What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အထည်ချုပ် ကဏ္ဍက အလုပ်သမားအချို့ အနည်းဆုံး အခကြေးငွေ ၄၈၀၀ အပြည့်အဝရရှိခြင်းမရှိသေး

အနည်းဆုံးအခကြေးငွေ ဥပဒေအရ သတ်မှတ်ပြဌာန်းထားသည့် လုပ်သမား တစ်ဦးအတွက် အနည်းဆုံးအခကြေးငွေမှာ ၄၈၀၀ ကျပ် သတ်မှတ်ထားပြီး

အထည်ချုပ် ကဏ္ဍက အလုပ်သမားများအနေဖြင့် အဆိုပါ အနည်းဆုံးအခကြေးငွေ ၄၈၀၀ ကျပ်ပင်ပြည့်မှီအောင် မရရှိကြခြင်း များရှိနေသေးတယ်လို့ အလုပ်သမားရေးဆောင်ရွက်သူတွေက ပြောပါတယ်။

"ဒီ ၄၈၀၀ ကျပ်တောင်ပြည့်မှီအောင် မရရှိသေးတာ မပေးသေးတာတွေရှိတယ်လို့ကျွန်တော်တို့သိရတယ်။ဒါ ဥပဒေအရဆိုရင်တော့တရားမဝင်ဘူးပေါ့နော်။ဥပဒေအရလည်းခွင့်ပြုလို့မရပါဘူး။၄၈၀၀ လို့သတ်မှတ်ပြီးရင်မဖြစ်မနေပေးဖို့တာဝန်ကအလုပ်ရှင်မှာရှိတယ်။ဒီလိုဘဲ ၄၈၀၀ တောင်မရဘူးဆိုရင်ဥပဒေနဲအညီတိုင်ကြားဖို့က နစ်နာသူတွေမှာတာဝန်ရှိတယ်။၄၈၀၀ ပြည့်မှီခြင်းမရှိလို့တိုင်ကြားခြင်းကိုလက်ခရံရှိသည့်အဖွဲ့အစည်းတွေကလည်း ဖြေရှင်းပေးရမဲ့တာဝန်တွေရှိတာပေါ့။လတ်တလောအားဖြင့်ကိုဗစ်ကာလမှာအခက်အခဲတွေရှိတယ်ဆိုရင်ဒီအခက်အခဲတွေကို ဘယ်လိုကျော်လွှာကြးမလဲစဉ်းစားရမှာဖြစ်ပါတယ်။အဲ့ဒီလိုမဟုတ်ဘဲ အဆင်မပြေလို့ အကျပ်အတည်းတွေရှိလို့ဆိုပြီးမလိုက်နာလို့မရပါဘူး"လို့ (MICS) အဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်ကပြောပါတယ်။
အနည်းဆုံးအခကြေးငွေနှင့်ပတ်သက်၍ ဌာနဆိုင်ရာများမှစည်းကြပ်မှုအားနည်းနေကြောင်း ပြောလို့ရသည့်အခြေအနေရှိပြီး ဝန်ထမ်းအင်အားမမျှတခြင်းကြောင့်လည်း ယခုကဲ့သို့ကိုင်တွယ်မှုအားနည်းရခြင်းဖြစ်ကြောင်း၎င်းကပြောပါတယ်။
"အနည်းဆုံးအခကြေးငွေ ၄၈၀၀ ကျပ်ကိုစ ဝင်တဲ့အချိန်တုန်းက ပေးတဲ့စက်ရုံလဲရှိ တယ်။လုံးဝမပေးတဲ့စက်ရုံလဲရှိတယ်။ကိုဗစ်ကာလအတွင်းမှာ ၄၈၀၀ ကျပ်ကိုမပေးနိုင်တော့ ရာခိုင်နှုန်း နဲ့ ၅၀ ရာခိုင်နှုန်း ၇၀ ရာခိုင်နှုန်းပေးတာတွေရှိတယ်။ကိုဗစ်ကာလမှာအလုပ်ရှင်ကမဆင်းခိုင်းလို့မဆင်းရတဲ့အလုပ်သမားတွေရှိတယ်။အလုပ်သမားကသူ့သဘောနဲ့သူအလုပ်မလာတာမဟုတ်ဘဲ လုပ်ငန်းရှင်ကမဆင်းခိုင်းလို့မဆင်း
တာ။ဥပဒေအရ အလုပ်သမားကအလုပ် မလာတာမဟုတ်ဘဲ အလုပ်ရှင်က အလုပ်မပေးနိုင်တဲ့ကာလမှာ အနည်းဆုံးအခကြေးငွေနဲ့လစာပေးရမယ်။အဲ့ဒါကိုမပေးတာတွေလည်းများတယ်။အနည်းဆုံးအခကြေးငွေ ၄၈၀၀ကျပ် ကိုအခုချိန်ထိမရသေးတဲ့စက်ရုံတွေလဲရှိသေးတာဘဲ"လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်မြန်မာ (STUM)မှ စည်းရုံးရေးမှူးဦးချမ်းမြေ့ကပြောပါတယ်။
ကုန်ကြမ်းယူ၊ ကုန်ချောပေး၊ လက်ခစားနစ်ဖြင့် လုပ်ကိုင်သည့် CMP လုပ်ငန်းများအနေဖြင့် ကိုဗစ်ကာလမှာ ကုန်ကြမ်းမရရှိခြင်း ကုန်ချောတင်ပို့ရန်အခက်အခဲရှိခြင်းများကြောင့် စက်ရုံအများအပြားပိတ်ခဲ့ကြပြီး ဥရောပသမဂ္ဂ၏အထောက်အပံ့ဖြစ်သောမြန်ကူအရေးပေါ်ရန်ပုံငွေအဖွဲ့က အထည်ချုပ်က ဏ္ဍမှာ အလုပ်လက်မဲ့ဖြစ်နေသောအလုပ်သမားခြောက်သောင်းခန့်ကို ထောက်ပံ့ကူညီခဲ့တယ်လို့ သိရပါတယ်။
MyanmarLabourNews

Read 1099 times
Rate this item
(0 votes)