What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အလုပ်ထုတ်ခံရသော သိုးမွေးစက်ရုံ ခေါင်းဆောင်ခုနှစ်ဦးကို အလုပ်ပြန်ခန့်ပေးရန် အခြားစက်ရုံများရှိ အလုပ်သမား ၄၀၀ ကျော် စုပေါင်းတောင်းဆိုမှုပြုလုပ်ခဲ့

အလုပ်ထုတ်ခံရသော သိုးမွေးစက်ရုံ ခေါင်းဆောင်ခုနှစ်ဦးကို အလုပ်ပြန်ခန့်ပေးရန် အခြားစက်ရုံများရှိ အလုပ်သမား ၄၀၀ ကျော် စုပေါင်းတောင်းဆိုမှုပြုလုပ်ခဲ့ Google

          ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်ရှိ Cixing Knitting သိုးမွေးစက်ရုံမှ အလုပ်ထုတ်ပယ်ခြင်းခံခဲ့ရသော အလုပ်သမားခေါင်းဆောင်ခုနစ်ဦးကို အလုပ်ပြန်ခန့်ပေးရန် အခြားစက်ရုံများရှိ အလုပ်သမား ၄၀၀ ကျော်က ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းတွင် အဆိုပါစက်ရုံရှေ့တွင် တောင်းဆိုမှုများ ပြူလုပ်ခဲ့ကြောင်း သိရသည်။

          ၂၀၁၈ ဒီဇင်ဘာတွင် Cixing Knitting သိုးမွေးစက်ရုံအတွင်း ဥပဒေပါအခွင့်အရေးများ ရရှိရန်၊ သင့်တင့်သောလုပ်ခလစာ ပေးချေရန်၊ လုပ်ငန်းခွင်အခြေအနေများ ကောင်းမွန်ရန် အလုပ်သမားခေါင်းဆောင်ခုနစ်ဦး ဦးဆောင်၍ တောင်းဆိုမှုများပြုလုပ်ခဲ့ကြသသည်။ အဆိုပါခေါင်းဆောင်ခုနစ်ဦးကို အလုပ်ထုတ်ပေးရန် ယင်းစက်ရုံရှိ အလုပ်သမား ၂၇၀ ကျော်က သပိတ်မှောက်တောင်းဆိုသည်ဟုဆိုကာ စက်ရုံဘက်က အလုပ်ထုတ်ပယ်ခဲု့ခြင်းဖြစ်ကြောင်း သိရသည်။

          ယင်းသို့အလုပ်ထုတ်ခံရသူများကို အလုပ်ပြန်ခန့်ပေးရေးအတွက် မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ်(IWFM) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ဝင်များ စုစုပေါင်း ၄၀၀ ကျော်က တောင်းဆိုမှုပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

          ထိုသို့ သိုးမွေးစက်ရုံရှိ အလုပ်သမားခေါင်းဆောင် ခုနစ်ဦးကို အလုပ်ပြန်ခန့်ပေးရန် တောင်းဆိုမှုများပြုလုပ်ပြီး နာရီပိုင်းအကြာ ဇန်နဝါရီ ၈ ရက် မွန်းလွဲ ၁ နာရီတွင် အလုပ်ရှင်နှင့် အလုပ်ထုတ်ခံရသူများသည် လှိုင်သာယာမြို့နယ် ညှိနှိုင်းဖျန်ဖြေရေးရုံးတွင် ညှိနှိုင်းခဲ့ရာ ပြေလည်မှုရရှိခဲ့ကြောင်း သိရသည်။ ညှိနှိုင်းရာတွင် ပြေလည်မှုရရှိခဲ့ခြင်းကြောင့် ဇန်နဝါရီ ၉ ရက်တွင် လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်မည်ဖြစ်ကြောင်း သိရသည်။

Source: Daily Eleven

Read 1279 times
Rate this item
(0 votes)
Tagged under