What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အထည်ချုပ်လုပ်သားများ အသိအမှတ်ပြုကျွမ်းကျင်လက်မှတ်ရရှိရေး ဆွေးနွေး

အထည်ချုပ်လုပ်သားများ အသိအမှတ်ပြုကျွမ်းကျင်လက်မှတ်ရရှိရေး ဆွေးနွေး Google

          မြန်မာနိုင်ငံအတွင်းရှိ အထည်ချုပ်လုပ်သားများ အသိအမှတ်ပြု ကျွမ်းကျင်လက်မှတ်ရရှိစေရေးအတွက် မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု "စံ" သတ်မှတ်ပြဌာန်းရေးအဖွဲ့(NSSA) အနေဖြင့် စစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

          အထည်ချုပ်အလုပ်အကိုင်ဆိုင်ရာ အမျိုးသားအဆင့်ကျွမ်းကျင်လုပ်သားများ ပေါ်ပေါက်စေရေးအတွက် စစ်ဆေးအကဲဖြတ်ဌာနများ ထူထောင်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တောင်ဒဂုံမြို့နယ် စက်မှုဇုန်လမ်းမကြီးရှိ တောင်ဒဂုန်စက်မှုဇုန် (၁) စီမံခန့်ခွဲရေးကော်မတီရုံးတွင် ယမန်နေ့မနက် ၉ နာရီခွဲအထိမှ ၁၁ နာရီခွဲအထိကို အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု "စံ" သတ်မှတ်ပြဠာန်းရေးအဖွဲ့နှင့် အထည်ချုပ်လုပ်ငန်းရှင်များ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

          မြန်မာနိုင်ငံရှိ အလုပ်သမားများကို စစ်ဆေးအကဲဖြတ်ကြည့်ရာတွင် အထည်ချုပ်လုပ်ငန်းများတွင် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်သားများကို ခိုင်းစေရာတွင် ပြုစုပျိုးထောင်ပေးရန် လိုအပ်ကြောင်း၊ လုပ်သားများအနေဖြင့် အသိအမှတ်ပြုလက်မှတ်ရရှိစေရန် ဆောင်ရွက်ထားသင့်ကြောင်း၊ ထိုမှသာလျှင် အာဆီယံအဆင့်ကို ကျော်ဖြတ်နိုင်ကြမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် လုပ်သားအင်အား စုစုပေါင်း ၂၂ သန်းရှိပြီး လက်ရှိသက်ဆိုင်ရာ လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်နေကြကြောင်းလည်း သိရသည်။

Source: ကြေးမုံ

Read 1105 times
Rate this item
(0 votes)
Tagged under