What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပဲခူးတိုင်းဒေသကြီးတွင် အထည်အလိပ်စက်ရုံတစ်ခု တည်ထောင်ရန် တရုတ်ကုမ္ပဏီတစ်ခုမှ လာရောက်ဆွေးနွေး

ပဲခူးတိုင်းဒေသကြီးတွင် အထည်အလိပ်စက်ရုံတစ်ခု တည်ထောင်ရန် တရုတ်ကုမ္ပဏီတစ်ခုမှ လာရောက်ဆွေးနွေး Facebook

ပဲခူးဒေသတွင် အထည်ချုပ်စက်ရုံ တည်ထောင်လုပ်ကိုင်ခွင့်ရရှိနိုင်ရေး Tongli Co., Ltd မှ Chairman Mr. Frank Gong

 

ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဧည့်ခန်းမသို့ ဒီဇင်ဘာလ (၁၆) ရက်နေ့က

 

လာရောက်ရှင်းလင်းတင်ပြခဲ့ကြောင်း သိရပါတယ်။

 

Mr. Frank Gong က မိမိတို့ကုမ္ပဏီသည် တရုတ်နိုင်ငံသားပိုင် မိသားစုကုမ္ပဏီတစ်ခုဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံတွင်လည်း

 

အထည်ချုပ်လုပ်ငန်းနှင့် ဆေးဆိုးပန်းရိုက်လုပ်ငန်းများကို ဆောင်ရွက်နေသလို မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး

 

ရွှေလင်ပန်းစက်မှုဇုံနှင့် မြောင်းတကာစက်မှုဇုန်တို့တွင်လည်း အထည်ချုပ်စက်ရုံများ တည်ထောင်လျက်ရှိပြီ

 

း နိုင်ငံတကာသို့ တင်ပို့ဆောင်ရွက်လျက်ရှိပါကြောင်း ရှေးဦးစွာ တင်ပြခဲ့ပါတယ်။

 

ဒါ့ပြင် စက်ရုံလုပ်ငန်း ထပ်မံတိုးချဲ့ဆောင်ရွက်လို၍ ပဲခူးဒေသကို ရွေးချယ်ပြီး အစိုးရထံမှ မြေငှားယူပြီး သတ်မှတ်ထားသည့်

 

ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပဲခူးဒေသတွင်း မြေဧရိယာ (၂၀) ဧက ငှားရမ်းဆောင်ရွက်ခွင့်ရရှိခဲ့ပါက

 

ဒေသခံပြည်သူ လုပ်သားဦးရေ (၅၀၀၀) ခန့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ကြောင်း တင်ပြခဲ့ပါတယ်။

 

ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးဒေသကို ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်တစား လာရောက်ကမ်းလမ်းမှုကို ကြိုဆိုပါကြောင်းနှင့်

 

ကုမ္ပဏီအနေဖြင့် ဆောင်ရွက်လိုသည့် မြေနေရာနှင့် ပတ်သက်၍ ဖွဲ့စည်းထားပြီးဖြစ်သည့် စက်မှုဇုံကြီးကြပ်ရေးကော်မတီအဖွဲ့ဖြင့်

 

ကွင်းဆင်း၍ စစ်ဆေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ စက်ရုံလုပ်သားများအတွက် နေထိုင်ရန် နေရာပါ စီစဉ်ထားရှိသွားမည်ဖြစ်၍

 

ဒေသခံပြည်သူများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ မြေနေရာနှင့်ပတ်သက်၍ အကြောင်းပြန်ကြားပေးမည်ဖြစ်ကြောင်း

 

ပြန်လည်ပြောကြားခဲ့ပါတယ်။

 

င်္ဃန်းပရိက္ခရာဆိုင် ၈၄၂ ဆိုင်ကိုရှာရန်နှိပ်ပါ။

 

Source: https://bagoregion.gov.mm

 

<<< Zawgyi ဖြင့်ဖတ်ရန် >>>

ပဲခူးတိုင်းဒေသကြီးတွင် အထည်ချုပ်စက်ရုံ တည်ထောင်လုပ်ကိုင်ခွင့်ရရှိနိုင်ရေး Tongli Co., Ltd မှ Chairman Mr. Frank Gong










ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးကို ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်တစား လာရောက်ကမ်းလမ်းမှုကို ကြိုဆိုပါကြောင်းနှင့်


ကွင်းဆင်း၍ စစ်ဆေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ စက်ရုံလုပ်သားများအတွက် နေထိုင်ရန် နေရာပါ စီစဉ်ထားရှိသွားမည်ဖြစ်၍ေ

ဒသခံပြည်သူများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ မြေနေရာနှင့်ပတ်သက်၍ အကြောင်းပြန်ကြားပေးမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။

 


 

သင်္ဃန်းပရိက္ခရာဆိုင် ၈၄၂ ဆိုင်ကိုရှာရန်နှိပ်ပါ။

 

Myanmar Textile and Garment Directory

Read 1102 times
Rate this item
(0 votes)
Tagged under

Related items