What's new

×

Warning

JUser: :_load: Unable to load user with ID: 845


second hand အဝတ်အစား ကဏ္ဍ Walmart စတင်

ကိုဗစ်ကပ်ဘေးကြောင့် စီးပွားကျပြီး ရပ်ဆိုင်းရတဲ့ လုပ်ငန်းတွေ၊ လူလျှော့ရတဲ့ လုပ်ငန်းတွေ ရှိနေတာမို့

အလုပ်လက်မဲ့တွေ များလာတယ်။ အလုပ်လက်ရှိ ဖြစ်သူတွေထဲမှာလည်း လစာလျှော့ယူရသူတွေ ရှိနေတယ်။ အဲဒီလို အချိန်အခါမျိုးမှာ ဝယ်လိုအား ကျဆင်းနေတဲ့အပြင် ဝယ်ယူဖို့အတွက် ရွေးချယ်ကြတဲ့အခါ ဘယ်ဈေးလဲဆိုတာက အဓိက မေးခွန်း ဖြစ်နေတယ်။
ဈေးသက်သာတဲ့ brand အမည်တပ် အဝတ်အစားတွေ စန်းပွင့်နေတဲ့အပြင် တစ်ပတ်ရစ် second hand အဝတ်အစား အရောင်းအဝယ် ဈေးကွက်ကလည်း နေ့ချင်းညချင်း ကြီးထွားလာချိန်မှာ အရောင်းအေးနေတဲ့ Walmart က တစ်ပတ်ရစ် အဝတ်အစားဈေးကွက်ထဲကို ဝင်ရောက်လုပ်ကိုင်ပါတယ်။
တစ်ပတ်ရစ် အဝတ်အစားဈေးကွက်ရဲ့ ပမာဏက အမေရိကန်ဒေါ်လာ ၃၂ ဘီလျံရှိတဲ့ ဈေးကွက် ဖြစ်ပါတယ်။
Walmart အနေဖြင် ့အသစ်တွေကိုသာ ရောင်းချနေခဲ့တဲ့ လက်လီအရောင်းလုပ်ငန်းကြီး ဖြစ်တာမို့ တစ်ပတ်ရစ် အဝတ်အစားဈေးကွက်ထဲကို ဝင်တဲ့အခါ အဲဒီဈေးကွက်ထဲမှာ ကျင်လည်ပြီးသားဖြစ်တဲ့ ThredUp ကုမ္ပဏီနဲ့ စီးပွားဖက်ပြုပြီး အကျိုးတူးပူးပေါင်း လုပ်ကိုင်ပါတယ်။
ThredUp က တစ်ပတ်ရစ် အဝတ်အစားတွေ လက်လီရောင်းဝယ်တဲ့ online fashion လုပ်ငန်းဖြစ်ပါတယ်။ ဖက်ရှင် အဝတ်အစားတွေအပြင် ဖက်ရှင်ပစ္စည်းတွေကိုလည်း လုပ်ကိုင်ပါတယ်။ Chanel အိတ်တွေ Michael Kors ဖက်ရှင်ထည်တွေ၊ Gucci ဖက်ရှင်ပစ္စည်းတွေ Nike ရှူးဖိနပ်တွေစသဖြင် အမျိုးအမည် အများအပြားကို ThredUp လုပ်ကိုင်လျက် ရှိပါတယ်။

ThredUp မှာ ဒေါ်လ ၃၅ နဲ့အထက် ဝယ်ယူရင် Walmart က အခမဲ့ ပို့ပေးမယ်။ မှာယူလိုက်တဲ့ ပစ္စည်း မကြိုက်လို့ ပြန်ပေးချင်ရင် နီးရာ Walmart စတိုးမှာ ပစ္စည်း ပြန်အပ်ပြီး အမ်းငွေ တောင်းခံလို့ရတယ်။

နာမည်ကြီး လက်လီအရောင်းလုပ်ငန်းကြီးတွေ ဖြစ်တဲ့ J.Crew, Neiman Marcus နဲ့ J.C. Penney တို့ အရှုံးပေါ်လို့ ဒေဝါလီ ခံနေချိန်မှာ Walmart က အွန်လိုင်းမှာ လက်တံတစ်ခု ဆန့်ထုတ်လိုက်တာ ဖြစ်ပါတယ်။

Walmart ရဲ့ e-commerce ဖက်ရှင်ကဏ္ဍရဲ့ အကြီးအကဲ ဖြစ်သူ Denise Incandela က
"ကျမတို့ လုပ်ကိုင်သမျှ အရာတိုင်းဟာ Walmart ရဲ့ ခရီးဆုံးပန်းတိုင်တစ်ခုဖြစ်တဲ ဖက်ရှင်ကို စူးစိုက်ထားပါတယ်။ ကျမတို့မှာ ရှိနေတဲ့ ဖောက်သည်တွေရဲ့ အဝတ်ဘီဒိုမှာ ပိုကြီးမားတဲ့ ဝေစုကို ကူညီဖို့ အခွင့်အလမ်းတစ်ခုအဖြစ် ကျမတို့ ရှုမြင်ပါတယ်"
ဟု ပြောကြားသည်။

 

ကိုဗစ္ကပ္ေဘးေၾကာင့္ စီးပြားက်ၿပီး ရပ္ဆိုင္းရတဲ့ လုပ္ငန္းေတြ၊ လူေလွ်ာ့ရတဲ့ လုပ္ငန္းေတြ ရွိေနတာမို႔ အလုပ္လက္မဲ့ေတြ မ်ားလာတယ္။ အလုပ္လက္ရွိ ျဖစ္သူေတြထဲမွာလည္း လစာေလွ်ာ့ယူရသူေတြ ရွိေနတယ္။ အဲဒီလို အခ်ိန္အခါမ်ိဳးမွာ ဝယ္လိုအား က်ဆင္းေနတဲ့အျပင္ ဝယ္ယူဖို႔အတြက္ ေ႐ြးခ်ယ္ၾကတဲ့အခါ ဘယ္ေဈးလဲဆိုတာက အဓိက ေမးခြန္း ျဖစ္ေနတယ္။
ေဈးသက္သာတဲ့ brand အမည္တပ္ အဝတ္အစားေတြ စန္းပြင့္ေနတဲ့အျပင္ တစ္ပတ္ရစ္ second hand အဝတ္အစား အေရာင္းအဝယ္ ေဈးကြက္ကလည္း ေန႔ခ်င္းညခ်င္း ႀကီးထြားလာခ်ိန္မွာ အေရာင္းေအးေနတဲ့ Walmart က တစ္ပတ္ရစ္ အဝတ္အစားေဈးကြက္ထဲကို ဝင္ေရာက္လုပ္ကိုင္ပါတယ္။
တစ္ပတ္ရစ္ အဝတ္အစားေဈးကြက္ရဲ႕ ပမာဏက အေမရိကန္ေဒၚလာ ၃၂ ဘီလ်ံရွိတဲ့ ေဈးကြက္ ျဖစ္ပါတယ္။
Walmart အေနျဖင္ ့အသစ္ေတြကိုသာ ေရာင္းခ်ေနခဲ့တဲ့ လက္လီအေရာင္းလုပ္ငန္းႀကီး ျဖစ္တာမို႔ တစ္ပတ္ရစ္ အဝတ္အစားေဈးကြက္ထဲကို ဝင္တဲ့အခါ အဲဒီေဈးကြက္ထဲမွာ က်င္လည္ၿပီးသားျဖစ္တဲ့ ThredUp ကုမၸဏီနဲ႔ စီးပြားဖက္ျပဳၿပီး အက်ိဳးတူးပူးေပါင္း လုပ္ကိုင္ပါတယ္။
ThredUp က တစ္ပတ္ရစ္ အဝတ္အစားေတြ လက္လီေရာင္းဝယ္တဲ့ online fashion လုပ္ငန္းျဖစ္ပါတယ္။ ဖက္ရွင္ အဝတ္အစားေတြအျပင္ ဖက္ရွင္ပစၥည္းေတြကိုလည္း လုပ္ကိုင္ပါတယ္။ Chanel အိတ္ေတြ Michael Kors ဖက္ရွင္ထည္ေတြ၊ Gucci ဖက္ရွင္ပစၥည္းေတြ Nike ရႉးဖိနပ္ေတြစသျဖင္ အမ်ိဳးအမည္ အမ်ားအျပားကို ThredUp လုပ္ကိုင္လ်က္ ရွိပါတယ္။

ThredUp မွာ ေဒၚလ ၃၅ နဲ႔အထက္ ဝယ္ယူရင္ Walmart က အခမဲ့ ပို႔ေပးမယ္။ မွာယူလိုက္တဲ့ ပစၥည္း မႀကိဳက္လို႔ ျပန္ေပးခ်င္ရင္ နီးရာ Walmart စတိုးမွာ ပစၥည္း ျပန္အပ္ၿပီး အမ္းေငြ ေတာင္းခံလို႔ရတယ္။

နာမည္ႀကီး လက္လီအေရာင္းလုပ္ငန္းႀကီးေတြ ျဖစ္တဲ့ J.Crew, Neiman Marcus နဲ႔ J.C. Penney တို႔ အရႈံးေပၚလို႔ ေဒဝါလီ ခံေနခ်ိန္မွာ Walmart က အြန္လိုင္းမွာ လက္တံတစ္ခု ဆန႔္ထုတ္လိုက္တာ ျဖစ္ပါတယ္။

Walmart ရဲ႕ e-commerce ဖက္ရွင္က႑ရဲ႕ အႀကီးအကဲ ျဖစ္သူ Denise Incandela က
"က်မတို႔ လုပ္ကိုင္သမွ် အရာတိုင္းဟာ Walmart ရဲ႕ ခရီးဆုံးပန္းတိုင္တစ္ခုျဖစ္တဲ ဖက္ရွင္ကို စူးစိုက္ထားပါတယ္။ က်မတို႔မွာ ရွိေနတဲ့ ေဖာက္သည္ေတြရဲ႕ အဝတ္ဘီဒိုမွာ ပိုႀကီးမားတဲ့ ေဝစုကို ကူညီဖို႔ အခြင့္အလမ္းတစ္ခုအျဖစ္ က်မတို႔ ရႈျမင္ပါတယ္"
ဟု ေျပာၾကားသည္။

 

Read 1030 times
Rate this item
(0 votes)