What's new

×

Warning

JUser: :_load: Unable to load user with ID: 845


လစာ၏ ၄၀ ရာခိုင်နှုန်းထောက်ပံ့ငွေ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ Stay home ကြေညာထားသောမြို့နယ်များရှိ ဖူလုံရေး အကျုံးဝင် အလုပ်သမားများ ရမည်

လစာ၏ ၄၀ ရာခိုင်နှုန်းထောက်ပံ့ငွေ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ Stay home ကြေညာထားသောမြို့နယ်များရှိ ဖူလုံရေး အကျုံးဝင် အလုပ်သမားများ ရမည်။

ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသောအမိန့်အမှတ် ၁၁၀/၂၀၂၀ တွင်ပါရှိသည့် တိုင်းနဲ့ပြည်နယ်များရှိ ၁၁ မြို့နယ်တွင် ပဲခူးတိုင်းရှိ သနပ်ပင်မြို့နယ်နှင့်ကဝမြို့နယ်မှလွဲပြီး ကျန်မြို့နယ်များ ရှိဖူလုံရေးအကျုံးဝင်အလုပ်သမားများ လစာ၏ ၄၀ရာခိုင်နှုန်းဖူလုံရေးအထောက်အပံ့ရရှ်မည်ဖြစ်သည့်ကြေညာချက်ကို ရက်ပိုင်းအတွင်း အလုပ်သမားဝန်ကြီးဌာနမှထုတ်ပြန်သွားမည်ဖြစ်ကြောင်း လူမှုဖူလုံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းနုက Myanmar labour News ကိုပြောပါတယ်။
"ပဲခူးတိုင်းမှာက ပဲခူးမြို့နယ်၊သနပ်ပင်မြို့နယ်ရယ်ကဝမြို့နယ်ရယ်မပါဘူး။
၊မန္တလေးတိုင်းက မဟာအောင်မြေမြို့နယ်၊ချမ်းအေးသာစံမြို့နယ်၊အမရပူရမြို့နယ်၊တွေပါတယ်။ဧရာဝတီတိုင်းလည်းပါပါတယ်။ကျန်းဦးစီး ကကြေညာတဲ့ ၁၁ မြို့နယ်မှာ သနပ်ပင်ရယ်ကဝရယ်ကလွဲလို့ကျန်တာပေးမှာပါ။
အမိန့်ကြော်ငြာလည်းဒီရက်ပိုင်းအတွင်းမှာထုတ်ပေးပါမယ်။ဝန်ကြီးဌာနကိုလည်းတင်ထားပါတယ်"ဟုဒေါ်သန်းသန်းနုကပြောပါတယ်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမိန့်အမှတ် ၁၁၀/၂၀၂၀ အရ Stay home အစီအစဉ်ထုတ်ပြန်ထားသော မော်လမြိုင်မြို့နယ်၊ဘီးလင်းမြို့နယ်၊မဟာအောင်မြေမြို့နယ်၊ချမ်းအေးသာစံမြို့နယ်၊အမရပူရမြို့နယ်၊ပဲခူးမြို့နယ်၊ပုသိမ်မြို့နယ်၊ဖျာပုံမြို့နယ်၊ မအူပင်မြို့နယ်များရှိ လူမှုဖူလုံရေးအကျုံးဝင်အလုပ်သမားများကို stay home ကာလအတွင်း လုပ်ခလစာ၏ ၄၀ ရာခိုင်နှုန်းဖူလုံရေးကြေးထောက်ပံ့မည်ဖြစ်ကြောင်းသိရပါတယ်။
"ရန်ကုန်မှာတောင်အကုန်ထုတ်မပေးနိုင်သေးဘူး။ကျွန်မတို့ကတစ်ယောက်ချင်းစီတွက်နေရတော့ ပေးဖို့တွေလုပ်ထားပြီးပါပြီ။ကျန်ဦးစီးကထုတ်ပြန်တဲ့ အထဲပါတဲ့မြို့နယ်တွေပေးမှာပါ"ဟုဒေါ်သန်းသန်းနုကထပ်လောင်းပြောကြားပါတယ်။

Read 641 times
Rate this item
(0 votes)