What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သတ်မှတ်ချိန်ထက် အချိန်ပိုခေါ်ယူနေသည့် စက်ရုံ၊အလုပ်ရုံများအား သတင်း ပေးပို့ပါက ဥပဒေအရစစ်ဆေးအရေးယူသွားမည်

COVID-19 ကာလအတွင်း အလုပ်သမားများအား သတ်မှတ်ချိန်ထက်ကျော်လွန်ကာ အချိန်ပိုခေါ်ယူနေသည့် အလုပ်ရုံ၊ စက်ရုံများမှ အလုပ်သမားများအနေဖြင့် သတင်းပေးပို့ရန် လိုအပ်ပြီး ဥပဒေအရ စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

 

ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း စက်ရုံ/အလုပ်ရုံများ ဖွင့်လှစ်ဆောင် ရွက်နေမှု အခြေအနေများ၊ လူမှုဖူလုံရေး အကျုံးဝင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အလုပ်သမားများ၊ ဝန်ထမ်းများအား လူမှုဖူလုံရေးထောက်ပံ့ငွေများ ဆက်လက်ခွင့်ပြုထုတ်ပေးနေသည့် အခြေအနေများနှင့် ပတ် သက်၍ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာ၂၂ ရက်တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ရာတွင် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အဆိုပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

 

အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က အချိန်ပိုခေါ်ယူသည့်ကိစ္စနှင့် ပတ်သက်၍ တစ်ပတ်လျှင် နာရီ ၂၀ အချိန်ပိုအလုပ် ဆင်းရန် သက်ဆိုင်ရာ မြို့နယ် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ရုံးများ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခွင့်ရှိပါကြောင်း သတ်မှတ်ချက်နာရီထက် ပိုမိုလုပ်ဆောင်မှုများရှိသည်ကို သတင်းပေးပို့ကြရန်နှင့် တာဝန်ရှိသူများမှ သွားရောက်၍ ဥပဒေနှင့်အညီ စစ်ဆေး အရေးယူဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါတယ်။

 

"COVID-19 ကာလအတွင်းမှာ စက်ရုံ၊အလုပ်ရုံ တွေမှာ OT တွေ အလွန်အကျွံခေါ်နေတယ်ဆိုတာမျိုးကို အလုပ်သမားများရဲ့ဆက်သွယ်တိုင်ကြားချက်အရသိရပါတယ်။ဒါကြောင့်မိုလို့ ဒီလိုမျိုး OT အလွန်အကျွံ ခေါ်ယူနေတဲ့စက်ရုံအလုပ်ရုံတွေနဲ့ စပ်လျဉ်းပြီး ဥပဒေနှင့်အညီဆောင်ရွက်ပေးရန် တင်ပြပါတယ်"လို့ အဆိုပါအစည်းအဝေးတွင် ပါဝင်ခဲ့သော MICS အလုပ်သမားအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ်ဦးသက်နှင်းအောင်ကပြောပါတယ်။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ၊ ကုသဆေးများ မပေါ်ပေါက်မီ အလုပ်သမားများအနေဖြင့် စက်ရုံ၊ အလုပ်ရုံ၊ အိပ်ဆောင်နှင့် အခြားလူစုလူဝေးနေရာများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနများမှ ထုတ်ပြန်ချက်များဖြစ်သည့် မကြာခဏလက်ဆေးခြင်း၊ Mask တပ်ခြင်း၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း၊ လူစုလူဝေးနေရာအား ရှောင်ရှားခြင်းဖြင့် ယခု ကပ်ရောဂါကြီးမှ ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း အလုပ်သမားများအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ် သမားများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တွေ့ကြုံလာမည့် အခက်အခဲနှင့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည် ဖြစ်ပါကြောင်း ယခုအချိန်တွင် စိတ်ရှည်မှု၊ သည်းခံမှု၊ နားလည်မှုရှိမှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ကို ပိုမိုလုပ်ဆောင်ရန် လိုအပ်ကြောင်းတို့ကိုလည်း အဆိုပါအစည်းအဝေးတွင် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကပြောကြားခဲ့ပါတယ်။

 

#MyanmarLabourNews

Read 697 times
Rate this item
(0 votes)