What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပြည်ပပို့ကုန် ချုပ်ထည် အများဆုံး

လက်ရှိအချိန်အထိ ပြည်ပပို့ကုန်တန်ဖိုး ဒေါ်လာ ၂ ဒသမ ၄ ဘီလျံတွင် CMP စနစ် ဖြင့်  ချုပ်ပြီးအထည်တင်ပို့မှုမှာ ဒေါ်လာ ၅၃၈ သန်းဖြင့် အများဆုံးတင်ပို့မှု ပထမနေရာ ရထားပြီး

 

သဘာဝဓာတ်ငွေ့တင်ပို့မှုမှာ ဒေါ်လာ ၄၃၃ သန်းဖြင့် ဒုတိယနေရာ၌ ရောက်ရှိနေသည်။

၂၀၁၈ ခုနှစ် ဧပြီနှင့် မေလကုန်အထိ ရရှိသောစာရင်းများအရ ပြည်ပပို့ကုန်တန်ဖိုး ဒေါ်လာ ၂ ဒသမ ၇ ဘီလျံတွင် CMP စနစ်ဖြင့် ချုပ်ပြီးအထည်တင်ပို့မှုမှာ ဒေါ်လာ ၅၃၈ သန်းဖြင့် အများဆုံးတင်ပို့ထားပြီး သဘာဝဓာတ်ငွေ့တင်ပို့မှုမှာ ဒေါ်လာ ၄၃၃ သန်းဖြင့် ဒုတိယနေရာတွင် ရပ်တည်လျ က်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၁၈ ခုနှစ် ဧပြီနှင့်မေနှစ်လအတွင်း ပို့ကုန်တင်ပို့မှုတွင် စက်မှုကုန်ချောပစ္စည်းအုပ်စုမှ CMP စနစ်ဖြင့် ချုပ်ပြီးအထည်တင်ပို့မှု တန်ဖိုးဒေါ်လာ ၅၃၈ သန်းဖြင့် အများဆုံးဖြစ်ပြီး
ယခင်ကာလတူထက်တန်ဖိုးဒေါ်လာ ၂၆၁ သန်း ပိုမိုတင်ပို့ခဲ့ပြီး ပြည်ပပို့ကုန်ပစ္စည်းများတွင် ပထမနေရာတွင် ရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပည်ပပို့ကုန်များအနက် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ တန်ဖိုးဒေါ်လာ ၄၃၃ သန်းဖြင့် ဒုတိယနေရာတွင် ရပ်တည်နေကြောင်း သိရသည်။
“သဘာဝဓာတ်ငွေ့တင်ပို့မှုက မနှစ်ကထက် ဒေါ်လာ ၁၇၉ သန်းလောက် ပိုရတယ်။ အဓိကကတော့ သဘာဝဓာတ်ငွေ့က ဈေးနှုန်းမြင့်တဲ့ အတွက်ကြောင့် မြင့်လာတဲ့  သဘောပါ” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။
CMP အထည်ချုပ်လုပ်ငန်းများသည် ကုန်သွယ်ရေးဦးစီးဌာနတွင် ဆောင်ရွက်ထားရှိသော Fully Online Licence စနစ်ဖြင့် ၂၀၁၇ ခုနှစ်တွင် စက်ရုံ ၁၀ ရုံဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ်မေလတွင် စက်ရုံပေါင်း ၃၀၀ ကျော်ထိ တိုးချဲ့ဆောင်ရွက်လာခဲ့ကြောင်း သိရသည်။
CMP စနစ်ဖြင့် တင်ပို့မှုကို လေ့လာကြည့်ပါက ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ ဒေါ်လာတစ်ဘီလျံရှိရာမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဒေါ်လာသုံးဘီလျံထိ တိုးတက်ရရှိလာသဖြင့် ငါးနှစ်အတွင်း ပို့ကုန်သုံးဆ တိုးမြှင့်နိုင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုကို လေ့လာကြည့်ပါက ၂၀၁၀ ပြည့်နှစ်တွင် အထည်ချုပ် တင်ပို့မှုတွင် ဒေါ်လာ ၃၃၇ သန်း ရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် သုံးဆအထိ မြင့်တက်လာခဲ့ပြီး ဒေါ်လာတစ်ဘီလျံနီးပါးခန့်အထိ ရောက်ရှိလာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ထို့အပြင် ၂၀၁၅ ခုနှစ်တွင် ချုပ်ပြီးအထည်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၆ ဘီလျံထိ ရှိလာခဲ့ပြီး မြန်မာနိုင်ငံ၏ စုစုပေါင်းပို့ကုန်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းအထိေ
ရာက်ရှိလာသည်အထိ အထည်ချုပ်လုပ်ငန်းများ တစ်ရှိန်ထိုး တိုးတက်လာခဲ့ကြောင်း၊ ပို့ကုန်ဈေးကွက်တွင်လည်း အီးယူဈေးကွက်သို့ တင်ပို့မှုမှာ ယခင်နှစ်များထက် ၂၀၁၅ ခုနှစ်တွင် ရာခိုင်နှုန်း ၈၀ အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။
၂၀၁၈ ခုနှစ် ဧပြီနှင့်မေနှစ်လအတွင်း ပို့ကုန်တန်ဖိုးဒေါ်လာ ၂ ဒသမ၄ ဘီလျံ၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ၃ ဒသမ ၄ ဘီလျံနှင့် စုစုပေါင်းပြည်ပကုန်သွယ်မှု ပမာဏဒေါ်လာ ၅ဒသမ ၈ ဘီလျံကျော် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် ဧပြီနှင့် မေနှစ်လတာ ကာလတွင် ပြည်ပကုန်သွယ်မှု တန်ဖိုးဒေါ်လာ ၅ ဒသမ၈ ဘီလျံတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဒေါ်လာ ၄ ဒသမ ၅ ဘီလျံဖြစ်ပြီး နယ်စပ်ကုန်သွယ်မှုမှ ဒေါ်လာ ၁ ဒသမ ၃ ဘီလျံဖြစ်သဖြင့် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှာ ၇၈ ရာခိုင်နှုန်းဖြစ်ပြီး နယ်စပ် ကုန်သွယ်မှုမှ၂၂ ရာခိုင်နှုန်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Eleven Media Group

Read 1035 times
Rate this item
(0 votes)