What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဗီယက်နမ် အထည်အလိပ်နှင့် အထည်ချုပ်ကဏ္ဍ ဖွံ့ဖြိုးမည့် အကြောင်းရင်းခံ ၃ချက်

ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ်၌ ဗီယက်နမ်နိုင်ငံ အထည်အလိပ်နှင့် အထည်ချုပ်ကဏ္ဍမှ ပြည်ပပို့ကုန် ကန်ဒေါ်လာ ၃၁ ဘီလျံ တင်ပုံခဲ့ရာ တစ်နှစ်ထက်တစ်နှစ် တိုးသည့်နှုန်းမှာ ၁၀ ရာခိုင်နှုန်းဖြစ်သည်။

ယခုနှစ်တွင် ဗီယက်နမ် အထည်အလိပ်နှင့် အ၀တ်အစား အသင်း Việt Nam Textile and Apparel Association က ကန်ဒေါ်လာ ၃၄ မှ ၃၅ ဘီလျံအထိ ပြည်ပသို့ တင်ပို့နိုင်မည်ဟု မျှော်မှန်းထားသည်။ ထို့အတွက် ကောင်းကျိုးပြုမည့်အချက်များ ရှိနေသည်။

လက်ရှိတွင် မြန်မာနိုင်ငံသည် CMP အခစားအဖြစ် လုပ်ကိုင်ခြင်းမှ FOB အဖြစ်သို့ တိုးတက်ရောက်ရှိရန် ကြိုးပမ်းဆောင်ရွက်နေသည်။ ဗီယက်နမ်သည် FOB အဖြစ်မှ ODM အဖြစ်သို့ တိုးတက်ရောက်ရှိစေရန် သွားရမည့် လမ်းကြောင်းကို ပြောပြပေးထားသည်။

အဆိုပါအသင်း၏ ဥက္ကဋ္ဌဖြစ်သူ Vũ Đức Giang က Việt Nam News ၏ သတင်းထောက်ကို ထိုအကြောင်း ပြောပြခဲ့ပြီး ဤလုပ်ငန်းကဏ္ဍအနေဖြင့် ယှဉ်ပြိုင်နိုင်မှု တိုးမြှင့်နိုင်ရန်၊ ထုတ်ကုန်များတွင် တန်ဖိုးထပ်ဖြည့်ခြင်းများ တိုးရန်တို့အတွက် ကြိုးပမ်းဆောင်ရွက်နေပုံများကိုလည်း ပြောကြားခဲ့သည်။

အထည်အလိပ်နှင့် အထည်ချုပ်ကဏ္ဍမှ ယခုနှစ် ပြည်ပတင်ပို့နှင့် ပတ်သက်၍ ယခုလို ပြောပြခဲ့သည်။

အထည်အလိပ်နှင့် အထည်ချုပ်ကဏ္ဍမှ ယခုနှစ် ပထမသုံးလပတ်မှာ ကန်ဒေါ်လာ ၈ ဘီလျံ ၀င်ပါတယ်။ ပြီးခဲ့တဲ့နှစ် ပထမသုံးလပတ်နဲ့ နှိုင်းယှဉ်ကြည့်ရင် ၁၃.၅ ရာခိုင်နှုန်း ပိုများပါတယ်။ ပြီးခဲ့တဲ့ လေးနှစ်တာအတွင်း ပထမသုံးလပတ်မှာ ကြီးထွားနှုန်း အမြင့်မားဆုံးကို ရရှိခဲ့တာ ဖြစ်ပါတယ်။
ကျွန်တော်တို့ ယုံကြည်တာက ဒုတိယ သုံးလပတ်မှာ ကန်ဒေါ်လာ ၈ ဒဿမ ၅ ဘီလျံဖိုး တင်ပို့နိုင်မယ်လို့ မျှော်မှန်းထားတယ်။ ပထမနှစ်ဝက်မှာ ပြည်ပတင်ပို့မှု ကြိုတင်ခန့်မှန်းထားက ၁၄ ရာခိုင်နှုန်း မနှစ်က ပထမနှစ်ဝက်ထက် ပိုများမယ်။
တစ်နှစ်ပတ်လုံးအနေဖြင့် ဒီကဏ္ဍရဲ့ ပြည်ပတင်ပို့မှုဟာ ကန်ဒေါ်လာ ၃၄ ကနေ ၃၅ ဘီလျံအထိ ရောက်သွားမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ အဲဒီလို ယုံကြည်စိတ်ချဖို့အတွက် ကျွန်တော်တို့မှာ အကြောင်းရင်းခံ ၃ ချက် ရှိနေပါတယ်။

ပထမအချက် လွတ်လပ်ကုန်သွယ် သဘောတူညီချက်များ၊ အထူးသဖြင့် Comprehensive and Progressive Agreement for Trans-Pacific Partnership (CPTPP) က ဈေးကွက်တွေ ထိုးဖောက်ဖို့ ခွန်အားကို လုပ်ငန်းတွေ ရရှိစေတယ်။ အရင်က ကျွန်တော်တို့ ကနေဒါ၊ သြစတေးလျနဲ့ နယူးဇီလန်တို့မှာ အလွန်သေးငယ်တဲ့ ဈေးကွက်ဝေစုတွေကို ရထားတာကို ထိုးဖောက်နေရာယူဖို့ တွန်းပို့ပေးတဲ့အားကို ရရှိစေပါတယ်။

ဒုတိယအချက်က ဗီယက်နမ်နဲ့ အီးယူတို့အကြား လွတ်လပ်ကုန်သွယ်မှု သဘောတူညီချက်က လာမယ့် ၂၀၁၉ ခုနှစ်ဖြစ်ဖြစ် ၂၀၂၀ ခုနှစ်ဖြစ်ဖြစ်မှာ စတင်သက်ရောက်မယ်။ အဲဒီအတွက် ကုန်ထုတ်လုပ်ဖို့ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူတွေက အဓိကကျတဲ့နေရာတွေမှာ ရင်းနှီးမြှုပ်နှံကြလိမ့်မယ်။ အခုအခါ မလောက်မင ဖြစ်နေတဲ နေရာတွေကို ၀င်ကြလိမ့်မယ်။ ချည်မျှင်၊ အထည်သားနဲ့ အခြား ဖြည့်သွင်းပစ္စည်းတွေ ထုတ်လုပ်မယ့်အပိုင်းတွေမှာ ရင်းနှီးမြှုပ်နှံကြလိမ့်မယ်။

အခုလို ဖြည့်သွင်းပေးမယ့် ပစ္စည်းတွေ၊ အထည်အလိပ်ထုတ်လုပ်မှုတွေမှာ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ပေးတဲ့အတွက် ကျွန်တော်တို့ ပိုကြီးမားတဲ့ အကျိုးအမြတ်တွေကို လွတ်လပ်ကုန်သွယ်ရေးသဘောတူညီချက်တွေထံမှ ရရှိမယ်။ ကျွန်တော်တို့ ဖြည့်သွင်းပစ္စည်းအပိုင်းကို တိုးမြှင့်လိုက်ပြီးတဲ့အခါ ကျွန်တော်တို့က လက်ရှိမှာ FOB အဖြစ် တင်ပို့နေတဲ့အဖြစ်ကနေ ODM (Original Design Manufacturing) အဖြစ် ထုတ်လုပ်တင်ပို့တဲ့အဖြစ်ကို ကူးပြောင်းဖို့ ထိထိရောက်ရောက် လုပ်ကိုင်နိုင်သွားမယ်။ အခုလို ထုတ်လုပ်ပုံထုတ်လုပ်နည်း ကူးပြောင်းတဲ့ မဟာဗျူဟာကို အလုပ်ဖြစ်အောင် လုပ်လို့ရသွားမယ်။

တတိယ အကြောင်းရင်းခံက နည်းပညာပိုင်း ဖြစ်ပါတယ်။
အခုဆိုရင် ကျွန်တော်တို့ရဲ့ ကုန်ထုန်လုပ်ငန်းရှင်တွေက နည်းပညာပိုင်းကို အာရုံပိုစိုက်ကြတယ်။ အထူးသဖြင့် Industry 4.0 နည်းပညာတွေ ဖြစ်ပါတယ်။

INDUSTRY 4.0 ဖက်ရှင်ဆိုင်
http://www.textiledirectory.com.mm/articles/item/563-industry-4-0.html

 

အထည်အလိပ်၊ ဆေးဆိုးခြင်းနဲ့ ချည်မျှင် လုပ်ငန်းကဏ္ဍတွေမှာ ခေတ်ပေါ် စက်ကိရိယာတွေ အမျိုးမျိုး အများကြီး ရှိနေပါတယ်။
လုပ်သား ၂ယောက် ၃ ယောက်ကို စက်တစ်လုံးဖြင့် အစားထိုး လုပ်ကိုင်လို့ ရနေတယ်။ ကုန်ထုတ်စွမ်းအားမှာလည်း တိုးသွားတဲ့အပြင် လုပ်ကိုင်ရတဲ့ကြာချိန်လည်း တိုတောင်းသွားတယ်။ ဒီတော့ အမှာစာတွေကို ဆောလျင်စွာ ပို့ပေးနိုင်စေတယ်။ ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ်မှာလည်း သက်သာသွားတော့ ဈေးနှုန်းကို ယှဉ်ပြိုင်နိုင်တဲ့ ရောင်းဈေးတွေ သတ်မှတ်လို့ ရသွားတယ်။

ကျွန်တော်တို့က ODM ထုတ်ကုန်တွေကို လုပ်ကိုင်တာမှာ ပံ့ပိုးမှုအင်္ဂါရပ်အဖြစ် 3D design software တွေ ရင်းနှီးမြှုပ်နှံထားတယ်။
ကုန်ထုတ်လုပ်ငန်းရှင်တွေက သူတို့ရဲ့ လုပ်ငန်းဟာ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ အလုပ်သမားတွေနဲ့ ၀ယ်ယူသုံးစွဲသူတွေ ဘေးအန္တရာယ် မပြုစေရေးတို့အတွက် သူတို့ရဲ့ စက်ရုံတွေနဲ့ ပံ့ပိုးမှုအင်္ဂါရပ်တွေမှာ ပိုမိုရင်းနှီးမြှုပ်နှံပေးကြရမယ်။
အဲဒါမှ တင်သွင်းတဲ့ဘက်မှာ အကဲဖြတ်တဲ့အခါ တန်ဖိုးရှိမယ်။

Read 973 times
Rate this item
(0 votes)