ ကိုဗစ်ကြောင့် ပိတ်ထားလိုက်ရပြီးချိန်မှာ သူ့ရဲ့ အမှာစာတွေ အကုန်လုံးကို ရုပ်သိမ်းခဲ့တယ်။ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာ၊ ဗီယက်နမ်တို့မှာ အမှာစာတွေ ရုပ်သိမ်းခဲ့ပြီး အလုပ်သမားတွေ လစာပေးဖို့အတွက် ရန်ပုံငွေတစ်ရပ် ထူထောင်တယ်။
အခြား ကမ္ဘာ့ဝယ်လက်တွေက လုပ်လက်စ အမှာစာတွေကို ရုပ်သိမ်းလိုက်တာ၊ ပေးချေဖို့ကို ရက်ရွှေ့ဆိုင်းတာတွေ လုပ်ခဲ့ကြတာအတွက် ဖြေရှင်းနိုင်ဖို့ ကြိုယ်စားလှယ် ကိုးဦး ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ဖြင့် ကမ္ဘောဒီးယား၊ မြန်မာ၊ ပါကစ္စတန်၊ ဗီယက်နမ်၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်တို့က ပူးတွဲကြိုးပမ်းမှုတစ်ရပ်ကို လုပ်ဆောင်နေကြတယ်။

just-style.com

က႐ုဏာေရွ႕ထားၿပီး စီးပြားေရး လုပ္ၾကဖို႔ ပန္ၾကား

အိႏိၵယႏိုင္ငံမွ အထည္အလိပ္၀န္ႀကီးဌာန ၀န္ႀကီးနဲ႔ အ၀တ္အစား ျပည္ပပို႔ကုန္ လုပ္ငန္းရွင္မ်ားက ကမာၻ႔ အ၀တ္အစား ၀ယ္ယူသူေတြကို က႐ုဏာေရွ႕ထားၿပီး စီးပြားေရး လုပ္ၾကဖို႔၊ အမွာစာမ်ားကို မ႐ုပ္သိမ္းဖို႔ ဗီဒီယို ထုတ္လႊင့္မႈမွတစ္ဆင့္ ပန္ၾကားလိုက္ပါတယ္။

အထည္အလိပ္၀န္ႀကီးဌာန ၀န္ႀကီး Smriti Zubin Irani က ndia’s Apparel Export Promotion Council (AEPC) ကိုယ္စား ဗီဒီယိုပန္ၾကားလႊာမွာ ေျပာၾကားခဲ့တာ ျဖစ္ၿပီး ကမာၻေက်ာ္ အမွတ္တံဆိပ္မ်ား၊ လက္လီအေရာင္းလုပ္ငန္းႀကီးမ်ားက တိုင္းျပည္ရဲ႕ ျပည္ပပို႔ကုန္ကို ေထာက္ကူဖို႔ ေတာင္းဆိုလိုက္ပါတယ္။
“ကမာၻႀကီးဟာ မိသားစုတစ္ခုလို႔ အိႏိၵယက အၿမဲ ယုံၾကည္ပါတယ္။ လူ႔သမိုင္းမွာ အခုလို အျဖစ္မ်ဳိး မၾကံဳခံဖူးဘူး။ သေဘာတရားအျမင္ေတြ မွန္ကန္ရဲ႕လားဆိုတာ မွတ္ေက်ာက္တင္တယ္” လို႔ သူမက ေျပာပါတယ္။
“ဒီေန႔ ကၽြန္မက ၀ယ္လက္ဖက္ရွင္တိုက္ေတြကို ပန္ၾကားပါတယ္။ အိႏိၵယႏိုင္ငံ အထည္အလိပ္နဲ႔ အ၀တ္အစားလုပ္ငန္းက႑မွ ၀ယ္ယူသူေတြကို ပန္ၾကားပါတယ္။ ကၽြန္မတို႔တေတြ က႐ုဏာေရွ႕ထားၿပီး စီးပြားေရး လုပ္ၾကတယ္ဆိုတာ ကမာၻကို ျပသၾကရေအာင္။ မွာၾကားထားၿပီးသာ အမွာစာကို မ႐ုပ္သိမ္းပါနဲ႔။ ေပးပို႔ရမယ့္ အခ်ိန္ဇယားကို ျပန္ေရးဆြဲလို႔ ရပါတယ္။ ေငြေခ်မယ့္ အစီအစဥ္ကိုလည္း ရက္ထပ္တိုးလို႔ ရပါတယ္။ ကၽြန္မတို႔ အတူတကြ လုပ္ကိုင္ၾကမယ္ဆိုရင္ ကၽြန္မ ထပ္မံပန္ၾကားပါတယ္။ အမွာစာေတြကို မပယ္ဖ်က္ပါနဲ႔”

high street ဖက္ရွင္ထည္ေတြ လက္လီေရာင္းတဲ့ လုပ္ငန္းႀကီးေတြက အမွာစာေတြကို ႐ုပ္သိမ္းခဲ့ၾကတယ္။ ေပးေခ်စရာ ရွိတာေတြကိုလည္း အခ်ိန္ေရႊ႕ဆိုင္းလိုက္ၾကတယ္။ ကမာၻတစ္လႊားမွာ ရွိတဲ့ သူတို႔ရဲ လက္လီအေရာင္းဆိုင္ေတြ ပိတ္ထားရလို႔ အခက္ၾကံဳေနတယ္။

အေမရိကန္အေျခစိုက္ ဖက္ရွင္ထည္ လက္လီအေရာင္းလုပ္ငန္းႀကီး Primark က သူ႔ရဲ႕ ဆိုင္ေတြကို မတ္လ ၂၂ ရက္မွာ ကိုဗစ္ေၾကာင့္ ပိတ္ထားလိုက္ရၿပီးခ်ိန္မွာ သူ႔ရဲ႕ အမွာစာေတြ အကုန္လုံးကို ႐ုပ္သိမ္းခဲ့တယ္။ ဘဂၤလားေဒ့ရွ္၊ ကေမာၻဒီးယား၊ အိႏိၵယ၊ ျမန္မာ၊ သီရိလကၤာ၊ ဗီယက္နမ္တို႔မွာ အမွာစာေတြ ႐ုပ္သိမ္းခဲ့ၿပီး အလုပ္သမားေတြ လစာေပးဖို႔အတြက္ ရန္ပုံေငြတစ္ရပ္ ထူေထာင္တယ္။
အျခား ကမာၻ့၀ယ္လက္ေတြက လုပ္လက္စ အမွာစာေတြကို ႐ုပ္သိမ္းလိုက္တာ၊ ေပးေခ်ဖို႔ကို ရက္ေရႊ႕ဆိုင္းတာေတြ လုပ္ခဲ့ၾကတာအတြက္ ေျဖရွင္းႏိုင္ဖို႔ ႀကိုယ္စားလွယ္ ကိုးဦး ပါ၀င္တဲ့ အဖြဲ႕တစ္ဖြဲ႕ျဖင့္ ကေမာၻဒီးယား၊ ျမန္မာ၊ ပါကစၥတန္၊ ဗီယက္နမ္၊ တ႐ုတ္၊ ဘဂၤလားေဒ့ရွ္တို႔က ပူးတြဲႀကိဳးပမ္းမႈတစ္ရပ္ကို လုပ္ေဆာင္ေနၾကတယ္။
just-style.com

 

 

 

 

Read 814 times
Rate this item
(0 votes)