What's new

×

Warning

JUser: :_load: Unable to load user with ID: 845


SMART Myanmar စီမံကိန်းနှင့် သုံးပန်လှ အဖွဲ့အစည်းတို့ ပူးပေါင်း၍ ဆန်းဒေးကဖေး အမှတ်စဉ် (၂)ဖွင့်လှစ်ခဲ့

အထည်ချုပ်စက်ရုံ လုပ်ငန်းခွင် အမျိုးသမီးများ လူမှုအဖွဲ့ ဖွံ့ဖြိုးရေးစင်တာတစ်ခုကို ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလတွင် ဖွင့်လှစ်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ ဖွံ့ဖြိုးရေး စင်တာကို ဥရောပသမဂ္ဂ၏ ပံ့ပိုးကူညီမှုဖြင့် SMART Myanmar စီမံကိန်းနှင့် သုံးပန်လှ အဖွဲ့အစည်းတို့ ပူးပေါင်း၍ ဆန်းဒေးကဖေး အမှတ်စဉ် (၂)ကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီလတွင် ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၌ ဖွင့်လှစ်ခဲ့ ခြင်း ဖြစ်သည်။

 

ယခုလိုဖွင့်လှစ်နိုင်ရန် SMART Myanmar စီမံကိန်းမှ သုံးပန်လှအဖွဲ့နှင့် ၂၀၁၅ ခုနှစ် ကတည်းက ဆွေးနွေးညှိနှိုင်းမှုများကို စတင်ခဲ့ သည်။ သုံးပန်လှအဖွဲ့မှ ယခင်နှစ်များတွင် အကောင်အထည်ဖော် အောင်မြင်နေသော ဆန်းဒေးကဖေး အမှတ်စဉ်(၁) မှ အမြင်နှင့် သုံးသပ်ချက်များကို အသုံးပြု၍ ယခုလို ဆန်း ဒေးကဖေး အမှတ်စဉ်(၂)ကို နေရာသစ်တွင် တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။

SMART Myanmar စီမံကိန်း၏ အဖွဲ့ ခေါင်းဆောင် Mr. Jacob A. Clere မှ ပြောကြား သွားသည်မှာ ကျွန်တော်တို့ အနေဖြင့် ယခုလို ပညာပေးခြင်း အရင်းအမြစ်နှင့် ထောက်ပံ့မှု ကွန်ယက်များဖြင့် ပိုမိုလုံခြုံသော လူမှုအသိုင်း အဝိုင်း ဖြစ်လာစေရန် အထောက်အပံ့ ပေးခွင့် ရတာအတွက် အလွန်ကို ဝမ်းသာကျေနပ်မိပါ ကြောင်း၊ ယခုလို လူမှုအဖွဲ့အစည်းတစ်ခု ဖွံ့ဖြိုး တိုးတက်ရေးသည် လှိုင်သာယာ တစ်မြို့နယ် လုံးရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် လည်း အလွန်အရေးပါ လိမ့်မည်ဖြစ်ကြောင်း။ ယခု ကျွန်တော်တို့ ထောက်ပံ့ပေးထားသော အရင်းအမြစ်များနှင့် အလုပ်ရုံဆွေးနွေးမှုများက ယခု ဆန်းဒေးကဖေး အမှတ်စဉ်(၂)အတွက် စစ်မှန်ပြီး ရေရှည်အကျိုးသက်ရောက်မှုများ ဖြစ် လာလိမ့်မည်ဟု   ယုံကြည်ပါကြောင်း စသည် ဖြင့် ပြောကြားသွားပါသည်။

 

ဆက်လက်၍ သုံးပန်လှ အဖွဲ့ ညွှန်ကြား ရေးမှူး ဒေါ်သန္တာကိုမှ ပထမဦးဆုံး ဆန်းဒေး ကဖေး အမှတ်စဉ်(၁)ကို သုံးပန်လှအဖွဲ့မှ Ms. Helen Gunthorpe နှင့် ဒေါ်သန္တာကိုတို့၏ ဦးဆောင်မှုဖြင့် ၂၀၁၄ ခုနှစ်တွင် စတင် ဖွင့် လှစ်ခဲ့ပြီး “ဆန်းဒေးကဖေး”ဟု အမည်ပေးရခြင်း အကြောင်းမှာ ကဖေးသို့ လာရောက်ကြသည့် အထည်ချုပ်စက်ရုံ လုပ်ငန်းခွင် အမျိုးသမီးများ ၏ အလုပ်အားလပ်ရက်မှာ တနင်္ဂနွေနေ့ ဖြစ် သဖြင့် ထိုနာမည်ကို အဓိကထား၍ အမည်ပေး ထားခြင်းဖြစ်ကြောင်း ပြောကြားသွားပါသည်။ ဆက်လက်၍ ယခုဖွင့်လှစ်သည့် ဆန်းဒေး ကဖေး အမှတ်စဉ်(၂)သို့ အမျိုးသမီးများကို နွေးထွေးစွာ ဖိတ်ခေါ်ကြိုဆိုပြီး ၄င်းတို့၏ ကိုယ် ရေးကိုယ်တာနှင့် နေ့စဉ်လူမှုဘဝများ ဖွံ့ဖြိုးတိုး တက်လာစေရန် အကူအညီများ ပေးအပ်သွား မည့်အပြင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်စောင့် ရှောက် တတ်လာစေရန်၊ လုပ်ငန်းခွင်ဘေးကင်း လုံခြုံမှုနှင့် ကျွမ်းကျင်မှု တိုးတက်လာစေရန်၊ တာဝန်ယူမှု တာဝန်ခံမှု စိတ်ဓာတ်များ မြင့်မား လာစေရန်၊ အမျိုးသမီး အခွင့်အရေးများနှင့် အတူ ကျားမတန်းတူညီမျှမှုနှင့် အငြင်းပွားမှုများ အား ကိုင်တွယ်ဖြေရှင်းပုံများကို သိရှိနားလည် လာစေရန် ပညာပေး ဆွေးနွေးဖလှယ်ပွဲများကို ပြုလုပ်ပေးသွားရန်လည်း ရည်ရွယ်ထားကြောင်း ပြောကြားသွားပါသည်။

ဆက်လက်၍ ပြောကြားသွားသည်မှာ သုံးပန်လှမှ ယခင်ပို့ချပေးခဲ့သည့် သင်တန်းများ တွင် တစ်ကိုယ်ရေ သန့်ရှင်းမှုနှင့် ငွေကြေးစီမံ ခန့်ခွဲမှု စသည့် မတူကွဲပြားသောခေါင်းစဉ် များ ပါဝင်ပြီး ယခု ဆန်းဒေးကဖေး အမှတ်စဉ်(၂) တွင် ဥပဒေရေးရာနှင့် အလုပ်သမားအခွင့်အရေး များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကိုလည်း တိုးချဲ့ထည့်သွင်းပေးသွားခြင်းဖြင့် အလုပ်သမား အခွင့်အရေး ဥပဒေများကို ပိုမိုသိရှိနားလည်လာစေရန်ရည်ရွယ်ကြောင်းနှင့် မိုဘိုင်းဖုန်းများ တွင် မြန်မာဘာသာဖြင့် ထည့်သွင်း အသုံးပြု နိုင်မည့် အလုပ်သမားဥပဒေဆိုင်ရာ ပညာပေး မည့် Smart ဖုန်းဆော့ဝဲ တစ်မျိုးကို လာမည့် မတ်လတွင် အချိန်မီ မိတ်ဆက်သွားနိုင်ရန် ဂျာမနီနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ အစည်း(GIZ)နှင့် ဆွေးနွေးသွားမည် ဖြစ်ပါ ကြောင်း စသည်တို့ ပါဝင်ပါသည်။

အဖွဲ့အစည်းများအကြောင်း

သုံးပန်လှ အဖွဲ့အစည်းသည်၂၀၁၄ ခုနှစ် တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ်တွင် စတင်တည်ထောင်ခဲ့သော ဒေသခံ အမျိုးသမီးများ၏လူမှုအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဆန်းဒေးကဖေးကို ဖွင့်လှစ်၍ အမျိုးသမီးများ၏ ပညာရေးနှင့် လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက် လာစေရန် အဓိက ကူညီပံ့ပိုးပေးနေသောအဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။

SMART Myanmar စီမံကိန်း(၂၀၁၃ ခုနှစ်  မှ ၂၀၁၈ ခုနှစ်)သည် ဥရောပသမဂ္ဂ၏ ရန်ပုံငွေ ထောက်ပံ့ပေးမှုဖြင့် အထည်ချုပ်စက်ရုံ လုပ်ငန်း များ၏ လုပ်ငန်းခွင်အန္တရာယ် ဘေးကင်းရေး၊ လုပ်ငန်းစီမံခန့်ခွဲမှုစနစ် ပိုမိုကောင်းမွန်လာစေ ရေး၊ သဘာဝ ပတ်ဝန်းကျင်ကို တန်ဖိုးထား ထိန်းသိမ်းလာစေရန် စသည့် ကဏ္ဍအသီးသီး တွင် စွမ်းဆောင်ရည် မြင့်မားလာစေရန်နှင့် စက်ရုံလုပ်ငန်းခွင် အမျိုးသမီးများ၏ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးနှင့် အလုပ်သမားဥပဒေ ဆိုင်ရာ အသိပညာများ မျှဝေပေးရေးတို့ အပါ အဝင် အမျိုးသမီးကဏ္ဍတစ်ရပ်လုံး ဖွံ့ဖြိုးတိုး တက်လာစေရန် စသည်တို့ကို အကောင် အထည်ဖော် ဆောင်ရွက်နေသော အဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။

Read 1025 times
Rate this item
(0 votes)