What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Investment Round-up

ရခိုင်ပြည်နယ် ပြဿနာကြောင့် ဥရောပနဲ့ အမေရိကန်တို့မှ ရင်းနှီးမြှုပ်နှံသူများက တုံ့ဆိုင်းဆိုင်း ဖြစ်နေကြချိန်မှာ ဂျပန်နဲ့ တရုတ်တို့မှ ရင်းနှီးမြှုပ်နှံသူတို့က ရင်းနှီးမြှုပ်နှံမှုများကို ခပ်ရဲရဲ ဆက်လက်လုပ်ကိုင်နေကြတာ တွေ့ရပါတယ်။

မတ်လကုန် ဘဏ္ဍာရေးနှစ်အကုန်မှာ အိမ်နီးနားချင်း တရုတ်မှ ရင်းနှီးမြှုပ်နှံမှုက ထိပ်ဆုံးမှာ ရှိနေပြီး ကန်ဒေါ်လာ ၁ ဒဿမ ၃၉ ဘီလျံ ရှိပါတယ်။

ဂျပန် စီးပွားရေး လုပ်ငန်းတွေက မြန်မာနိုင်ငံမှာ ကန်ဒေါ်လာ ၁ ဒဿမ ၄၇ ဘီလျံ ရင်းနှီးမြှုပ်နှံပြီး စံချိန်တင်ခဲ့ပါတယ်။ ယခင်စံချိန်ဟောင်းက ၂၀၁၄ ခုနှစ်မှာ တင်ခဲ့တာ ဖြစ်ပြီး ကန်ဒေါ်လာ ၁ ဒဿမ ၀၂ ဘီလျံ ရှိခဲ့ပါတယ်။

ရွှေတိဂုံဘုရားနဲ့ မလှမ်းကမ်း ယခင် စစ်သမိုင်းပြတိုက်နေရာမှာ ၁၆,၀၀၀ စတုရန်းမီတာ ရှိတဲ့ စီးပွားရေး အဆောက်အဦကို ပြည်တွင်း ကုမ္ပဏီ Yangon Technical & Trading Co (YTTC)နဲ့အတူ ဂျပန်မှ Fujita , Tokyo Tatemono နဲ့ ဂျပန်အစိုးရ ကျောထောက်နောက်ခံ ပြုထားတဲ့ Japan Overseas Infrastructure Investment Corporation for Transport & Urban Development တို့ ပူးပေါင်းပြီး ဆောက်လုပ်လျက် ရှိပါတယ်။ Yangon Technical & Trading Co (YTTC) ရဲ့ မိခင်ကုမ္ပဏီက Ayeyar Hinthar Holdings Co ဖြစ်ပါတယ်။ အဆောက်အဦမှာ အဆင့်မြင့်ရုံးခန်းများနဲ့ အဆင့်မြင့်ဟိုတယ်တို့ ပါဝင်မှာ ဖြစ်ပါတယ်။ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏဟာ ကန်ဒေါ်လာ သန်း ၁၅၀ ဒဿမ ၈ ရှိမယ်လို့ ဆိုပါတယ်။

လူဦးရေ သန်း ၅၀ ကျော် ရှိတဲ့ မြန်မာနိုင်ငံအတွင်းသို့ ကုမ္ပဏီတွေ စိတ်အားထက်သန်စွာဖြင့် ၀င်ရောက်လုပ်ကိုင်နေကြတာ တွေ့ရတယ်။ အထူးသဖြင့် ဂျပန်နဲ့ မြန်မာတို့ ပူးတွဲပြီး အကောင်အထည်ဖော်နေတဲ့ သီလ၀ါ အထူးစီးပွားရေးဇုန်မှာ ကုန်ထုတ်လုပ်မှုတွေ လာရောက်လုပ်ကိုင်ကြတယ်။

GS YUASA

GS Yuasa က အိမ်သုံးနဲ့ မော်တော်ယာဉ်သုံး ဘက်ထရီတွေကို သီလ၀ါမှာ ထုတ်လုပ်ဖို့ ထိုင်းလက်ခွဲကုမ္ပဏီမှတစ်ဆင့် ကန်ဒေါ်လာ သန်း ၁၀၀ သုံးစွဲခဲ့တယ်။
JFE Steel က hot-dip galvanizing steel ထုတ်လုပ်ဖို့ စက်ရုံသစ် ထူထောင်မယ်။ အဲဒီနေရာမှာပဲ JFE Holdings က high-quality steel sheet တွေကိုလည်း ထုတ်လုပ်သွားဖို့ ကြံရွယ်ထားတယ်။

ပိုးသတ်ဆေးလုပ်ငန်း Fumakilla က ပိုးသတ်ဆေး ဖြန်းဆေးတွေ ထုတ်လုပ်ဖို့ စက်ရုံ ဆောက်လုပ်မယ်။

ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ သီလ၀ါမှာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းက ကန်ဒေါ်လာ သန်း ၄၀၀ ရှိတယ်။ ကန်ဒေါ်လာ ၂၃၉ သန်းဟာ ဂျပန်မှ လာတာတွေ ဖြစ်ပါတယ်။ ဇုန်အတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေဖို့ ဓာတ်အားရုံတစ်ခုကို ဂျပန် ဖွံ့ဖြိုးရေး အကူအညီဖြင့် ဆောက်လုပ်လျက် ရှိတယ်။ လမ်းတွေနဲ့ အခြေခံအဆောက်အအုံတွေကိုလည်း ဆောက်လုပ်လျက် ရှိတယ်။

မြန်မာနိုင်ငံမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ ကန်ဒေါ်လာ ၆ ဒ ဿမ ၁၁ ဘီလျံ ၀င်ရောက်ခဲ့တာ ၁၁ % လျော့ကျသွားတာ နှစ်နှစ်ဆက်တိုက် ရှိပြီ ဖြစ်ပါတယ်။
အခုလို လျော့နည်းတာဟာ အချီကြီးတွေ ဖြစ်တဲ့ ဓာတ်ငွေ့သိုက် ထုတ်ယူဖို့ ရင်းနှီးမြှုပ်နှံခြင်း၊ Viettel မှ မိုဘိုင်းဈေးကွက်မှာ ရင်းနှီးမြှုပ်နှံခြင်းတွေဟာ ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်တို့မှာ ပမာဏ များပြားစေခဲ့လို့ ယခုအခါ လျော့ကျနေရတာ ဖြစ်ပါတယ်။

Korea Myanmar JV for building FOB garment factories

မြန်မာအထည်ချုပ်ကဏ္ဍမှာတော့ တရုတ်နဲ့ တောင်ကိုရီးယား ကုမ္ပဏီတွေ CMP (cut-make-pack) ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုနေကြပြီး ထပ်မံရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတွေလည်း ရှိနေပါတယ်။ တရုတ်ပြည်တွင်းမှာ အထည်ချုပ် လုပ်ကိုင်ဖို့ စီးပွားရေး တွက်သားမကိုက်အောင် လုပ်သားခနဲ့ ပတ်ဝန်းကျင် မထိခိုက်စေရေး စီမံချက်အပါအ၀င် ကုန်ကျစရိတ်တွေ ထောင်းလို့ ထုတ်လုပ်မှုနယ်ပယ်သစ် ရှာဖွေကြတဲ့ တရုတ်အထည်ချုပ်လုပ်ငန်းတွေဟာ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ ဧရာဝတီ တိုင်းဒေသကြီးတို့မှာ လာရောက်လုပ်ကိုင်ဖို့ စိုင်းပြင်းနေကြပါတယ်။

UNILEVER
Unilever က ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဧပြီလမှာ ဆပ်ပြာမှုန့်နဲ့ ခေါင်းလျှော်ရည်တို့ကို ပြည်တွင်းမှာ ထုတ်လုပ်ဖို့ ရင်းနှီးမြှုပ်နှံခွင့် ရရှိခဲ့ပါတယ်။

အရှေ့တောင်အာရှမှာ ရုပ်သံထုတ်လွှင့်မှု စီးပွားရေးကို မြှင့်တင်ဖို့ ရည်ရွယ်ချက်ရှိတဲ့ Andrea Radrizzani ဟာ ဗြိတိသျှ ဘောလုံးကလပ်ဖြစ်တဲ့ Leeds United ကို ပိုင်ဆိုင်သူဖြစ်ပြီး MNL All star  မြန်မာဘောလုံးအသင်းနဲ့  မြန်မာလက်ရွေးစင် ဘောလုံးအသင်းတို့နဲ့ ရန်ကုန်နဲ့ မန္တလေး မြို့များတွင် ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။

စားသောက်ကုန်လုပ်ငန်းကဏ္ဍမှာ ဖြစ်ပေါ်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှု သုံးခုကို လူပြောများခဲ့တယ်။ တစ်ခုက ရာသက်ပန် အမည်အမှတ်တံဆိပ်ဖြင့် ပဲဆီ ထုတ်လုပ်ရောင်းချတဲ့ Diamond Dragon Co Ltd ဖြစ်ပြီး ဆီနဲ့ ပလတ်စတစ် စက်ရုံတွေ ဆောက်လုပ်ဖို့ ကန်ဒေါ်လာ ၃၈ သန်းဖိုးကျော် ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပါတယ်။ စားသုံးဆီတွေ ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်းနဲ့ ဖြန့်ဖြူးခြင်းတို့ကို လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။ ထုတ်လုပ်မှု စက်ရုံသစ်အတွက် ကျပ် ၃၄ ဒဿမ ၂ ဘီလျံ ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပါတယ်။

Diamond Dragon Co Ltd CD Cooking Oil

Diamond Dragon Co Ltd ဟာ လှိုင်သာယာ စက်မှုဇုန်မှာ ပဲဆီစက်ရှိပြီး DD ပဲဆီ brand ဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက် ရှိပါတယ်။ တောင်ဒဂုံမြို့နယ်မှာ ပလတ်စတစ်ထုတ်ကုန် စက်ရုံအသစ်တစ်ခုကို ထူထောင်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် ကျပ် ၁၆ ဒဿမ ၇ ဘီလျံ ရင်းနှီးမြှုပ်နှံမယ်လို့ သိရပါတယ်။

FN GINGER

ဒုတိယတစ်ခုက ဘီယာကဏ္ဍထဲကို စင်ကာပူ အခြေစိုက်လုပ်ငန်းစုဖြစ်တဲ့ Fraser and Neave’s (F&N) က မြန်မာဘီယာဈေးကွက်ထဲကို ပြန်လာမယ်။ F&N က ပြီးခဲ့တဲ့ သုံးနှစ်တုန်းက မြန်မာပြည်ရဲ့ အကြီးဆုံး အရက်ချက်လုပ်ငန်းဖြစ်တဲ့ Myanmar Brewery မှာ ထည့်ဝင်ထားတဲ့ ၎င်းရဲ့ အစုရှယ်ယာ ၅၅ ရာခိုင်နှုန်းကို ဂျပန်မှ Kirin Holdings ကို ကန်ဒေါ်လာ သန်း ၅၆၀ နဲ့ ရောင်းချပြီး ထွက်ခွာခဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ မှတ်ပုံတင်ခဲ့တဲ့ Emerald Brewery Myanmar Ltd. မှာ သံလွင်ဧရာမှ ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ကျန်တဲ့ ၄၁ ရာခိုင်နှုန်းကို F&N က ပိုင်ဆိုင်ပါတယ်။ သံလွင်ဧရာရဲ့ မိခင်လုပ်ငန်းက ရွှေသံလွင် ဖြစ်ပါတယ်။

STARBUCKS

တတိယတစ်ခုက ကမ္ဘာကျော် Starbucks ကော်ဖီဖြစ်ပါတယ်။ အမေရိကန်အခြေစိုက် ကော်ဖီအဖျော်ယာမကာ လုပ်ငန်းဖြစ်ပြီး ရန်ကုန်မြို့မှာ ဆိုင်တွေ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ ပြည်ပလုပ်ငန်းမှ ရာနှုန်းပြည့်ပိုင်အဖြစ် ရင်းနှီးမြှုပ်နှံတာဖြစ်ပြီး Coffee Concepts (Myanmar) အမည်ဖြင့် အမည်ယူထားပါတယ်။ ဈေးကွက် ၇၅ ခုမှာ ဆိုင်ပေါင်း နှစ်သောင်းခွဲနီးပါး ဖွင့်လှစ်ထားတဲ့ လုပ်ငန်းဖြစ်ပါတယ်။

မြန်မာဈေးကွက်ထဲကို ၀င်လာဖို့ စိတ်အားထက်သန်နေတဲ့ အခြား ကော်ဖီဆိုင်လုပ်ငန်းတွေလည်း ရှိနေပြီး Coffee Bean & Tea Leaf (CBTL) ကော်ဖီဆိုင်လုပ်ငန်း၊ Singapore Myanmar Investco Limited လုပ်ငန်းနဲ့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား အခြေစိုက် International Coffee & Tea တို့ ပါဝင်ပါတယ်။

GORGOEA JEAN COFFEE

သြစတေးလျမှ Gloria Jeans ကော်ဖီကတော့ ရန်ကုန်မှာ ပြည်တွင်းကုမ္ပဏီဖြစ်တဲ့ Seezar Soesan မှ လုပ်ကိုင်ပေးတဲ့ ဆိုင်ခွဲတွေမှာ စတင်ရောင်းချပေးတာ တွေ့ရပါတယ်။

Read 1926 times
Rate this item
(0 votes)