What's new

×

Warning

JUser: :_load: Unable to load user with ID: 845


လူစုလူဝေးဖြင့် ဆန္ဒမပြသင့် ကြောင်း IWFM အဖွဲ့ချုပ် အကြံပြု တိုက်တွန်း

ဒီအချိန်မှာ မည်သည့်အလုပ်သမားမှ လူစုလူဝေးဖြင့် ဆန္ဒမပြသင့်ပါ။ လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်နိုင်သည့် နည်း ရှိပါသည်။ IWFM အဖွဲ့ချုပ်နှင့် ပူးပေါင်းဆောင်ရွက်ပါ။

အလုပ်သမားများ သုံးထပ်ကွမ်း မနစ်နာစေလို၍ ပြောခြင်း ဖြစ်ပါသည်။ အလုပ်ရပ်ဆိုင်း၍ လူစုလူဝေးဖြင့် ဆန္ဒ ထုတ်ဖော်ပါက။


၁) လစာ မရပါ။ (ရောဂါကူးစက်ခံပြီး လစာရအောင် အလုပ်လာတာ။ လစာ မရအောင် မလုပ်သင့်ပါ)။

၂) ရောဂါကူးမယ်။ (စက်ရုံထဲမှာ လူစုလူဝေးဖြစ်ပြီးသားကို သပိတ်မှောက်ပြီး စုဝေး ထိုင်နေမယ်ဆိုရင် ပိုဆိုးပါမည်။ )

၃) တရားစွဲခံရမည်။ (ဧပြီလ (၃၀) ရက်နေ့တွင ်ထပ်မံ ထုတ်ပြန်ထားသည့် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ဥပဒေ ပုဒ်မ (၃၀) ဖြင့် အရေးယူခံရပါမည်။)

 

ဒါကြောင့် လုံး၀ (လုံးဝ) လူစုလူဝေးဖြင့် သပိတ်မှောက် ဆန္ဒ မထုတ်ဖော်သင့်ပါ။

 

ဒါဆိုရင် ဘာလုပ်ရမလဲ။

လုပ်ငန်းခွင်မှာ ဆောင်ရွက်ထားရမည့် ကျန်းမာရေး ဝန်ကြီးဌာန MOHS ရဲ့ လမ်းညွှန်ချက်များနှင့် မညီပါက တိုင်ကြားရပါမည်။ မိမိတို့အလုပ်သမားများသည် MOHS ရဲ့ ညွှန်ကြားချက်များနှင့် ညီသည့် လုပ်ငန်းခွင်တွင် လုပ်ဆောင်ရပါက အန္တရာယ်နည်းပါသည်။

 

တိုင်ကြားခြင်း ခံရသဖြင့် စက်ရုံသည် အရေးယူခြင်း ခံရပါက အလုပ်သမားများအတွက ်တာဝန်ကို စက်ရုံက ယူရပါမည်။

 

အစိုးရက ပြောနေသည့် ပူးပေါင်းဆောင်ရွက်ကြပါဆိုသည်ကို အကောင်အထည်ဖော်ရန်အတွက် တိုင်ကြားရမည် ဖြစ်ပါသည်။ တိုင်ကြားပါက တာဝန်ရှိသူများမှ မလွဲမသွေ အရေးယူပေးပါလိမ့်မယ်။

 

တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ မှော်ဘီမှ စက်ရုံများတွင် အလုပ်သမားများအား လူစုလူဝေးဖြင့် သပိတ်မှောက်သဖြင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ဥပဒေအရ တရားစွဲထားသည်ကို ကြည့်နိုင်ပါသည်။

 

အလုပ်ရှင်ကို မစွဲဘူးဟု မထင်ပါနှင့်။ စွဲပေးမည်ဟု ယုံကြည်ပါသည်။ သို့ဖြစ်၍ တိုင်ကြားရန်မှာ မိမိတာဝန်ဖြစ်ပါသည်။

 

အလုပ်သမားများအား သုံးထပ်ကွမ်း နစ်နာစေမည့် လုပ်ဆောင်မှုများကို ရှောင်ကြဉ်၍ ပဋိပက္ခနည်း၍ အကျိုးများစေမည့် တိုင်ကြားသည့် ကိစ္စကိုသာ ဆောင်ရွက်ကြပါရန် တိုက်တွန်းနိူးဆော်ပါသည်။

 

IWFM အဖွဲ့ချုပ်အနေဖြင့် တိုင်ကြားရေး လုပ်ငန်းစဉ်တွင် အတူတကွ လက်တွဲဆောင်ရွက်ပါမည်။

ခိုင်ဇာအောင်
ဥက္ကဌ
မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများ အဖွဲ့ချုပ် (IWFM)

Read 942 times
Rate this item
(0 votes)