What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စက်ရုံ၊အလုပ်ရုံများရှိ Quarantine ဝင်ရသည့်အလုပ်သမားများအား မကျန်းမာမှုခွင့်နှင့်လူမှုဖူလုံရေးမှ ၆၀ ရာခိုင်နှုန်းထောက်ပံ့မည်

စက်ရုံ ၊ အလုပ်ရုံများတွင် Covid-19 သံသယဖြင့် Quarantine ဝင်နေရသည့် အလုပ်သမားများအား မကျန်းမာမှုခွင့်နှင့် လူမှုဖူလုံရေးအထောက်ပံ့ ၆၀ ရာခိုင်နှုန်း ရရှိမည်ဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့မှ သိရပါတယ် ။

" အလုပ်သမားတွေ Quarantine ဝင်တဲ့လူတွေကို လုပ်ငန်းခွင် မဝင်ရောက်ရတဲ့ကာလ တွေကို မကျန်းမာမှုဆေးခွင့် အဖြစ် ကျွန်မတို့ သက်မှတ်ပေးတယ်။သူတို့ နောက်ဆုံး ထည့်ဝင်ကြေးပေး သွင်းထားတဲ့ လုပ်ခလစာပေါ် မူတည်ပြီး ၆၀ ရာခိုင်နှုန်းကို ထုတ်ပေးနေပါတယ်"ဟု လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းနုက ပြောပါတယ် ။

 

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များ၌ Covid-19 လူနာများ တွေ့ရှိလာရပြီးနောက် အလုပ်သမားများ Quarantine ဝင်နေရသည့် အတွက် ၎င်းတို့ ကုန်ကျစရိတ်နှင့် လုပ်ခလစာများကို အလုပ်ရှင်ဘက်မှ ကျခံပေးရန် အလုပ်သမားများမှ မေတ္တာရပ်ခံလျက် ရှိပါတယ်။

 

" သူတို့ Quarantine ဝင်နေရတာ မကျန်းမာတဲ့ အ ခြေအ နေမျိုး မိုလို့ လူမှုဖူလုံရေးက လုပ်လို့ရသ လောက် အကုန်လုပ်ပေးထားပြီး အကုန်လုပ်ပေး ၊ လူမှုဖူလုံရေးက လုပ်လို့ရသ လောက် အကုန်လုပ်ပေးနေပါတယ် ။ လုပ်ငန်းရှင်တွေ အလုပ်သမားတွေက လူမှုဖူလုံကြေး ထည့် သွင်းထားခဲ့ကြတယ် အခုလိုသူတို့ဒုက္ခရောက်နေချိန် လူမှုဖူလုံရေးရံပုံငွေနဲ့ ဆောင်ရွက်ပေးနေပါတယ်"ဟု ဒေါ်သန်းသန်းနုက ထပ်လောင်းပြောကြားပါတယ်။

 

ရောဂါကူးစက်ခြင်းခံရ သော အလုပ်သမားများ Quarantine ဝင်ရောက်နေစဉ်ကာလ အတွင်း စိတ်အေးချမ်းစွာ နေထိုင်ရေးအတွက် ကုန်ကျစရိတ်နှင့်လုပ်ခလစာကို တာဝန်ယူမည်ဟု လှိုင်သာမြို့နယ်ရွှေလင်ဗန်းစက်မှုဇုန်ဥက္ကဌ ဦးအေးသောင်းမှ သတင်းမီဒီယာများကိုပြောကြားခဲ့ပါသေးတယ်။

 

Source_လူမှုဖူလုံရေးအဖွဲ့။

Read 772 times
Rate this item
(0 votes)