What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရွှေပြည်သာ အထည်ချုပ် လုပ်သားတို့၏ ငွေကြေးဆိုင်ရာ တောင်းဆိုချက် ပြေလည်မှု မရသေးသဖြင့် သုံးကြိမ်မြောက် ညှိနှိုင်းရန် ချိန်းဆို

Hansae Ayeyarwaddy အထည်ချုပ်စက်ရုံအလုပ်သမား ၅ဝဝ ကျော်၏ တောင်းဆိုချက်များထဲမှ ငွေကြေးဆိုင်ရာ အချက်လေးချက်နှင့်ပတ်သက်၍ ပြေလည်မှုမရသေးသဖြင့် သုံးကြိမ် မြောက်အဖြစ် ထပ်မံညှိနှိုင်းရန် ချိန်းဆိုလိုက်ကြောင်းသိရသည်။

 

ရွှေပြည်သာမြို့နယ် အမှတ် (၄)လမ်းမကြီး ရွှေပြည်သာကွေ့ အနီးရှိသော Hansae Ayeyarwaddy အထည်ချုပ်စက်ရုံတွင် ဖြစ်ပွားနေသည့် အလုပ်သမား တောင်းဆိုမှုနှင့်ပတ်သက်၍ အလုပ်ရှင်၊ အလုပ်သမားနှင့် ရွှေပြည်သာ မြို့နယ် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုညှိနှိုင်းဖျန်ဖြေရေး အဖွဲ့တို့ ဇွန် ၇ ရက်နှင့် ၈ ရက် တို့တွင်ညှိနှိုင်းခဲ့ကြောင်း လုပ်သားတို့၏တောင်းဆိုချက်(၁၆)ချက်အနက် ငွေကြေးဆိုင်ရာတောင်းဆိုချက်မှာ ပြေလည်မှုမရရှိသဖြင့် ဇွန် ၁၁ ရက်သို့ ထပ်မံညှိနှိုင်းရန် ချိန်းဆိုလိုက်ကြောင်း သိရသည်။

‘’ဒီနေ့ညှိနှိုင်းကြတာအချက် ၁၆ ချက်မှာ ၁၂ ချက်ကတော့ အဆင်ပြေတယ်။ ငွေကြေးကိစ္စတွေပါတဲ့အချက်လေးချက်ကတော့ အဆင်မပြေသေးဘူး။ နှစ်ကြေး၊ ကျွမ်းကျင်ကြေး၊ Day ကြေးကိစ္စ တွေညှိကြတာ အရမ်းကိုကွာနေတယ်။ မပြေလည်သေးဘူး။ ဒါ ကြောင့်ပြန်ချိန်းထားတယ်။ သုံးကြိမ်မြောက်ထပ်ညှိရအုံးမယ်။ မရရင်တော့ သက်ဆိုင်ရာတရားရုံးက နေဆက်လုပ်ကြပေါ့။ အခုကတော့ တစ်ဦးချင်းအငြင်းပွားမှုကို စုဝေး တောင်းဆိုနေတာ သုံးရက်တောင်ရှိပြီ’’ဟု မြို့နယ်အလုပ်သမားဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းမင်းထွန်းက ပြောသည်။ အဆိုပါ အလုပ်သမားများက လစာပေးစနစ်ကို ပွင့်လင်းမြင်သာမှုရှိအောင် ရှင်းလင်းပေးရန်၊ ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက်များကို ဥပဒေပါအတိုင်း ခံစားခွင့်ပြုရန်၊ ယခင်ပေးထား သောနှစ်ကြေးကို တစ်နှစ်လျှင်ကျပ် ၂ဝဝဝ စီတိုးပေးရန်၊ ကျွမ်းကျင်ကြေးကို A အဆင့် ကျပ် ၅ဝဝဝဝ၊ B အဆင့်ကျပ် ၄ဝဝဝဝ၊ C အဆင့်ကျပ် ၃ဝဝဝဝ စီခွဲပေးရန်၊ ရက်မှန်ကြေးကို ကျပ် ၃ဝဝဝဝ တိုးပေးပြီး တစ်လလျှင်နှစ်ကြိမ်ခွဲ ပေးရန်အပါအဝင်အချက် ၁၆ ချက်ကို ဇွန် ၆ ရက်မှစ၍ စုပေါင်း တောင်းဆိုနေခြင်းဖြစ်ကြောင်း အလုပ်သမားများမှ သိရသည်။


‘’တောင်းဆိုချက် ၁၆ ချက်ထဲမှာ သဘောတူပြီးဖြစ်တဲ့ ၁၂ ချက်ကိုတော့ အလညရုံးက စာထုတ် ပေးမယ်ပြောတယ်။ ကျန်တောင်းဆိုချက်တွေကိုတော့ ဆက်ညှိရအုံး မယ်။ တောင်းဆိုချက်ထဲမှာ လစာကလည်းအဆင့်လိုက်မတိုးဘဲ မတိမ်းမယိမ်းတိုးတဲ့ကိစ္စတွေပါပါတယ်။ ကျွန်တော်တို့အလုပ်သမား တွေအနေနဲ့တော့ မရရအောင် တောင်းဆိုသွားမှာပဲ’’ဟု တောင်းဆို နေသည့်အလုပ်သမားတစ်ဦးဖြစ်သူ ကိုကျော်ရဲဇော်က ပြောသည်။ အဆိုပါ Hansae Ayeyarwaddy အထည်ချုပ်စက်ရုံတွင် အလုပ်သမား ၇ဝဝ ကျော်ရှိပြီး စုပေါင်းတောင်းဆိုမှုပြုလုပ်နေသည့် အလုပ်သမားများမှာ ၅ဝဝ ကျော်ရှိကာ ကျန်လုပ်သား ၂ဝဝ မှာ စက်ရုံတွင်းလုပ်ငန်းလုပ်ကိုင် နေဆဲဖြစ်ကြောင်း သိရသည်။ အဆိုပါစက်ရုံမှ မန်နေဂျာ ဖြစ်သူ ဒေါ်အေးအေးကြွယ်က ‘’အခုထိတော့ မပြေလည်သေးပါဘူး။ တနင်္လာနေ့ပြန်ချိန်းထားပါတယ်။ သူတို့နဲ့ကျွန်မတို့က ငွေကြေး ကိစ္စပိုင်းတွေကျတော့ ညှိလို့မရသေးဘူး။ ကျန်တာပြေလည်တယ်။ ကိုရီးယားမန်နေဂျာတွေက သူတို့ရီပို့တင်တဲ့အခါ ပြန်ကျလာမယ့်အပေါ်မှာ ပဲမူတည်ပါတယ်’’ဟု ပြောသည်။


MO(SPT),ZCH

#democracyotoday

Read 944 times
Rate this item
(0 votes)