What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပြင်သစ် အထည်ချုပ်ကဏ္ဍမှာ ဖက်ရှင်မတ်စ် သန်း ၂၀ ပိုလျှံနေ

မတ်စ်ကို နေ့စဉ်သုံးပစ္စည်းအဖြစ် လိုအပ်တာမို့ မတ်စ် မလုံမလောက် မဖြစ်ရအောင်

ပြင်သစ် ဖက်ရှင်တိုက်တွေက မတ်စ်တွေကို ဖက်ရှင်ထည်အဖြစ် ထုတ်လုပ်ခဲ့ကြတယ်။ အခု မတ်စ် ခုရေ သန်း ၂၀ ကျော် မရောင်းရဘဲ ပိုလျှံနေလို့ အစိုးရကို ဖက်ရှင်မတ်စ်တွေ ဝယ်ယူဝတ်ဆင်ကြဖို့အတွက် လှုံ့ဆော်တိုက်တွန်းဖို့ နဲ့ ဝယ်မယ့်သူတွေ ရှာဖွေပေးဖို့ အကူအညီ တောင်းခံနေကြတယ်။

ပြင်သစ် အစိုးရက လူထုအတွက် မတ်စ်တွေ မလုံလောက်မှာ စိုးရိမ်လို့ မတ်စ်တွေ ထုတ်ပေးဖို့ တောင်းဆိုခဲ့တာကြောင့် အထည်အလိပ်နဲ့ အဝတ်အစား ထုတ်လုပ်တဲ့ လုပ်ငန်းတွေ ရာချီရှိနေပြီး အိမ်တွင်းဖြစ် မတ်စ်တွေထက် ပိုကောင်းတဲ့ မတ်စ်တွေ သန်းချီတဲ့ အရေအတွက်ဖြင့် ထုတ်လုပ်ခဲ့ကြတယ်။
ပြင်သစ်သမ္မတ Emmanuel Macron က ပြင်သစ်နိုင်ငံတော်အလံဖြစ်တဲ့ သုံးရောင်ခြယ် အလံ ကို အလှပန်းထိုးထားသည့်ဒီဇိုင်း မတ်စ်ကို ဝတ်ဆင်ပြပြီး "ပြင်သစ်မှာ လုပ်သည်" “Made in France” မတ်စ်ကို မြှင့်တင်ပေးခဲ့တယ်။ စူပါမားကက်များ နှင့် ဆေးဆိုင်များတွင် ယူရို အနည်းငယ်ဖြင့် ရောင်းချခဲ့သည်။ စီးပွားရေး လုပ်ငန်းများနှင့် ဒေသခံအာဏာပိုင်တို့က အမြောက်အမြား ဝယ်ယူပြီး အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။ သို့တိုင်အောင် မတ်စ် ရောင်းချသူများနှင့် ဝယ်ယူတပ်ဆင်သူများသည် အာရှမှ တင်သွင်းသော ဈေးပိုပေါသည့် တစ်ခါသုံးမတ်စ်များကို သုံးစွဲနေကြဆဲ ဖြစ်သည်။ ပြည်တွင်းထုတ် မတ်စ် ဝယ်လိုအားသည် သီတင်းပတ် အနည်းငယ်သာ ရှိနေခဲ့ပြီးနောက် ရောင်းအား မရှိသလောက် ဖြစ်သွားတယ်။
ပြည်တွင်းထုတ် မတ်စ်တွေက တစ်ဖန်ပြန်သုံးလို့ ရတယ်။ ရေလျှော်အခြောက်လှန်းပြီး ပြန်သုံးရင် အကြိမ်ကြိမ် သုံးလို့ရတာမို့ တစ်ခါဝယ်ပြီးရင် တစ်သက်လုံလောက်တဲ့ သဘော ရှိတယ်။ တစ်ခါသုံး မတ်စ်တွေလို ထပ်ဝယ်တာ မရှိတော့ ရောင်းအားက ရေရှည် များမနေနိုင်ဘူး။
လူထုက ပြည်တွင်းထုတ်မတ်စ်တွေက ဆေးရုံသုံးမတ်စ်တွေလို လေစစ်ကောင်းရဲ့လား ဆိုတာ သံသယ အနည်းနဲ့ အများ ရှိကြတယ်။
နောက်တစ်ချက် ရေလျှော်အခြောက်လှန်း လုပ်ရတဲ ကရိကထကို မလုပ်လိုကြဘူး။ တစ်ခါသုံးဆိုတဲ့ဟာတွေ ဈေးပေါပေါဖြင့် သုံးပြီး စွန့်ပစ်၊ အသစ်တစ်ခု ထပ်သုံးရတာကို ကြိုက်ကြတယ်။
ပြန်သုံးလို့ ရအောင် လုပ်ပေးထားက စေတနာဆိုပေနဲ့ ဝေဒနာ ဖြစ်နေတယ်။
ရလဒ်အဖြစ် တစ်ခါသုံး မတ်စ်တွေကိုပဲ လူအများစုက သုံးနေကြပြီး လျှော်ပြီး ပြန်သုံး မတ်စ်တွေ အရောင်းထိုင်းပြီး ပိုလျှံနေပါတော့တယ်။

 ပြင်သစ် အထည်ချုပ်ကဏ္ဍမှာ ဖက်ရှင်မတ်စ် သန်း ၂၀ ပိုလျှံနေ


Read 1017 times
Rate this item
(0 votes)