What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကောလင်းမြို့၌ အအေးပိုလာသည့်အတွက် အနွေးထည်များ ရောင်းအားကောင်းလာ

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်၌ ဒီဇင်ဘာလဆန်းပိုင်းမှ အစပြု၍ ဆောင်းရာသီ အအေးဒဏ်လွန်ကဲလာခြင်းကြောင့် အနွေးထည်များနှင့် ဈေးချိုသည့် အနွေးထည်များ ရောင်းအားကောင်းလာကြောင်း သိရသည်။

 

“ဒီနှစ် ဆောင်းရာသီမှာ အအေးပိုလာတဲ့အတွက် ပုံမှန်ရောင်းနေရတာအပြင် တခြားအအေးဒဏ်ခံ အနွေးထည်တွေကိုလည်း ဝယ်ယူအားပေးသူတွေ များလာပါတယ်။ လွန်ခဲ့တဲ့ ဆောင်းရာသီတွေမှာ ကလေးဝတ်အနွေးထည်၊ လူကြီးဝတ်အနွေးထည်တွေလည်း အစုံ ရောင်းရတယ်။ ရုံးပိတ်ရက်တွေဆိုရင် တစ်ရက်ကို ငွေကျပ် ပုံမှန် ငါးသိန်းကနေ ဆယ်သိန်းအထိ ရောင်းရတဲ့ ရက်တွေလည်း ရှိပါတယ်။ ကျွန်မတို့ ဘေထုတ်တွေ ဖောက်တဲ့အခါမှာ အနွေးထည်တွေကတော့ အမျိုးမျိုးပဲ။ ဂျင်းထည်၊ ဂျာကင်ထည်၊ ဘောင်းဘီအထူအပါး၊ သက္ကလတ်၊ ကုတ်၊ လောင်းကုတ် စတာတွေကို ရွေးပြီး ကျေးရွာတွေဘက်မှာ သွားရောင်းကြတော့ တစ်ဆင့်ခံ ပြန်လည်ရောင်းချသူတွေ ပိုရောင်းရကြပါတယ်”ဟု အဝတ်အထည်ရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောပြသည်။

 

ကောလင်း၊ ဝန်းသိုတွင် နှစ်စဉ် ဆောင်းရာသီရောက်ပါက ဈေးနှုန်း ချိုသာသော အနွေးထည်များကို အခြေခံလူတန်းစားများသာမက ငွေကြေး တတ်နိုင်သည့် အသိုင်းအဝိုင်းများအထိ ဝယ်ယူဝတ်ဆင်ကြပြီး ဂျင်း၊ သက္ကလတ်၊ လောင်းကုတ်၊ ဂျာကင်၊ ပိုလီဖီးအင်္ကျီ၊ ဘောင်းဘီ၊ ခြုံစောင်အမျိုးမျိုး၊ ခေါင်းစွပ်လက်အိတ်၊ ခြေစွပ်၊ အင်္ကျီအနွေးထည်များမှာ ပုံမှန်ရောင်းချနေကြရပြီး ယခင်နှစ်များထက် ပိုမိုရောင်းကောင်းကြောင်း သိရသည်။

 

Source:The Mirror Daily

Read 866 times
Rate this item
(0 votes)