What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အီးယူ၏ မြန်ကူ အရေးပေါ်ငွေသား ရန်ပုံငွေမှ ငွေလွှဲ ထောက်ပံ့မှု လျှောက်လွှာပုံစံတွင် စာရင်း ပေးသွင်းနိုင်

အလုပ်မှ ဆိုင်းငံ့ သို့မဟုတ် ထုတ်ပယ်ခံခဲ့ရသော အလုပ်သမားများအတွက် စက်ရုံမန်နေဂျာများအနေဖြင့် မြန်ကူ၏

အွန်လိုင်း လျှောက်လွှာပုံစံတွင် စာရင်း ပေးသွင်းနိုင်ရန် ၊ လေ့လာရန် ပုံကို နှိပ်ပါ။

https://www.smartmyanmar.org/mm/support-application-form

 

အလုပ်မှဆိုင်းငံ့ သို့မဟုတ် ထုတ်ပယ်ခံခဲ့ရသော အထည်ချုပ်လုပ်သားများအနေဖြင့် မြန်ကူ၏ ပင်မဟော့လိုင်း နံပါတ် - ၀၉-၇၅၀၂၀၈၈၈၇ ဆီသို့ တနင်္လာနေ့မှ သောကြာနေ့၊ နံနက် ၈ နာရီမှ ည ၈ နာရီ အချိန်အတွင်း ကိုယ်တိုင်ဖုန်းခေါ်ဆို၍ တိုက်ရိုက်လျှောက်ထားနိုင်မည်ဖြစ်သည်။

ဖော်ပြပါပုံစံသည် Myan Ku (မြန်ကူ) အကျိုးခံစားခွင့်ရရှိရန်အတွက် စက်ရုံမန်နေဂျာများမှ ၄င်းတို့၏အလုပ်သမားများအတွက် လျှောက်ထားပေးနိုင်ရန် ဖြစ်သည်။ မြန်ကူ အထူးအစီအစဉ်သည် ဥရောပသမဂ္ဂ၏ ထောက်ပံ့မှုဖြင့် UNOPS နှင့် SMART တို့မှ အကောင်အထည်ဖော်ဆောင်ရွက်သည့် အထည်ချုပ်နှင့်ဖိနပ်စက်ရုံ အလုပ်သမားများအတွက် အရေးပေါ်ရန်ပုံငွေ ထောက်ပံ့မှု ပြုလုပ်ပေးနိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ အလုပ်သမားများသည် အလုပ်မှထုတ်ပယ်ခံရခြင်း၊ လုပ်ခလစာရရှိ၍ ဆိုင်းငံ့ထားခြင်း၊ လုပ်ခလစာပေးခြင်းမရှိပဲ ဆိုင်းငံ့ထားခြင်း (သို့မဟုတ်) အလုပ်ချိန်လျှော့ချ၍ အလုပ်လုပ်ကိုင်နေခြင်း စသည့် အခြေအနေများရှိပါက ထောက်ပံ့ငွေလျှောက်ထားရန် ကိုက်ညီပြည့်မီပါသည်။ မြန်ကူငွေသားခံစားခွင့်များအားလုံးသည် အလုပ်သမားထံသို့ တိုက်ရိုက်ရောက်ရှိစေရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ပြီး ငွေသားခံစားခွင့်ကို ကျွနု်ပ်တို့ဘက်မှ ဆက်လက်လုပ်ဆောင်နိုင်စေရန်အတွက် စက်ရုံမန်နေဂျာများအနေဖြင့် အောက်ပါ လျှောက်လွှာပုံစံတွင် ဆိုင်းငံ့ထားခြင်း (သို့) အလုပ်မှထုတ်ပယ်ခံသည့် အလုပ်သမားများစာရင်းကို တင်ပြပေးရန် တိုက်တွန်းပါသည်။


မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းကဏ္ဍအပေါ် သက်ရောက်ခဲ့သော COVID-19 အကြပ်အတည်းကြောင့် အလုပ်မှဆိုင်းငံ့ သို့မဟုတ် ထုတ်ပယ်ခံခဲ့ရသည့် လုပ်သားများထံသို့ အီးယူ၏ မြန်ကူ အရေးပေါ် ငွေသား ရန်ပုံငွေကို ပထမဆုံးအကြိမ်အဖြစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ မေလ ၁ ရက်နေ့က လွှဲပြောင်း ပေးအပ်သွားခဲ့သည်။
မြန်ကူသည် အလုပ်မှထုတ်ပယ် သို့မဟုတ် ဝန်ထမ်းအင်အားလျှော့ချခံခဲ့ရသည့် အထည်ချုပ်လုပ်သားများထံအား ပံ့ပိုးကူညီရန် မေ၊ ဇွန်နှင့် ဇူလိုင်လတို့တွင် ၎င်းတို့ထံသို့ တိုက်ရိုက် ငွေကြေး လွှဲပြောင်းပံ့ပိုးသွားမည်ဖြစ်သည်။ အထည်ချုပ်လုပ်ငန်းကဏ္ဍတွင် နိုင်ငံတကာ ဝယ်လက်များထံမှ အဝယ်အမှာစာများ ပယ်ဖျက်ခြင်း၊ ကြန့်ကြာခြင်း၊ လျော့နည်းခြင်းမျိုး ရှိနေဦးမည်ဖြစ်ရာ လာမည့် လအနည်းငယ်အထိ ကြပ်တည်း ခက်ခဲနေလိမ့်မည်ဖြစ်သည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက “အလုပ်သမားတွေအဖို့ ခက်ခဲရုန်းကန်ရတဲ့ ဒီလိုအချိန်မျိုးမှာ မြန်ကူအစီအစဉ်ကနေတစ်ဆင့် အီးယူကပေးလာတဲ့ အထောက်အပံ့တွေအတွက် ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ ဒီအရေးကိစ္စကို ကိုင်တွယ် ဖြေရှင်းဖို့အတွက်လည်း ကျွန်တော်တို့ အီးယူနဲ့ ပူးပေါင်း ဆောင်ရွက်သွားပါမယ်” ဟု ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Kristian Schmidt ကလည်း“မြန်ကူ အရေးပေါ်ရန်ပုံငွေဟာ မြန်မာနိုင်ငံမှာ COVID-19 ကြောင့် စားဝတ်နေရေး ခက်ခဲနေရတဲ့ ထောင်နဲ့ချီတဲ့လုပ်သားတွေနဲ့ သူတို့ရဲ့မိသားစုတွေအပေါ် ထားရှိတဲ့ ဥရောပသမဂ္ဂရဲ့ စစ်မှန်တဲ့ အတူတကွရပ်တည်မှုတစ်ခုပါပဲ။ ဒီအလုပ်သမားတွေအဖို့ မြန်မြန်ဆန်ဆန်၊ လွယ်လွယ်ကူကူ နဲ့ လက်လှမ်းမီနိုင်တဲ့ ငွေကြေးအထောက်အပံ့မျိုးကို မြန်ကူက လုပ်ဆောင်ပေးမှာပါ" ဟု ပြောသည်။
ပထမအသုတ်အဖြစ် ငွေလွှဲပြောင်း ထောက်ပံ့မှုတွင် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း စက်ရုံခြောက်ရုံမှ အလုပ် ဆိုင်းငံ့ခံခဲ့ရသည့် အလုပ်သမားများ ပါဝင်သည်။ မြန်ကူအနေဖြင့် လာမည့်အပတ်များတွင် အလုပ်သမား ၉၀,၀၀၀ ခန့်ထံသို့ လွှဲပြောင်း ထောက်ပံ့ပေးနိုင်မည်ဟု ခန့်မှန်းထားသည်။

Read 2477 times
Rate this item
(0 votes)