What's new

×

Warning

JUser: :_load: Unable to load user with ID: 845


CMP စနစ်ဖြင့် အထည်ချုပ်ရာ၌ အထွက်နည်းသဖြင့် လာရောက်လုပ်ကိုင်သည့် နိုင်ငံများ လျော့နည်း

မြန်မာနိုင်ငံတွင် လက်ခစား (CMP) စနစ်ဖြင့် အထည်ချုပ်များလုပ်ဆောင်ရာတွင် အထည်အရေအတွက် များများမထွက်သည့်အတွက်

ပြည်ပမှ CMP စနစ်ဖြင့် လာရောက်လုပ်ကိုင်မည့်နိုင်ငံများမှ လာရောက်လုပ်ကိုင်မှု နည်းလာကြောင်း ဧပြီ ၈ ရက်က ကုန်သည်စက်မှု အသင်းချုပ်တွင် ပြုလုပ်သည့် ‘မျက်မှောက် မြန်မာ့ စီးပွားရေး အလားအလာသုံးသပ်ခြင်း’ အခမ်းအနားမှ သိရသည်။
“မြန်မာနိုင်ငံမှာ အထည်ချုပ်မှာ လိုင်းတစ်လိုင်းမှာ လူ ၇၀ ထားတယ်။ လူ ၁၀၀ ထားထားတယ်။ မြန်မာကထွက်တော့ အလုပ်ချိန်ရှစ် နာရီမှာ အထည် ၅၀၀ ဗီယက်နမ်က တစ်လိုင်းမှာ ၇၀ ပဲထားထားတယ်။ အထည် ၇၀၀ ထွက်တယ်။ တရုတ်က ၃၅ ယောက်ပဲထားတာ အထည် ၄၂၀ ထွက်တယ်။ ကျွန်တော် တို့နိုင်ငံကို CMP စနစ်အရ မလာတော့ ဘူး။ အထည်များများမထွက်ဘူး”
ဟု အဆိုပါအခမ်းအနားတွင် ပါဝင်ဆွေးနွေးသူ Device Services Company Limited မှ မန်နေဂျင်းဒါရိုက်တာ ဦးတင်ဇံကျော်က ပြောကြားသည်။
ဂျပန်၊ အီးယူ စသည့် နိုင်ငံများအနေဖြင့် လက်ရှိမြန်မာနိုင်ငံမှ Order မှာယူနေသည့် CMP လက်ခစားစနစ်ဖြင့် အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုအစား အစအဆုံး ကိုယ်တိုင်ချုပ်လုပ်သည့် FOB စနစ်ဖြ
င့်တင်ပို့မှုကို ပိုမိုစိတ်ဝင်စားကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်င
န်းရှင်များအသင်းမှ သိရသည်။
“သူတို့အများစုက စိတ်ဝင်စားတာက FOB ကို စိတ်ဝင်စားတာ FOB က တို့ဆီမှာ လုပ်နိုင်ခြင်းရှိသေးဘူး။ FOB ဆိုတဲ့ ဟာက ဒီအကျ င်္ီတစ်ထည်ကို Buyer က သူ့အစတွေ၊ ဇစ်တွေ၊ ကြယ်သီးတွေ အတွင်းခံတွေ၊ ချည်တွေ စိတ်မ၀င်စားဘူး။ မင်းဘာသာမင်း Organize လုပ်သူကို ဘယ်လောက်နဲ့ ရောင်းမလဲပြော။ ဒေါ်လာ ၂၀ နဲ့ရောင်းမလား ကိုယ်ဟာကိုယ်စုစည်း အစတွေဝယ်၊ ချည်တွေဝယ်ပြီးလို့ရှိရင်
သူ့ကိုဒေါ်လာ ၂၀ နဲ့ရောင်းမယ်ဆိုရင် သူကဟိုမှာ သူသယ်ယူပို့ဆောင်ရေး စရိတ်တွက်မယ် သူဟိုမှာ ဒေါ်လာ ၄၀ နဲ့ ရောင်းရင်ရောင်းမယ်။ ကိုက်ရင်ဝယ်မယ်။ အဲဒါကများတယ်” ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ ဗဟိုအလုပ်မှုဆောင် ဦးထွန်းထွန်းက ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းက ပြောကြားထားသည်။
လက်ရှိအချိန်တွင်မူ ပြည်တွင်း၌ ပိတ်စကုန်ကြမ်း မထုတ်လုပ်နိုင်ခြင်းနှင့် ဈေးကွက်ထိုးဖောက်နိုင်စွမ်း မရှိသေးသည့်အတွက် အဆိုပါအစအဆုံး ကိုယ်တိုင်ချုပ်လုပ်သည့် FOB စနစ်ဖြင့် တင်ပို့မှုကို မဆောင်ရွက်နိုင်သေးကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းများကို ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံသားပိုင်စက်ရုံများနှင့် နိုင်ငံခြားကုမ္ပဏီများနှင့် အကျိုးတူဖက်စပ်လုပ်ကိုင်သည့် ပြည်တွင်းပြည်ပ ဖက်စပ်ကုမ္ပဏီများအဖြစ် ဆောင်ရွက်နေခြင်းဖြစ်သည်။ ဖက်စပ်လုပ်ကိုင်သည့် ပြည်ပနိုင်ငံများတွင် ဂျပန်၊ တရုတ်၊ ကိုရီးယားနှင့် ထိုင်ဝမ်နိုင်ငံတို့မှ အများဆုံးလာရောက်လုပ်ကိုင်နေကြသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းကဏ္ဍ၌ စက်ရုံပေါင်း ၄၀၀ ကျော်အထိ တိုးတက်လာပြီး ၂၀၁၆ ခုနှစ်အတွင်း အထည်ချုပ်ကဏ္ဍမှ လုပ်သားအင်အား သုံးသိန်းငါးသောင်း ခန့်ထားပေးနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ လုပ်သားအင်အား၏ ရာခိုင်နှုန်း ၉၀ သည် အမျိုးသမီးလုပ်သားများ ဖြစ်သည်။

Eleven Media

Read 1145 times
Rate this item
(0 votes)