What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရေဖြူမြို့နယ်တွင် စက်ချုပ်သင်တန်း ဖွင့်လှစ်

အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉နာရီက တနသာင်္ရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ထိန်ကြီးကျေးရွာရှိ သာသနာ့ဝေပုလ္လ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။


ရှေးဦးစွာ တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဘေဘီသန်းက အဖွင့်အမှာစကားပြောကြားပြီး ထားဝယ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွန်းဦးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ် ပေးနေသော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများသည် ကျေးရွာနေဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွားပြီး လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်အတွက် ဖွင့်လှစ်သင်ကြားပေးနေခြင်းဖြစ်ကြောင်း၊ သင်တန်းသူများသည်လည်း ကြိုးကြိုးစားစား သင်ယူကြရန်လိုကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းတွင် ရေဖြူမြို့နယ်အတွင်းရှိ ဘဝါ၊ ဘဝါကမ်းခြေ၊ ထွက်ဝ၊ မယင်းကြီး၊ လဲရှောင်၊ ပရဒတ်၊ မူးဒူးနှင့် ထိန်ကြီးကျေးရွာတို့မှ သင်တန်းသူ ၁၇ဦးကို သင်တန်းကာလ နှစ်လကြာ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

 

Source:myawadi

Read 1090 times
Rate this item
(1 Vote)