What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ် နှင့် zero-duty

ဘင်္ဂလားဒေ့ရှ် အထည်ချုပ်ကဏ္ဍအနေဖြင့် အထည်သားများကို ဗီယက်နမ်မှ တင်သွင်းလျက်ရှိရာ ကဏ္ဍတစ်ရပ်လုံး လိုအပ်ချက်

ပမာဏစုစုပေါင်းရဲ့ ၆၅ ရာခိုင်နှုန်း ၀န်းကျင်ကို ဗီယက်နမ်မှ တင်သွင်းပါတယ်။
၂၀၁၁ ခုနှစ်မှစလို့ အီးယူက မူရင်းထုတ်လုပ်တဲ့နိုင်ငံ သတ်မှတ်ပုံစည်းမျဉ်းကို ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက် ဖြေလျှော့ပေးခဲ့တာမှာ ဥရောပသို့ အ၀တ်အစားများ တင်ပို့တဲ့အခါ ပြည်ပမှ တင်သွင်းထားတဲ့ အထည်သားနဲ့ ချုပ်လုပ်ထားရင်လည်း အကောက်ခွန် စည်းကြပ်မှု မရှိ(zero-duty)တာကို ခံစားခွင့်ပေးခဲ့ပါတယ်။ အဲဒါကြောင့် ဘင်္ဂလားဒေ့ရှ်ရဲ့ ချုပ်ထည်တွေ zero-duty ဖြင့် ဥရောပဈေးကွက်ကို တင်ပို့လို့ ရသွားတယ်။ တင်ပို့မှုပမာဏ တိုးများသွားတယ်။ အဲဒီအတွက် လိုအပ်တဲ့ အထည်အလိပ်တွေကို ဗီယက်နမ်မှ တင်သွင်းမှု ပမာဏ များပြားလာခဲ့ပါတယ်။
အဲဒီတော့ ဗီယက်နမ်နဲ့ ကုန်သွယ်မှုမှာ ဘင်္ဂလားဒေ့ရှ်အနေဖြင့် လိုငွေပြသွားစေခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်အနေဖြင့် အည်အလိပ် လိုအပ်ချက်ကို ပြည်တွင်းထုတ်လုပ်မှုမှ လုံလောက်အောင် ဖြည့်တင်းပေးနိုင်ဦးမှာ မဟုတ်တဲ့အတွက် ယခုလိုပဲ ဗီယက်နမ်ထံမှ ဆက်လက်တင်သွင်းနေရဦးမှာဖြစ်လို့ နှစ်နိုင်ငံအကြား ကုန်သွယ်မှုမှာ လိုငွေ ဆက်ပြနေဦးမယ်။

ဗီယက်နမ်နိုင်ငံဟာ အထည်အလိပ် ထုတ်လုပ်တင်ပို့နိုင်တာဟာ တရုတ်နိုင်ငံမှ လာရောက်ပြီး ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ပေးလို့ ဖြစ်ပါတယ်။ ဗီယက်နမ်ဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ အထည်အလိပ် ရယူရာ ရင်းမြစ် ဖြစ်လာခဲ့ပါတယ်။

ဗီယက်နမ်ဟာ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို လုပ်ကိုင်လျက်ရှိတာမှာ ဘင်္ဂလားဒေ့ရှ်မှာလည်း လာရောက်လုပ်ကိုင်ဖို့ ဗီယက်နမ်ဘက်မှ ကြိုးပမ်းဆောင်ရွက်နေတယ်။ ဆက်သွယ်ရေး၊ အိုင်စီတီ၊ စိုက်ပျိုးရေး စတဲ့ကဏ္ဍတွေမှာ ၀င်ရောက်လုပ်ကိုင်ဖို့ အခွင့်အလမ်းတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အမေရိကန် အ၀တ်အစားဈေးကွက်မှာ ဗီယက်နမ်နဲ့ ဘင်္ဂလားဒေ့ရှ်တို့ဟာ အားကောင်းတဲ့ နိုင်ငံတွေ ဖြစ်ကြပါတယ်။

အမေရိကန်ဈေးကွက်ထဲကို ဗီယက်နမ်ရဲ့ တင်ပို့မှုဟာ သြချရလောက်အောင် ပမာဏ ခုန်တက်ခဲ့တာ တွေ့ရတယ်။ ၁၉၉၂ ခုနှစ်မှာ ဗီယက်နမ်မှ အမေရိကန်သို့ တင်ပို့တဲ့ပမာဏဟာ သုညနီးပါး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာတော့ ကန်ဒေါ်လာ ၄၆.၄၉ ဘီလျံဖိုး ဖြစ်နေပါပြီ။

ဘင်္ဂလားဒေ့ရှ်မှ အမေရိကန်သို့ တင်ပို့မှုကို ကြည့်ရင် ၁၉၉၂ ခုနှစ်မှာ ကန်ဒေါ်လာ ၈၃၁ သန်းဖိုး ရှိခဲ့တယ်။ ၂၁၀၇ ခုနှစ်မှာ ကန်ဒေါ်လာ ၅.၆၉ ဘီလျံ ရှိပါတယ်။

အမေရိကန်ဈေးကွက်ထဲသို့ အ၀တ်အစားတင်ပို့မှုတစ်မျိုးတည်းကိုပဲ ကြည့်ရင် ထိပ်ဆုံးမှာ တရုတ်၊ ဒုတိယနေရာမှာ အိန္ဒိယရှိပြီး တတိယနေရာမှာ ဗီယက်နမ် ရောက်ရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ်က ဆဋ္ဌမနေရာမှာ ရှိပါတယ်။
၂၀၁၇ ခုနှစ်မှာ ဗီယက်နမ်က အ၀တ်အစားတွေသာမက အထည်အလိပ်တွေကိုပါ အမေရိကန်နိုင်ငံသို့ တင်ပို့ခဲ့တာ ကန်ဒေါ်လာ ၁၂.၂ ဘီလျံဖိုး ရှိပါတယ်။ ၂၀၁၆ ခုနှစ်ထက် ၇.၇% ပိုများခဲ့တယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ အထည်အလိပ်နဲပ အ၀တ်အစား တင်ပို့မှုကတော့ ကန်ဒေါ်လာ ၅.၂၈ ဘီလျံဖိုး ရှိပြီး ၂၀၁၆ ခုနှစ်ထက် ၃.၉၈% လျော့နည်းခဲ့တယ်။

Read 929 times
Rate this item
(0 votes)