What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အထည်ချုပ်လုပ်ငန်းများတွင် အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုများမရှိ

အထည်ချုပ်လုပ်ငန်းများတွင် အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုများ ရှိနေသည်ဆို ခြင်းသည် မဟုတ်မှန်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောသည်။

‘‘လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် ခံရတယ်ဆိုတဲ့ ဖြစ်စဉ်မျိုးနဲ့ပတ် သက်လို့ ကျွန်တော်တို့ဆီ ဆက်သွယ်တိုင်ကြားတာ မရှိသလို အစိုးရအလုပ်သမားရေးရာဌာန တွေဆီ တိုင်ကြားတာမျိုးတွေ လည်း မကြားရပါဘူး’’ဟု ဦးမြင့်စိုး က ဇူလိုင် ၁၀ ရက်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြော သည်။

စစ်တမ်းကောက်ယူသည်မှာ ယုတ္တိမတန်
*************************
မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းခွင်များတွင် ကြုံတွေ့နေရ သည့် အခြေအနေများနှင့်ပတ် သက်၍ Women’s Advancement Deeply မှ Libby Hogan က The True Cost of Myanmar’s Growing Garment Industry အမည်ဖြင့် ဆောင်းပါးရေးသား ခဲ့ရာ အထည်ချုပ်လုပ်ငန်းတွင် လုပ်ကိုင်နေသည့် အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု၊ အကြမ်းဖက် ခံရမှုများရှိနေသည် ဟု ထည့်သွင်းရေးသားခဲ့သည်။ ထိုသို့ အထည်ချုပ် လုပ်ငန်းများ တွင် အမျိုးသမီးများ လိင်ပိုင်းဆိုင် ရာ အနိုင်ကျင့်ခံရခြင်း၊ လုပ်ငန်း ခွင် ပြင်ပအထိ လိုက်ပါနှောင့်ယှက် ခံရခြင်းများ ရှိနေသည်ဆိုသည့် ဖော်ပြချက်သည် မှန်ကန်မှု မရှိ သကဲ့သို့ စစ်တမ်းကောက်ယူထားသည်ဆိုသည့်အချက်လည်း ယုတ္တိမတန်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း က ဇူလိုင် ၁၀ ရက်က သတင်းစာ ရှင်းလင်းပွဲပြုလုပ်၍ တုံ့ပြန်ရှင်း လင်းခဲ့သည်။

ကိုယ်စားမပြု
********
မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းတွင် အသင်းဝင်စက်ရုံ ၅၀၀ ကျော်ရှိပြီး အထည်ချုပ်လုပ်သား ငါးသိန်း ကျော်ရှိကြောင်း ဆိုသည်။ ထို့ကြောင့် စက်ရုံ ၁၆ ရုံမှ အမျိုးသမီး များအား မေးမြန်းသုတေသနပြုမှု သည် အထည်ချုပ်ကဏ္ဍတစ်ခုလုံး အပေါ် ကိုယ်စားမပြုနိုင်ဟုဆို သည်။ ဆောင်းပါးရှင် Libby Hogan ၏ အဆိုပါဆောင်းပါးကို သတင်းဌာနအချို့တွင် ဧပြီလကုန် ပိုင်းက အင်္ဂလိပ်ဘာသာဖြင့်ဖော်ပြ ခဲ့သည်။

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု
*******************
အဆိုပါ ဆောင်းပါးတွင် Libby Hogan က ‘‘မြန်မာနိုင်ငံက လုပ်ငန်းခွင်တွေမှာ အကြမ်းဖက်မှု များနှင့် အမျိုးသမီးများကို နှောင့် ယှက်မှုများကို မည်ကဲ့သို့ အဆုံး သတ်အောင် အကောင်းဆုံးလုပ် မလဲဆိုသည့် သုတေသနတစ်ခုကို အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ (အိုင်အယ်လ်အို)က နည်း ပညာဆိုင်ရာ အကြံပေးအကြီး အကဲ ကက်သရင်းက ဦးဆောင် ပြုလုပ်ခဲ့သည်။ (၁၀၇) ကြိမ် မြောက် အိုင်အယ်လ်အို ညီလာခံ ၌ ထုတ်ဝေမည့် အဆိုပါသုတေ သနအတွက် စစ်တမ်းပြုစုသူများ က မြန်မာနိုင်ငံရှိ နိုင်ငံခြားသားပိုင် စက်ရုံ ၁၆ ရုံက အလုပ်သမားများ နှင့် ပြောဆိုမေးမြန်းခဲ့သည်။ အဆို ပါစစ်တမ်းအရ အမျိုးသမီးဝန် ထမ်းအချို့သည် လုပ်ငန်းခွင် အတွင်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုအချို့ရှိခဲ့သည်ဟု ဆောင်း ပါးတွင် ဖော်ပြထားသည်။

သို့သော် မူရင်းသတင်း ဆောင်းပါးရေးသားသူနှင့် ယင်း ဆောင်းပါးကို ဖော်ပြခဲ့သည့် သတင်းဌာနတို့ထံ အဆိုပါအသင်း ချုပ်က ဆက်သွယ်ဖြေရှင်းခိုင်း ခြင်းမရှိသေးဘဲ ဆက်သွယ် အ ကြောင်းကြားရန် စီစဉ်နေကြောင်း ၎င်းတို့ကဆိုသည်။

အဆိုပါ သတင်းဆောင်းပါး ကို နိုင်ငံတကာသတင်းဝက်ဘ် ဆိုက် အချို့တွင် ဖော်ပြခဲ့ပြီး နောက် 7Day သတင်းဂျာနယ် အပါအဝင် ပြည်တွင်းသတင်း မီဒီယာအချို့က ဘာသာပြန်၍ ပြန်လည် ဖော်ပြခဲ့သည်။
အဆိုပါဆောင်းပါးကို ဘာ သာပြန် ဖော်ပြမှုအချို့ လွဲမှားနေ ပြီး ယင်းဆောင်းပါးကြောင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်း အပေါ် နိုင်ငံတကာက အထင် အမြင်လွဲမှားနိုင်သဖြင့် သတင်း စာရှင်းလင်းပွဲပြုလုပ်၍ တုံ့ပြန်ရှင်း လင်းရခြင်းဖြစ်သည်ဟု ဦးမြင့်စိုး ကဆိုသည်။

အရေးယူမည်
*********
ရန်ကုန်တိုင်း ဒေသကြီး ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွား ရေး ကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်း က ဆောင်းပါးပါ ဖော်ပြချက်များ ကို အထောက်အထားဖြင့် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လွှတ်တော်သို့ တင်ပြပါက စစ်ဆေးပေးမည်ဖြစ်ပြီး မှန်ကန်မှုမရှိလျှင် ရေးသားသူကို ပြန်ပြီးအရေး ယူမည်ဟု ယင်းသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ထိုသို့ အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်များတွင် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရမှုများ ရှိနေသည်ဆိုသည့် သတင်းဖော်ပြချက် နှင့်ပတ်သက်၍ လက်ခံနိုင်ရန် ခက်ခဲသည့် အနေအထားတွင်ရှိ နေသည်ဟု အလုပ်သမားရေးရာ ကူညီဆောင်ရွက်နေသူအချို့က မှတ်ချက်ပြုသည်။

နားလည်မှုလွဲ
**********
မြန်မာနိုင်ငံရှိ အထည်ချုပ် လုပ်ငန်းခွင်များတွင် အမျိုးသား အလုပ်သမားရာခိုင်နှုန်း အနည်း ငယ်သာရှိသဖြင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်နိုင်သည့် အခွင့် အလမ်းနည်းကြောင်း အလုပ် သမားအခွင့်အရေး ကာကွယ်မြှင့် တင်သူများအဖွဲ့ (LRDP) တည် ထောင်သူ ဒေါ်အိရွှေစင်ညွန့်က ဆိုသည်။

‘‘နားလည်မှု လွဲမှားတာလို့ တော့ ယူဆတယ်။ အထည်ချုပ် ကဏ္ဍတစ်ခုတည်းကိုပဲ HighLight လုပ်ဖို့ ခက်ပါလိမ့်မယ်။ ဒီလို ဖြစ်စဉ်တွေ လုံးဝမရှိဘူးလို့ မပြော နိုင်ပေမယ့် အခုနောက်ပိုင်း လိင် ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရမှုတွေ နဲ့ ပတ်သက်လို့ တိုင်ကြားမှုတွေက မရှိသလောက်ပါ’’ဟု ၎င်းကပြော သည်။

source 7 Day Daily

Read 1070 times
Rate this item
(0 votes)