What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရန်ကုန်တိုင်းဒေသကြီးမှလွဲပြီးကျန်တိုင်းဒေသကြီး၊ ပြည်နယ်များရှိ CMP စက်ရုံလုပ်ငန်းမှ အလုပ်သမားများလူမှုဖူလုံရေးအထောက်အပံ့မရရှိဟုဆို

ရန်ကုန်တိုင်း ဒေသကြီး Stay at Home ကာလပိတ်ရက်များအတွက်အလုပ်သမားများအား လူမှုဖူလုံရေးမှ လစာ၏ ၄၀ရာခိုင်နှုန်းထောက်ပံ့မည်ဖြစ်ကြောင်း အစိုးရမှကြေညာခဲ့သော်လည်း ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်များတွင် စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၇ ရက်အထိ

အလုပ်ပိတ်ထားခဲ့ခြင်းများနှင့်ပတ်သက်၍ဖူလုံရေးကြေးပေးရန်ကြေညာခြင်းမရှိသေးကြောင်အလုပ်သမားအချင်းချင်းရိုင်းပင်းကူညီရေးအဖွဲ့က အငြင်းပွားမှု ဖြေရှင်းရေး တာဝန်ခံ ဒေါ်ခခက ပြောပါ တယ် ။

 

"ဖူလုံရေးအဖွဲ့က ထောက်ပံမယ့် ၄၀ ရာခိုင်နှုန်းဆိုတာက ရန်ကုန်တိုင်းအတွက်ပဲဆိုတာမျိုး ပါတဲ့အတွက်ကြောင့် ကျန်တဲ့တိုင်းတွေက ပြီးခဲ့တဲ့၂၄ ရက်ကနေအောက်တိုဘာ ၇ ရက်အထိပိတ်ခဲ့တဲ့ကာလမှာကို ပဲခူးတိုင်းတို့ ဧရာဝတီတိုင်းတို့ နောက်တခြားတိုင်းတွေက မရဘူးဖြစ်နေတယ်။ ထောက်ပံမှုကရန်ကုန်တိုင်းကဲ့သို့တန်းတူညီမျှမရဘူး၊ ကိုဗစ်ကာကွယ်ရေးအမျိုးသားအဆင့်ကနေ ထုတ်ပြန်ပြီးသားအမိန့်တွေသက်တမ်းတိုးတာကို သူတို့ကကြေညာနေတယ်။သီးသန့်ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက နေ စက်ရုံ အလုပ်ရုံနဲ့ပတ်သက်တာတွေကို ထုတ်ပြန်နေတာ။အဲ့ဒီထုတ်ပြန်နေတာက ရန်ကုန်တိုင်းအတွက်ဘဲဖြစ်နေတာ။ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေရဲ့လုပ်ဆောင်မှု စွမ်းဆောင်နိုင်ရေးနဲ့ ပတ်သက်ပြီး သက်ဆိုင်နေတာလားသုံးသပ်မိတယ်။ ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ကို အချက်အလက်တွေ တင်ပြတယ်။ အချိန်နဲ့တပြေးညီ ပြောဆိုဆွေးနွေးမှုတွေ လုပ်တယ်။ အလုပ်ရှင်ဘက် အလုပ်သမားဘက် ပြည်ထောင်စုက တာဝန်ရှိသူတွေနဲ့ အချိန်နဲ့တပြေးညိ ဆွေးနွေးနေတဲ့အတွက် ရန်ကုန်တိုင်းမှာ ဒီလို ရလဒ် ထွက်နေပြီး ကျန်တဲ့အလုပ်သမားတွေ ရှိတဲ့ ပဲခူးတို့ ဧရာဝတီ တို့မှာ ကြပြည်ထောင်စုအမိန့်တွေကလွှမ်းမိုးမှုမရှိဘူးဆိုတော့ ဝေဖန်သုံးသပ်မိကတော့ တိုင်းဒေသကြီးအစိုးရရဲ့စွမ်းဆာင်နိုင်မှုပေါ်မူတည်နေလားစဉ်းစားမိပါတယ်"ဟု ဒေါ်ခခက ပြောပါတယ်။

 

လက်ရှိအချိန်တွင်လည်း အောက်တိုဘာ ၇ ရက်နောက်ပိုင်းနှစ်ပါတ်တာ CMP လုပ်ငန်းများ ဆက်ပိတ်ရန် ရန်ကုန်တိုင်းအတွက်ကိုသာ အစိုးရမှကြေညာထားပါတယ်။

 

"အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့ကထုတ်ပြန်လိုက်တဲ့ထုတ်ပြန်ချက်ရှင်းနေတာဘဲ။သူကပြည်ထောင်စုကနေထုတ်ပြန်လိုက်တာ ရန်ကုန်တိုင်းအတွက် အမိန့်စာတွေအပေါ်မူတည်ပြီးမှအလုပ်သမားဝန်ကြီးဌာနကလိုက်ထုတ်တာ အဲ့ဒီဟာကိုဖူလုံရေးကိုမမေးမြန်းတော့ဘဲ သက်ဆိုင်ရာတိုင်းအစိုးရကို တောက်လျှောက်မေးနေတယ်။ ဒါပေမဲ့ တိကျရေရာတဲ့ ထုတ်ပြန်ချက်မျိုး ပွင့်လင်းမြင်သာမူရှိရှိလုပ်ဆောင်ချက်မျိုးမတွေ့ရဘူး"ဟု ဒေါ်ခခက ထပ်လောင်း ပြောကြားပါတယ်။

 

ရန်ကုန်တိုင်းမှလွဲ၍ ကျန်တိုင်းနဲ့ပြည်နယ်များရှိ CMP လုပ်ငန်းများမှာ အစိုးရမှဆက်ပိတ်ရန်တရားဝင်ကြေညာခြင်းမရှိသေးသော် စက်ရုံအများစုမှာ ပိတ်ထားဆဲဖြစ်ကြောင်း သိရပါတယ်။

 

#MyanmarLabourNews

Read 807 times
Rate this item
(0 votes)