H&M အဝတ်အစားများ မီးရှို့ပြီး ဓာတ်အားထုတ်
ဆွီဒင်နိုင်ငံမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စက်ရုံတစ်ခုက ရုပ်ကြွင်းလောင်စာဖြစ်တဲ့ ရေနံနဲ့ ရေနံထွက်လောင်စာများကို သုံးစွဲပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကို လာမယ့် ၂၀၂၀ ခုနှစ်မှာ အဆုံးသတ်ဖို့ ရည်မှန်းထားတယ်။ လောင်စာအဖြစ် အမှိုက်တွေကို သုံးစွဲသွားမယ်။ အဲဒီအမှိုက်တွေထဲမှာ ကမ္ဘာ့ထိပ်တန်း ဖက်ရှင်နဲ့ အဝတ်အစားလုပ်ငန်းဖြစ်တဲ့ H&M မှ စွန့်ပစ်မယ့် အဝတ်အစားတွေလည်း ပါတယ်လို့ ဆွီဒင်နိုင်ငံမှာ ထုတ်လွှင်တဲ့ ရုပ်မြင်သံကြားအစီအစဉ်မှာ တင်ပြသွားပါတယ်။
‘‘အဝတ်အစားဆိုပေမဲ့ ကျွန်တော်တို့အဖို့တော့ မီးရှို့လို့ရတဲ့အရာတစ်ခုပါပဲ’’ လို့ စက်ရုံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ အဆိုပါစက်ရုံဟာ စတော့ဟုမ်းမြို့မှ ၆၂ မိုင်ေဝးကွာတဲ့နေရာမှာ တည်ရှိ်ပါတယ်။ ‘‘ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ပြန်လည်ပြည့်ဖြိုးမြဲလောင်စာတွေ၊ တစ်ဖန်ပြန်လည်သုံးစွဲတဲ့ လောင်စာတွေကိုသာ သုံးစွဲဖို့ ဖြစ်ပါတယ်’’ လို့ သူက ရှင်းပြပါတယ်။
၂၀၁၇ ခုနှစ်မှာ အဲဒီစက်ရုံက H&M မှ စွန့်ပစ်တဲ့ အဝတ်အစားတွေ ၁၅ တန်ခန့်ကို မီးရှို့ပြီး အပူစွမ်းအင် ရယူခဲ့ပါတယ်။ အဲဒီဓာတ်အားစက်ရုံဟာ အိမ်ထောင်စု တစ်သိန်းခွဲကို လျှပ်စစ်ဓာတ်အား ပေးနေတဲ့ စက်ရုံဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ အမှိုက်တန်ချိန် လေးသိန်းကို မီးရှို့ခဲ့ပါတယ်။ ဒီတော့ H&M ရဲ့ အဝတ်အစား ၁၅ တန်ဟာ မပြောပလောက်တဲ့ အချိုးအစားမျှသာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာထိပ်တန်း အဝတ်အထည်လုပ်ငန်းရဲ့ အဝတ်အစားတွေ ဖြစ်နေလို့ ဘာလို့ ယခုလို မီးရှို့ရတာလဲ ဆိုတဲ့ မေးခွန်း ထွက်ပေါ်ပါတယ်။
H&M မှ တာဝန်ရှိသူ ဂျွန်နာဒါးလ်က ‘‘အဲဒအဝတ်အစားတွေက ဝတ်ဆင်ရင် ဘေးသင့် စေနိုင်တယ်။ ဝတ်ဖို့ မသင့်တော်တာတွေပါ။ ဒီအဝတ်အစားတွေကို ထုတ်လုပ်တာမှာ ဓာတုပစ္စည်း သုံးစွဲရာမှာ တင်းကျပ်တဲ့ စည်းကမ်းတွေ ရှိနေတာ မလိုက်နာခဲ့တာတွေ ရှိနေတယ်။ ပြီးတော့ မှိုစွဲနေတဲ့ အဝတ်အစားတွေလည်း ပါတယ်။ ဒီတော့ ဖျက်ဆီးပစ်ရပါတယ်။ H&M ဟာ ဘေးကင်းတဲ့ အဝတ်အစားတွေကို ဘယ်တော့မှ မီးရှို့ခိုင်းမှာ မဟုတ်ပါဘူး’’ လို့ ရှင်းပြခဲ့ပါတယ်။
ဆွီဒင်အစိုးရက ရေနံလောင်စာ သုံးစွဲခြင်းကို ဖယ်ရှားဖို့ မူဝါဒ ချထားကို ဆွီဒင်အခြေစိုက် H&M လုပ်ငန်းက ထောက်ခံပါဝင်လိုက်တာလည်း ဖြစ်ပါတယ်လို့ သူက ဆက်ရှင်းပြပါတယ်။
ဆွီဒင်နိုင်ငံတစ်ခုတည်းကို မကြည့်ဘဲ တစ်ကမ္ဘာလုံးကို ကြည့်မယ်ဆိုရင် အဝတ်အစား ထုတ်လုပ်သူတွေ ပိုများလာနပြေီး ထုတ်လုပ်တဲ့ ပမာဏလည်း ပိုများလာနေပါတယ်။ ဘရာဇီး၊ တရုတ်၊ အိနိ္ဒယ၊ မက္ကဆီကို၊ ရုရှား အစရှိတဲ့နိုင်ငံတွေမှာ H&M အပါအဝင် အမြန်ဖက်ရှင်ထည်တွေ ဝယ်လိုအား ပိုမိုများပြားလာနေပါတယ်။ 2016 McKinsey လေ့လာချက်အရ ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း အဝတ်အထည် ထုတ်လုပ်မှု ပမာဏ ၂ ဆတိုးခဲ့ပါတယ်။