What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ၾသဇီ အသြက္ဖက္ရွင္ႏွင့္ ျမန္မာလုပ္သားမ်ား

ၾသစေတးလ်တုိ႔၏ အသြက္ဖက္ရွင္ စြဲလမ္းမႈအတြက္ ျမန္မာ အထည္ခ်ဳပ္ လုပ္သားမ်ား ေပးဆပ္ေနၾကရသည္။ အထည္ခ်ဳပ္လုပ္သားမ်ားသည္ တစ္ေန႔တာ ေနထုိင္စရိတ္ကုိ ကာမိဖုိ႔ ႀကိဳးစား႐ုန္းကန္ေနရသည္။ စက္႐ုံပုိင္ရွင္မ်ားမွာ ကမၻာဖက္ရွင္အမွတ္တံဆိပ္မ်ား ၾသစေတးလ်သုိ႔ ခ်ဲ႕ထြင္ျခင္းေၾကာင့္ အမွာစာမ်ား ႐ုတ္တရက္ ပုိမ်ားသြားသည့္အတြက္ ေပ်ာ္စရာေကာင္းေနသည္။

DSC04693

မသဲသဲမာသည္ မႏၲေလးၿမိဳ႕အျပင္ဘက္ရွိ အထည္စက္႐ုံတစ္ခုတြင္ လုပ္ကုိင္ေနသူ ျဖစ္သည္။ တစ္ေန႔ ရွစ္နာရီ အလုပ္ခ်ိန္အတြက္ အနည္းဆုံး လုပ္ခမွာ က်ပ္ ၃၆၀၀ ျဖစ္သည္။ ထုိ၀င္ေငြသည္ တစ္ေန႔တာအတြက္ သူမႏွင့္ သူမ၏ကေလးတုိ႔အတြက္ ကုန္က်စရိတ္ကုိ အလ်ဥ္မီ႐ုံမွ်သာ ရွိသည္။ သုိ႔ေသာ္ မလုပ္မျဖစ္ လုပ္ရမည့္ကိစၥမ်ား ရွိေနသည္။ အိမ္အမုိးေပါက္ေနသည္ကုိ ဖာရဦးမည္။‘‘ကၽြန္မ တတ္ႏုိင္သေလာက္ေတာ့ လုပ္ပါတယ္။ ဒါေပမဲ့ မုိးရြာရင္ အေတာ္ဆုိးတယ္။ မီးဖုိေခ်ာင္မွာ စုိရႊဲေနလုိ႔ ကၽြန္မ ခ်က္ျပဳတ္လုိ႔ မရေတာ့ဘူး’’ဟု ကေလးကုိ ခါးထစ္ခြင္ ခ်ီထားရင္း မသဲသဲမာက ေျပာျပသည္။ သူမ၏ အိမ္နီးနားခ်င္း မနီလာက ေထာက္ခံေျပာဆုိသည္။ ‘‘အခုလုိ လစာနည္းနည္း ေလးနဲ႔ လုပ္ေနရေတာ့ ပုိက္ဆံစုဖုိ႔ မျဖစ္ႏုိင္ပါဘူး’’သူမက အလုပ္သမားတန္းလ်ားတြင္ မိခင္၊ ညီမတုိ႔ႏွင့္အတူ အိပ္ခန္းတစ္ခုတည္းတြင္ အတူမွ်ေ၀ ေနထုိင္သည္။ သူမသည္လည္း အထည္ခ်ဳပ္လုပ္ငန္းတြင္ လုပ္ကုိင္ေနသူ ျဖစ္သည္။ လုပ္သက္ ၁၀ ႏွစ္ ရွိၿပီ ျဖစ္ေသာ္လည္း ကုိယ္ပုိင္ေနစရာကုိ ၀ယ္ယူဖုိ႔ မတတ္ႏုိင္ေသးေခ်။

Burma’s Women Union  မွ ေမလတြင္ ထုတ္ျပန္သည့္  အစီရင္ခံစာတြင္  နာမည္ႀကီး ဖက္ရွင္ထည္ အမွတ္တံဆိပ္မ်ား ျဖစ္ၾကသည့္ H&M, Marks and Spencer ႏွင့္ C&A တုိ႔ထံသုိ႔ ေပးသြင္းေနေသ စက္႐ုံ ၉ ႐ုံမွ လုပ္သားမ်ားကုိ လူေတြ႕ ေမးျမန္းျခင္းမ်ားကုိ အစီရင္ခံထားသည္။ လုပ္သားမ်ားသည္ ဆင္းရဲျခင္း သံသရာလည္ေနၾကၿပီး အေၾကြးမ်ားလည္း တင္ေနၾကေၾကာင္း ေဖာ္ထုတ္သိရွိခဲ့သည္။ အထည္ခ်ဳပ္ အလုပ္သမ အမ်ားစုတုိ႔သည္ တစ္ေန႔ ၁၁ နာရီ၊ တစ္ပတ္ ၆ ရက္ အလုပ္လုပ္ၾကေၾကာင္း သိရသည္။ သုံးပန္းလွ အထည္ခ်ဳပ္ အလုပ္သမားသမဂၢမွ ဒါ႐ုိက္တာ တစ္ဦးျဖစ္သူ မသႏၲာက အလုပ္သမတုိ႔၏ လတ္တေလာ အျဖစ္အပ်က္မ်ားေၾကာင့္ တုန္လႈပ္မိခဲ့ရသည္။

‘‘ဆီးသြားဖုိ႔ အတြက္ အိမ္သာကုိ သြားရတဲ့ အခ်ိန္ကုိ သုံးလုိက္ရင္ ဆုေၾကး မရေတာ့မွာစုိးလုိ႔ အလုပ္သမေတြက ေရကုိ ေလွ်ာ့ေသာက္ၾကတယ္။’’

ေနာက္ထပ္ ဖိအားတစ္မ်ဳိးမွာ အကယ္၍ အခ်ိန္ပုိကုိ သတ္မွတ္ထားသည့္ ေန႔တြင္ မလုပ္ကုိင္လုိပါက တစ္လစာအတြက္ ဂိတ္၀င္ခြင့္လက္မွတ္ အေရအတြက္ကုိ ကန္႔သတ္ခ်ဳပ္ခ်ယ္ထားျခင္း ျဖစ္သည္။ သူမက ေျပာျပသည္မွာ အလုပ္သမေတြအတြက္ စိတ္ေသာကေရာက္ရသည္မ်ားမွာ လုပ္ငန္းခြင္ အေျခအေန ဆုိး၀ါးျခင္း၊ က်န္းမာေရး ထိခုိက္ျခင္း၊ အထည္ခ်ဳပ္လုိင္းမွ ေစခုိင္းသူႏွင့္ ဆက္သြယ္ေျပာဆုိရျခင္းတုိ႔ ျဖစ္သည္။ မိမိ၏ ရပုိင္ခြင့္မ်ားကုိ မသိၾကသည့္ အလုပ္သမမ်ားက အမ်ားစု ျဖစ္ေနသည္။

အ၀တ္အစားမ်ား၏ ေနာက္ကြယ္တြင္ လူသားတုိ႔၏ ေပးဆပ္ရျခင္းမ်ား ရွိေနသည္။ ခ်ဳပ္ထည္ ထုတ္လုပ္သူမ်ားသည္ လုပ္သားခ ပုိသက္သာသည္ကုိ အခြင့္ေကာင္းယူရန္ သူတုိ႔က ဘဂၤလားေဒ့ရွ္ႏွင့္ တ႐ုတ္တုိ႔ထံမွ ျမန္မာသုိ႔ ေရႊ႕ေျပာင္းၾကသည္။ ထုိ႔အတြက္ ႏုိင္ငံတကာ၏ ဂ႐ုစိုက္မႈ လုိအပ္ေနသည္ဟု ၾသစေတးလ်ရန္ပုံေငြျဖင့္ လုပ္ကုိင္သည့္ အဖြဲ႕အစည္းျဖစ္ေသာ APHEDA Union Aid Abroad မွ တြမ္အက္ဒီက ေျပာၾကားသည္။

အထည္ခ်ဳပ္ လုပ္ငန္းနယ္ပယ္ ထုတ္လုပ္မႈမွ ျဖန္႔ခ်ိသည္အထိ လုပ္ငန္းစဥ္ အဆင့္ဆင့္ျဖစ္ေသာ ဆပ္ပလုိင္းခ်ိန္း(supply chain)ႏွင့္ ပတ္သက္၍ ၎က ေျပာၾကားသည္မွာ ‘‘ႏုိင္ငံတကာ အထည္ခ်ဳပ္ လုပ္ငန္း ဆပ္ပလုိင္းခ်ိန္းမွာ ၀ယ္ယူ၀တ္ဆင္သူအျဖစ္ ၾသစေတးလ်ႏုိင္ငံသားတုိင္း ပါ၀င္ေနၾကတယ္။ ဒီေတာ့ အဲဒီ ဆပ္ပလုိင္းခ်ိန္းထဲမွာ ကၽြန္ေတာ့တုိ႔ရဲ႕ အ၀တ္အထည္ေတြကုိ ထုတ္လုပ္ေပးေနတဲ့ လုပ္သားေတြကုိ ကၽြန္ေတာ္တုိ႔ ထည့္စဥ္းစားေပးဖုိ႔ အေရးႀကီးပါတယ္’’

ယခင္ စစ္အစုိးရလက္တက္တြင္ လုပ္သားမ်ားသည္ ဆႏၵျပခြင့္ မရွိၾကေခ်။ သမဂၢအဖြဲ႕အစည္းမ်ားလည္း ထူေထာင္ခြင့္ မရွိၾကေခ်။ APHEDA သည္ သမဂၢမ်ားကုိ ေထာက္ခံအားေပးျခင္း တုိးျမႇင့္သည့္အျပင္ ဒီမုိကေရစီ အစုိးရ လက္ထက္တြင္ သမဂၢဖြဲ႕ရန္ မိမိဘာသာ အစပထမ ႀကိဳးပမ္းလုပ္ကုိင္ေနေသာ လုပ္သားမ်ားကုိလည္း တုိက္႐ုိက္ကူညီေပးလ်က္ ရွိသည္။

မစၥတာ အက္ဒီက ေျပာၾကားသည္မွာ အႀကီးမားဆုံး ကိစၥရပ္မွာ ကုမၸဏီမ်ားက အလုပ္သမားဥပေဒမ်ားကုိ ေျပာင္ေျပာင္တင္းတင္း လ်စ္လ်ဴျပဳထားျခင္း ျဖစ္သည္။ ထုိ႔ေၾကာင့္ အလုပ္သမား ဆႏၵျပမႈမ်ား ရလဒ္အျဖစ္ ထြက္ေပၚေစေပရာ ယခုအခါ ၎ရလဒ္မ်ားကုိ စတင္ျမင္ေတြ႕ေနရၿပီ ျဖစ္သည္။

ရန္ကုန္ၿမိဳ႕ရွိ Hangzhou Hundred-Tex Garment Companyသည္ H&M အတြက္ ခ်ဳပ္ေပးေနၿပီး အလုပ္သမားမ်ားက ၿပီးခဲ့သည့္ ၁၅ လအတြက္ အခ်ိန္ပုိေၾကးမ်ား မရရွိေသးသျဖင့္ ေတာင္းဆုိသည့္ ဆႏၵျပပြဲမ်ား ျဖစ္ပြားခဲ့ရာ  H&M က ခ်ဳပ္ထည္အမွာစာမ်ားကုိ ဆုိင္းငံ့ထားခဲ့သည့္ အျဖစ္အပ်က္ ျဖစ္ပြားခဲ့သည္။

store2 e1428698856363

ျပည္တြင္း ျပဳျပင္ေျပာင္းလဲမႈမ်ားသည္ စလုံးေရစ အဆင့္တြင္သာ ရွိေနေသးသည္။ ၂၀၁၅ ခုႏွစ္တြင္ အနည္းဆုံးလုပ္ခကုိ စတင္က်င့္သုံးခဲ့ရာ အလုပ္သမား သမဂၢမ်ားက တစ္ေန႔လွ်င္ က်ပ္ ၄,၀၀၀ ေပးရန္ ေတာင္းဆုိခဲ့သည္။ လုပ္ငန္းမ်ားက တစ္ေန႔လွ်င္ က်ပ္ ၂,၅၀၀ ေပးလုိၾကသည္။ ယခင္က တစ္ထည္ခ်င္းအရႏွင့္ ဆုေၾကးမ်ားအရ ေပးခဲ့ၾကသည္။ ထုိအေရြ႕အေျပာင္းသည္ ထိန္းေက်ာင္းမႈ ကင္းမဲ့ေနေသာ အထည္ခ်ဳပ္လုပ္ငန္း နယ္ပယ္အတြက္ ႀကိဳဆုိစရာ ျဖစ္သည္။ သုိ႔ေသာ္ လုပ္သားမ်ား ေကာင္းေကာင္း မြန္မြန္ ေနထုိင္ႏုိင္ေအာင္ လုံေလာက္ျခင္းေတာ့ မရွိေခ်။

‘‘အေပၚယံမွာေတာ့ အဆင္ေျပတယ္လုိ႔ ထင္ရတယ္။ ဒါေပမဲ့ လုပ္သက္ ၅ ႏွစ္ ၁၀ ႏွစ္ ရွိထားတဲ့ ကၽြမ္းက်င္မႈ ပုိရွိတဲ့ လုပ္သားေတြအဖုိ႔ေတာ့ အနည္းဆုံး လုပ္ခဟာ ေလွ်ာ့ခ်ျဖတ္ေတာက္ခံရတာ ျဖစ္ေနတယ္။ အခ်ဳိ႕ဆုိရင္ ခါတုိင္း ရေနတဲ့ ဖယ္ရီႀကိဳေပးတာမ်ဳိး မရၾကေတာ့ဘူး။ ခရီးစရိတ္ မရေတာ့ဘူး။ ဆုေၾကးေတြလည္း မရေတာ့ဘူး’’

အလုပ္သမားအေရး လႈပ္ရွားသူတုိ႔က ေျပာၾကားသည္မွာ လုပ္ငန္းပုိင္ရွင္ အမ်ားအျပားတုိ႔သည္  ေဒသတြင္း၌ ဘဂၤလားေဒ့ရွ္ၿပီးလွ်င္ ဒုတိယအနည္းဆုံး ျဖစ္ေသာ အနည္းဆုံး လုပ္ခသတ္မွတ္ခ်က္ကုိ အနည္းဆုံး ၾကမ္းခင္းေစ်းအစား အမ်ားဆုံး ေပးရမည့္ေစ်းႏႈန္း အျဖစ္ ႐ႈျမင္ၾကသည္။

စမတ္ျမန္မာ(SMART Myanmar)က လုပ္သားမ်ားကုိ ပညာေပးသည့္ မုိဘုိင္းအက္ပ္ကုိ ဒီဇုိင္းထုတ္ၿပီး ျဖန္႔ေ၀သည္။ ေနာက္တစ္ဆင့္တြင္ လုပ္သားမ်ား၌ ယုံၾကည္စိတ္ခ်မႈကုိ တည္ေဆာက္ ေပးရန္ ျဖစ္သည္။ သုိ႔မွသာ အသံျပဳလွ်င္ အလုပ္ျပဳတ္မွာ စုိးသျဖင့္ မေျပာ၀ံ့ၾကသည့္ ျပႆနာမ်ားကုိ သတင္းေပးႏုိင္ၾကမည္ျဖစ္သည္။

အထည္ခ်ဳပ္ အလုပ္သမားကိစၥသည္ ကမၻာတစ္လႊားတြင္ လႈပ္ရွားလုပ္ကုိင္ဖုိ႔ လုိအပ္ေနသည္။ ႏုိင္ငံတကာ အမ်ဳိးသမီး အဖြဲ႕အစည္းျဖစ္ေသာ The Circle က ဖက္ရွင္အမွတ္တံဆိပ္မ်ားသည္ ေနထုိင္စရိတ္ကာမိေသာ လုပ္ခရရွိေရးသည္ အေျခခံလူ႔အခြင့္အေရးတစ္ရပ္ ျဖစ္ေၾကာင္း အသိအမွတ္ျပဳၾကဖုိ႔ ေတာင္းဆုိထားသည္။

QC တစ္ဦးျဖစ္သူ ဂ်က္စီကာ စီေမာက ျပႆနာရွိသည့္ အထည္ခ်ဳပ္ လုပ္ငန္းနယ္ပယ္ ၁၄ ခုႏွင့္ အမွတ္တံဆိပ္ ၄ မ်ဳိးတုိ႔ကုိ အကဲျဖတ္ဆန္းစစ္ခဲ့ရာ ေနထုိင္စရိတ္ကာမိေစေသာ လုပ္ခအစား အနည္းဆုံးလုပ္ခ သတ္မွတ္ခ်က္အတုိင္းသာ ေပးၾကေၾကာင္း ေတြ႕ရသည္။ ဤသည္မွာ ကုလသမဂၢ၏ စီးပြားရွာလုပ္ငန္းႏွင့္ လူ႔အခြင့္အေရးမ်ားအတြက္ အေျခခံမူမ်ားကုိ ခ်ဳိးေဖာက္ျခင္း ျဖစ္သည္ဟု သူမ ေထာက္ျပသည္။

ILO မွ ႐ုိရီ မန္ဂုိဗင္က အမွတ္တံဆိပ္မ်ားအၾကား ကမ႓ာလုံးဆုိင္ရာ သေဘာတူညီခ်က္ တစ္ရပ္ကုိ ျမင္လုိေၾကာင္း၊ ၎တုိ႔ အသုံးျပဳသည့္ စက္ရုံမ်ားတြင္ သင့္တင့္ေလ်ာက္ပတ္ေသာ လုပ္ခတစ္ခုကုိ လုပ္သားမ်ားအား ေပးဖုိ႔အတါက္ အမွတ္တံဆိပ္မ်ားက တာ၀န္ယူၾကရန္ သေဘာတူညီခ်က္ ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

‘‘ပုိျမင့္မားတဲ့ လုပ္ခေတြ ေပးၾကဖုိ႔အတြက္ ဆုိရင္ လုပ္ခအနည္းဆုံးႏုိင္ငံ ဆီမွာ သြားလုပ္ဖုိ႔ တစ္ႏုိင္ငံကေန အဲဒီႏုိင္ငံဆီ ေရႊ႕ေျပာင္းတာေတြ မလုပ္ၾကေအာင္ ဖက္ရွင္အမွတ္တံဆိပ္ေတြအေပၚမွာ ဖိအားေပးထားရမယ္’’ ဟု လည္းေကာင္းက ေျပာၾကားခဲ့သည္။ 

phyo thet thet kyaw desing cloth6

အသြက္ဖက္ရွင္၏ ဟုိမွာဘက္သုိ႔ ေရႊ႕သူမ်ားလည္း ရွိသည္။ Virya Couture  ထူေထာင္သူ  ၿဖိဳးသက္သက္ေက်ာ္သည္ ျမန္မာျပည္မွ အသြက္ဖက္ရွင္ ဒီဇုိင္းနာတစ္ဦး ျဖစ္သည္။ သူမ၏ လုပ္သားမ်ားကုိ အနည္းဆုံးလုပ္ခထက္ ပုိၿပီး ေပးသည္။ သူမ ဆယ္ေက်ာ္သက္အရြယ္က စက္႐ုံတြင္ ၀င္လုပ္ခဲ့ဖူးရာ၌ ဒီဇုိင္းနာ ၿဖိဳးသက္သက္ေက်ာ္သည္ အသြက္ဖက္ရွင္ လုပ္ငန္း၏ အမာခံ စီးပြားရွာပုံစံကုိ အမွန္အတုိင္း သိျမင္သြားခဲ့သည္။ ၿပီးစီးရမည့္ရက္မ်ား သတ္မွတ္ပုံသည္ နီးကပ္လြန္းေနၿပီး အ၀တ္အစားသစ္မ်ားကုိ အပတ္စဥ္ အေျမာက္အျမား ထုတ္လုပ္ၾကရသည္။ သုိ႔ျဖစ္ရ ေရရွည္တည္တံ့ႏုိင္မည္ မဟုတ္ဟု သူမက ယုံၾကည္သည္။ သူမက လတ္တေလာ ဖက္ရွင္ ေတာ္လွန္ေျပာင္းလဲျခင္း လႈပ္ရွားမႈကုိ ထုိးၫႊန္ျပသည္။  ဘဂၤလားေဒ့ရွ္တြင္ အထည္ခ်ဳပ္စက္႐ုံၿပိဳက်ရာမွ လုပ္သား ၁,၁၃၅ ဦး ေသဆုံးခဲ့သည့္ ႏွစ္ပတ္လည္ အခမ္းအနားကုိ အ၀တ္အထည္ ၀ယ္ယူသုံးစြဲသူတုိ႔ အမွတ္ရၾကဖုိ႔ လႈံ႔ေဆာ္သည္။ ေကာင္းက်ဳိးျပဳေသ သတိမူမိျခင္းမ်ား တုိးသြားေစခဲ့သည္။ သုိ႔ေသာ္ ၀ယ္ယူ၀တ္ဆင္သူတုိ႔၏ ဓေလ့တြင္ သူတုိ႔၏ အ၀တ္အစားေနာက္ကြယ္၌ လူသားတုိ႔ ေပးဆပ္ေနၾကရသည္ကုိ ဂ႐ုစုိက္သည့္အျဖစ္သုိ႔ ေျပာင္းလဲေရးတြင္ သမုဒၵရာထဲမွ ေရတစ္စက္မွ်သာဟု သူမက ဆုိသည္။

အဓိက အတားအဆီး ျဖစ္ေနသည္မွာ ၀ယ္ယူ၀တ္ဆင္ၾကသူတုိ႔သည္ အခ်က္အလက္မ်ားကုိ မသိၾကရျခင္း ျဖစ္သည္။ မိမိ ၀တ္ဆင္သည့္ အ၀တ္ အစား မည္သည့္ႏုိင္ငံ မည္သည့္ေနရာမွ လာသည္ကုိ မသိၾကရေပရာ ထုိသုိ႔ေသာ လႈံ႕ေဆာ္မႈမ်ဳိးသည္ တစ္ႏွစ္လွ်င္ တစ္ႀကိမ္ မလုံမလဲျဖစ္မိရုံသာ ရွိမည္ျဖစ္ၿပီး ေန႔စဥ္ႏွင့္အမွ် စိတ္ထဲ မသုိးမသန္႔ ျဖစ္မိၾကမည္ မဟုတ္ေခ်။ သုိ႔ျဖစ္ရာ အမွတ္တံဆိပ္မ်ားသည္ ၎တုိ႔ အသုံးျပဳသည့္ စက္႐ုံမ်ားထံမွ အစျပဳၿပီး ဆပ္ပလုိင္းခ်ိ္န္း အခ်က္အလက္မ်ားကုိ ရယူစုေဆာင္းကာ လူသိရွင္ၾကား ထုတ္ျပန္ေပးရမည္ဟု Sustainable fashion သုေတသီ Marianne Caroline က ေျပာၾကားသည္။

ကုိးကား Myanmar’s textile workers pay the price for Australia’s fast fashion addiction By Libby Hogan

Unicode

သြဇီ အသွက်ဖက်ရှင်နှင့် မြန်မာလုပ်သားများ

=======================

သြစတေးလျတို့၏ အသွက်ဖက်ရှင် စွဲလမ်းမှုအတွက် မြန်မာ အထည်ချုပ် လုပ်သားများ ပေးဆပ်နကြေရသည်။ အထည်ချုပ်လုပ်သားများသည် တစ်နေ့တာ နေထိုင်စရိတ်ကို ကာမိဖို့ ကြိုးစားရုန်းကန်နေရသည်။ စက်ရုံပိုင်ရှင်များမှာ ကမ္ဘာ့ဖက်ရှင်အမှတ်တံဆိပ်များ သြစတေးလျသို့ ချဲ့ထွင်ခြင်းကြောင့် အမှာစာများ ရုတ်တရက် ပိုများသွားသည့်အတွက် ပျော်စရာကောင်းနေသည်။

မသဲသဲမာသည် မန္တလေးမြို့အပြင်ဘက်ရှိ အထည်စက်ရုံတစ်ခုတွင် လုပ်ကိုင်နေသူ ဖြစ်သည်။ တစ်နေ့ ရှစ်နာရီ အလုပ်ချိန်အတွက် အနည်းဆုံး လုပ်ခမှာ ကျပ် ၃၆၀၀ ဖြစ်သည်။ ထိုဝင်ငွေသည် တစ်နေ့တာအတွက် သူမနှင့် သူမ၏ကလေးတို့အတွက် ကုန်ကျစရိတ်ကို အလျဉ်မီရုံမျှသာ ရှိသည်။ သို့သော် မလုပ်မဖြစ် လုပ်ရမည့်ကိစ္စများ ရှိနေသည်။ အိမ်အမိုးပေါက်နေသည်ကို ဖာရဦးမည်။

‘‘ကျွန်မ တတ်နိုင်သလောက်တော့ လုပ်ပါတယ်။ ဒါပေမဲ့ မိုးရွာရင် အဆော်ဆိုးတယ်။ မီးဖိုချောင်မှာ စိုရွှဲနေလို့ ကျွန်မ ချက်ပြုတ်လို့ မရတော့ဘူး’’ဟု ကလေးကို ခါးထစ်ခွင် ချီထားရင်း မသဲသဲမာက ပြောပြသည်။ သူမ၏ အိမ်နီးနားချင်း မနီလာက ထောက်ခံပြောဆိုသည်။ ‘‘အခုလို လစာနည်းနည်း လေးနဲ့ လုပ်နေရတော့ ပိုက်ဆံစုဖို့ မဖြစ်နိုင်ပါဘူး’’

သူမက အလုပ်သမားတန်းလျားတွင် မိခင်၊ ညီမတို့နှင့်အတူ အိပ်ခန်းတစ်ခုတည်းတွင် အတူမျှေဝ နေထိုင်သည်။ သူမသည်လည်း အထည်ချုပ်လုပ်ငန်းတွင် လုပ်ကိုင်နေသူ ဖြစ်သည်။ လုပ်သက် ၁၀ နှစ် ရှိပြီ ဖြစ်သော်လည်း ကိုယ်ပိုင်နေစရာကို ဝယ်ယူဖို့ မတတ်နိုင်သေးချေ။

Burma’s Women Union မှ မေလတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် နာမည်ကြီး ဖက်ရှင်ထည် အမှတ်တံဆိပ်များ ဖြစ်ကြသည့် H&M, Marks and Spencer နှင့် C&A တို့ထံသို့ ပေးသွင်းနေသေ စက်ရုံ ၉ ရုံမှ လုပ်သားများကို လူတွေ့ မေးမြန်းခြင်းများကို အစီရင်ခံထားသည်။ လုပ်သားများသည် ဆင်းရဲခြင်း သံသရာလည်နကြပြေီး အကြွေးများလည်း တင်နကြေကြောင်း ဖော်ထုတ်သိရှိခဲ့သည်။ အထည်ချုပ် အလုပ်သမ အများစုတို့သည် တစ်နေ့ ၁၁ နာရီ၊ တစ်ပတ် ၆ ရက် အလုပ်လုပ်ကြကြောင်း သိရသည်။ သုံးပန်းလှ အထည်ချုပ် အလုပ်သမားသမဂ္ဂမှ ဒါရိုက်တာ တစ်ဦးဖြစ်သူ မသန္တာက အလုပ်သမတို့၏ လတ်တလော အဖြစ်အပျက်များကြောင့် တုန်လှုပ်မိခဲ့ရသည်။

‘‘ဆီးသွားဖို့ အတွက် အိမ်သာကို သွားရတဲ့ အချိန်ကို သုံးလိုက်ရင် ဆုကြေး မရတော့မှာစိုးလို့ အလုပ်သမတွေက ရေကို လျှော့သောက်ကြတယ်။’’

နောက်ထပ် ဖိအားတစ်မျိုးမှာ အကယ်၍ အချိန်ပိုကို သတ်မှတ်ထားသည့် နေ့တွင် မလုပ်ကိုင်လိုပါက တစ်လစာအတွက် ဂိတ်ဝင်ခွင့်လက်မှတ် အရေအတွက်ကို ကန့်သတ်ချုပ်ချယ်ထားခြင်း ဖြစ်သည်။ သူမက ပြောပြသည်မှာ အလုပ်သမတွေအတွက် စိတ်သောကရောက်ရသည်များမှာ လုပ်ငန်းခွင် အခြေအနေ ဆိုးဝါးခြင်း၊ ကျန်းမာရေး ထိခိုက်ခြင်း၊ အထည်ချုပ်လိုင်းမှ စေခိုင်းသူနှင့် ဆက်သွယ်ပြောဆိုရခြင်းတို့ ဖြစ်သည်။ မိမိ၏ ရပိုင်ခွင့်များကို မသိကြသည့် အလုပ်သမများက အများစု ဖြစ်နေသည်။

အဝတ်အစားများ၏ နောက်ကွယ်တွင် လူသားတို့၏ ပေးဆပ်ရခြင်းများ ရှိနေသည်။ ချုပ်ထည် ထုတ်လုပ်သူများသည် လုပ်သားခ ပိုသက်သာသည်ကို အခွင့်ကောင်းယူရန် သူတို့က ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်တို့ထံမှ မြန်မာသို့ ရွှေ့ပြောင်းကြသည်။ ထို့အတွက် နိုင်ငံတကာ၏ ဂရုစိုက်မှု လိုအပ်နေသည်ဟု သြစတေးလျရန်ပုံငွဖြေင့် လုပ်ကိုင်သည့် အဖွဲ့အစည်းဖြစ်သော APHEDA Union Aid Abroad မှ တွမ်အက်ဒီက ပြောကြားသည်။

အထည်ချုပ် လုပ်ငန်းနယ်ပယ် ထုတ်လုပ်မှုမှ ဖြန့်ချိသည်အထိ လုပ်ငန်းစဉ် အဆင့်ဆင့်ဖြစ်သော ဆပ်ပလိုင်းချိန်း(supply chain)နှင့် ပတ်သက်၍၎င်းက ပြောကြားသည်မှာ ‘‘နိုင်ငံတကာ အထည်ချုပ် လုပ်ငန်း ဆပ်ပလိုင်းချိန်းမှာ ဝယ်ယူဝတ်ဆင်သူအဖြစ် သြစတေးလျနိုင်ငံသားတိုင်း ပါဝင်နကြေတယ်။ ဒီတော့ အဲဒီ ဆပ်ပလိုင်းချိန်းထဲမှာ ကျွန်တော့တို့ရဲ့ အဝတ်အထည်တွေကို ထုတ်လုပ်ပေးနေတဲ့ လုပ်သားတွေကို ကျွန်တော်တို့ ထည့်စဉ်းစားပေးဖို့ အရေးကြီးပါတယ်’’

DSC04908

ယခင် စစ်အစိုးရလက်တက်တွင် လုပ်သားများသည် ဆန္ဒပြခွင့် မရှိကြချေ။ သမဂ္ဂအဖွဲ့အစည်းများလည်း ထူထောင်ခွင့် မရှိကြချေ။ APHEDA သည် သမဂ္ဂများကို ထောက်ခံအားပေးခြင်း တိုးမြှင့်သည့်အပြင် ဒီမိုကရေစီ အစိုးရ လက်ထက်တွင် သမဂ္ဂဖွဲ့ရန် မိမိဘာသာ အစပထမ ကြိုးပမ်းလုပ်ကိုင်နေသော လုပ်သားများကိုလည်း တိုက်ရိုက်ကူညီပေးလျက် ရှိသည်။

မစ္စတာ အက်ဒီက ပြောကြားသည်မှာ အကြီးမားဆုံး ကိစ္စရပ်မှာ ကုမ္ပဏီများက အလုပ်သမားဥပဒေများကို ပြောင်ပြောင်တင်းတင်း လျစ်လျူပြုထားခြင်း ဖြစ်သည်။ ထို့ကြောင့် အလုပ်သမား ဆန္ဒပြမှုများ ရလဒ်အဖြစ် ထွက်ပေါ်စေပေရာ ယခုအခါ၎င်းရလဒ်များကို စတင်မြင်တွေ့နေရပြီ ဖြစ်သည်။

ရန်ကုန်မြို့ရှိ Hangzhou Hundred-Tex Garment Companyသည် H&M အတွက် ချုပ်ပေးနပြေီး အလုပ်သမားများက ပြီးခဲ့သည့် ၁၅ လအတွက် အချိန်ပိုကြေးများ မရရှိသေးသဖြင့် တောင်းဆိုသည့် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ရာ H&M က ချုပ်ထည်အမှာစာများကို ဆိုင်းငံ့ထားခဲ့သည်။

ပြည်တွင်း ပြုပြင်ပြောင်းလဲမှုများသည် စလုံးရေစ အဆင့်တွင်သာ ရှိနေသေးသည်။ ၂၀၁၅ ခုနှစ်တွင် အနည်းဆုံးလုပ်ခကို စတင်ကျင့်သုံးခဲ့ရာ အလုပ်သမား သမဂ္ဂများက တစ်နေ့လျှင် ကျပ် ၄,ဝဝဝ ပေးရန် တောင်းဆိုခဲ့သည်။ လုပ်ငန်းများက တစ်နေ့လျှင် ကျပ် ၂,၅၀၀ ပေးလိုကြသည်။ ယခင်က တစ်ထည်ချင်းအရနှင့် ဆုကြေးများအရ ပေးခဲ့ကြသည်။ ထိုအရွေ့အပြောင်းသည် ထိန်းကျောင်းမှု ကင်းမဲ့နေသော အထည်ချုပ်လုပ်ငန်း နယ်ပယ်အတွက် ကြိုဆိုစရာ ဖြစ်သည်။ သို့သော် လုပ်သားများ ကောင်းကောင်း မွန်မွန် နေထိုင်နိုင်အောင် လုံလောက်ခြင်းတော့ မရှိချေ။

‘‘အပေါ်ယံမှာတော့ အဆင်ပြေတယ်လို့ ထင်ရတယ်။ ဒါပေမဲ့ လုပ်သက် ၅ နှစ် ၁၀ နှစ် ရှိထားတဲ့ ကျွမ်းကျင်မှု ပိုရှိတဲ့ လုပ်သားတွေအဖို့တော့ အနည်းဆုံး လုပ်ခဟာ လျှော့ချဖြတ်တောက်ခံရတာ ဖြစ်နေတယ်။ အချို့ဆိုရင် ခါတိုင်း ရနေတဲ့ ဖယ်ရီကြိုပေးတာမျိုး မရကြတော့ဘူး။ ခရီးစရိတ် မရတော့ဘူး။ ဆုကြေးတွေလည်း မရတော့ဘူး’’

အလုပ်သမားအရေး လှုပ်ရှားသူတို့က ပြောကြားသည်မှာ လုပ်ငန်းပိုင်ရှင် အများအပြားတို့သည် ဒေသတွင်း၌ ဘင်္ဂလားဒေ့ရှ်ပြီးလျှင် ဒုတိယအနည်းဆုံး ဖြစ်သော အနည်းဆုံး လုပ်ခသတ်မှတ်ချက်ကို အနည်းဆုံး ကြမ်းခင်းဈေးအစား အများဆုံး ပေးရမည့်ဈေးနှုန်း အဖြစ် ရှုမြင်ကြသည်။

စမတ်မြန်မာ(SMART Myanmar)က လုပ်သားများကို ပညာပေးသည့် မိုဘိုင်းအက်ပ်ကို ဒီဇိုင်းထုတ်ပြီး ဖြနေ့်ဝသည်။ နောက်တစ်ဆင့်တွင် လုပ်သားများ၌ ယုံကြည်စိတ်ချမှုကို တည်ဆောက် ပေးရန် ဖြစ်သည်။ သို့မှသာ အသံပြုလျှင် အလုပ်ပြုတ်မှာ စိုးသဖြင့် မပြောဝံ့ကြသည့် ပြဿနာများကို သတင်းပေးနိုင်ကြမည်ဖြစ်သည်။

အထည်ချုပ် အလုပ်သမားကိစ္စသည် ကမ္ဘာတစ်လွှားတွင် လှုပ်ရှားလုပ်ကိုင်ဖို့ လိုအပ်နေသည်။ နိုင်ငံတကာ အမျိုးသမီး အဖွဲ့အစည်းဖြစ်သော The Circle က ဖက်ရှင်အမှတ်တံဆိပ်များသည် နေထိုင်စရိတ်ကာမိသော လုပ်ခရရှိရေးသည် အခြေခံလူ့အခွင့်အရေးတစ်ရပ် ဖြစ်ကြောင်း အသိအမှတ်ပြုကြဖို့ တောင်းဆိုထားသည်။

QC တစ်ဦးဖြစ်သူ ဂျက်စီကာ စီမောက ပြဿနာရှိသည့် အထည်ချုပ် လုပ်ငန်းနယ်ပယ် ၁၄ ခုနှင့် အမှတ်တံဆိပ် ၄ မျိုးတို့ကို အကဲဖြတ်ဆန်းစစ်ခဲ့ရာ နေထိုင်စရိတ်ကာမိစေသော လုပ်ခအစား အနည်းဆုံးလုပ်ခ သတ်မှတ်ချက်အတိုင်းသာ ပေးကြကြောင်း တွေ့ရသည်။ ဤသည်မှာ ကုလသမဂ္ဂ၏ စီးပွားရှာလုပ်ငန်းနှင့် လူ့အခွင့်အရေးများအတွက် အခြေခံမူများကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု သူမ ထောက်ပြသည်။

ILO မှ ရိုရီ မန်ဂိုဗင်က အမှတ်တံဆိပ်များအကြား ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက် တစ်ရပ်ကို မြင်လိုကြောင်း၊၎င်းတို့ အသုံးပြုသည့် စက်ရုံများတွင် သင့်တင့်လျောက်ပတ်သော လုပ်ခတစ်ခုကို လုပ်သားများအား ပေးဖို့အတာက် အမှတ်တံဆိပ်များက တာဝန်ယူကြရန် သဘောတူညီချက် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ‘‘ပိုမြင့်မားတဲ့ လုပ်ခတွေ ပေးကြဖို့အတွက် ဆိုရင် လုပ်ခအနည်းဆုံးနိုင်ငံ ဆီမှာ သွားလုပ်ဖို့ တစ်နိုင်ငံကနေ အဲဒီနိုင်ငံဆီ ရွှေ့ပြောင်းတာတွေ မလုပ်ကြအောင် ဖက်ရှင်အမှတ်တံဆိပ်တွေအပေါ်မှာ ဖိအားပေးထားရမယ်’’ ဟု လည်းကောင်းက ပြောကြားခဲ့သည်။

အသွက်ဖက်ရှင်၏ ဟိုမှာဘက်သို့ ရွှေ့သူများလည်း ရှိသည်။ Virya Couture ထူထောင်သူ ဖြိုးသက်သက်ကျော်သည် မြန်မာပြည်မှ အသွက်ဖက်ရှင် ဒီဇိုင်းနာတစ်ဦး ဖြစ်သည်။ သူမ၏ လုပ်သားများကို အနည်းဆုံးလုပ်ခထက် ပိုပြီး ပေးသည်။ သူမ ဆယ်ကျော်သက်အရွယ်က စက်ရုံတွင် ဝင်လုပ်ခဲ့ဖူးရာ၌ ဒီဇိုင်းနာ ဖြိုးသက်သက်ကျော်သည် အသွက်ဖက်ရှင် လုပ်ငန်း၏ အမာခံ စီးပွားရှာပုံစံကို အမှန်အတိုင်း သိမြင်သွားခဲ့သည်။ ပြီးစီးရမည့်ရက်များ သတ်မှတ်ပုံသည် နီးကပ်လွန်းနပြေီး အဝတ်အစားသစ်များကို အပတ်စဉ် အမြောက်အမြား ထုတ်လုပ်ကြရသည်။ သို့ဖြစ်ရ ရေရှည်တည်တံ့နိုင်မည် မဟုတ်ဟု သူမက ယုံကြည်သည်။ သူမက လတ်တလော ဖက်ရှင် တော်လှန်ပြောင်းလဲခြင်း လှုပ်ရှားမှုကို ထိုးညွှန်ပြသည်။ ဘင်္ဂလားဒေ့ရှ်တွင် အထည်ချုပ်စက်ရုံပြိုကျရာမှ လုပ်သား ၁,၁၃၅ ဦး သေဆုံးခဲ့သည့် နှစ်ပတ်လည် အခမ်းအနားကို အဝတ်အထည် ဝယ်ယူသုံးစွဲသူတို့ အမှတ်ရကြဖို့ လှုံ့ဆော်သည်။ ကောင်းကျိုးပြုသေ သတိမူမိခြင်းများ တိုးသွားစေခဲ့သည်။ သို့သော် ဝယ်ယူဝတ်ဆင်သူတို့၏ ဓလေ့တွင် သူတို့၏ အဝတ်အစားနောက်ကွယ်၌ လူသားတို့ ပေးဆပ်နကြေရသည်ကို ဂရုစိုက်သည့်အဖြစ်သို့ ပြောင်းလဲရေးတွင် သမုဒ္ဒရာထဲမှ ရေတစ်စက်မျှသာဟု သူမက ဆိုသည်။

အဓိက အတားအဆီး ဖြစ်နေသည်မှာ ဝယ်ယူဝတ်ဆင်ကြသူတို့သည် အချက်အလက်များကို မသိကြရခြင်း ဖြစ်သည်။ မိမိ ဝတ်ဆင်သည့် အဝတ် အစား မည်သည့်နိုင်ငံ မည်သည့်နေရာမှ လာသည်ကို မသိကြရပေရာ ထိုသို့သော လှုံ့ဆော်မှုမျိုးသည် တစ်နှစ်လျှင် တစ်ကြိမ် မလုံမလဲဖြစ်မိရုံသာ ရှိမည်ဖြစ်ပြီး နေ့စဉ်နှင့်အမျှ စိတ်ထဲ မသိုးမသန့် ဖြစ်မိကြမည် မဟုတ်ချေ။ သို့ဖြစ်ရာ အမှတ်တံဆိပ်များသည်၎င်းတို့ အသုံးပြုသည့် စက်ရုံများထံမှ အစပြုပြီး ဆပ်ပလိုင်းချိ်န်း အချက်အလက်များကို ရယူစုဆောင်းကာ လူသိရှင်ကြား ထုတ်ပြန်ပေးရမည်ဟု Sustainable fashion သုတေသီ Marianne Caroline က ပြောကြားသည်။

ကိုးကား Myanmar’s textile workers pay the price for Australia’s fast fashion addiction By Libby Hogan

Read 1136 times
Rate this item
(0 votes)