What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဝန်ထမ်းလစာ မရှင်းပေးတဲ့ စက်ရုံပိုင်ရှင်ကို တရားစွဲ ဆိုထားမှု ကိုဗစ်ကာလကြောင့် ရုံးချိန်းထပ်မံ ခေါ်ယူခြင်းမရှိဘဲ အလုပ်သမားများလစာ ကျန်ငွေရရှိရန် ပိုမိုကြန့်ကြာနေ

အလုပ်သမားတွေကို မတ်လ လစာအချို့နဲ့ ဧပြီ လုပ်ခလစာ ရှင်းပေးခြင်း မရှိတဲ့ တောင်ဒဂုံမြို့နယ်က EURO Gate အထည်ချုပ်စက်ရုံပိုင်ရှင်ကို အခကြေးငွေပေးချေရေး ဥပဒေနဲ့ အလုပ်ရုံနဲ့ အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန(အလရ) ကနေ တရားစွဲဆိုထားခြင်းဖြစ်ပြီး

ကိုဗစ်ကာလကြောင့်ဟုဆိုကာတရားရုံးချိန်း ထပ်မံချိန်းဆိုခြင်းမရှိသောကြောင့် ဝန်ထမ်းများလစာကျန်ငွေရရှိရန်မှာအချိန်ပိုကြာနိုင်ကြောင်း EURO Gate အထည်ချုပ်အလုပ်သမားများကိုကူညီဆောင်ရွက်ပေးနေသည့် Labour Power Group ဥက္ကဌ ဦးကျော်မျိုးထွေးကပြောပါတယ်။

 

"တောင်ဒဂုံတရားရုံးကရုံးချိန်းကိုမချိန်းတော့ဘဲလုံးဝကိုရပ်ထားရတဲ့ပုံစံဖြစ်နေတယ်။အလုပ်သမားတွေရရန်ကျန်တာတွေရဖို့က အခုကကိုဗစ်ကာလနဲ့လည်းလာဆုံနေတော့ အလုပ်သမားတွေကံဆိုးတယ်ဘဲပြောရမယ် အရမ်းကိုကြာနေပြီ"ဟုဦးကျော်မျိုးထွေးကပြောပါတယ်။

အလုပ်ရှင်သည် ဖူလုံရေးကြေးများကိုအလုပ်သမားများထံမှကောက်ခံခဲ့သော်လည်း လှုမှုဖူလုံရေးရုံးသို့ပေစသွင်းခဲ့ခြင်းမရှိသည့်အတွက် ဖူလုံရေးအထောက်အပံ့ကိုလည်းမရရှိကြောင်းသိရပါတယ်။

 

"ဖူလုံရေးကြေးက ဧပြီလအထိဖြတ်တုန်း၊ အရပ်စကားနဲ့ပြောရရင်တော့ ဖြတ်စားသွားတာပေါ့။ ဖူလုံရေးကြေးတွေကို အလုပ်ရှင်က မသွင်းလို့ ဖူလုံရေးကလည်း တရားစွဲထားတယ်။ ဖူလုံရေးဘက်က ပေးမယ့် ၄၀ ရာခိုင်နှုန်းကို အလုပ်ရှင်က မပေးလို့ သူ စိုက်ပေးရမှာ ဒါပေမဲ့ အခုလောလောဆယ် ရှေ့က လုပ်ခလစာတောင် မပေးရသေးတော့ အဲ့ဒါက ဝေးသွားပြီ"ဟု ဦးကျော်မျိုးထွေးက ထပ်မံပြောပါတယ်။

 

EURO Gate အထည်ချုပ်စက်ရုံမှာ ၂၀၂၀ မတ်လ အတွင်းမှာ လုပ်ကိုင်ထားတဲ့လုပ်ခလစာများ ကိုအပြည့်အဝပေးချေခြင်းမရှိသည့်အတွက်အလုပ်သမား ၇၀၀ ခန့်အခက်အခဲဖြစ်နေပြီး အလုပ်သမားများကို ပေးချေရမယ့် မတ်လနှင့် ဧပြီလစာ မှာ ကျပ်သိန်း ၁၀၀၀ နီးပါး ရှိတယ်လို့ သိရပါတယ်။

 

#MyanmarLabourNews

Read 743 times
Rate this item
(0 votes)