What's new

×

Warning

JUser: :_load: Unable to load user with ID: 845


လွ်ပ္စစ္ဖိစီးမႈ ကင္းလြတ္ေတာ့မည္

လွ်ပ္စစ္ဖိစီးမႈ ကင္းလြတ္ေတာ့မည္ MOEE Facebook

(Zaw+UNI)အထည္ခ်ဳပ္က႑အဖုိ႔ လွ်ပ္စစ္ ပုံမွန္တသမတ္တည္း မရျခင္းနဲ႔ စိတ္ခ်လက္ခ် အားကုိးလုိ႔မရျခင္းဟာ

ဖိစီးေနတဲ့ ျပႆနာတစ္ရပ္ ျဖစ္ပါတယ္။
၂၀၂၀ - ၂၁ ခုႏွစ္မွာ လွ်ပ္စစ္ဓာတ္အားမ်ား ထုတ္လုပ္ႏုိင္ဖုိ႔ စတင္ေဆာင္ရြက္ဖုိ႔ လက္မွတ္ေရးထုိးလုိက္ၿပီ ျဖစ္ပါတယ္။ တစ္နည္းဆုိရေသာ္ လွ်ပ္စစ္နဲ႔ စြမ္းအင္၀န္ႀကီးဌာနမွ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ျခင္းကုိ LNG အသုံးျပဳၿပီး ထုတ္လုပ္မယ့္ ဓာတ္အားစက္႐ုံစီမံကိန္းေတြ စတင္လုပ္ေဆာင္ဖုိ႔ ခြင့္ျပဳလုိက္ပါၿပီ။ LNG အသုံးျပဳ ဓာတ္အားစက္႐ုံစီမံကိန္းအတြက္ တင္ဒါေခၚယူေရြးခ်ယ္တဲ့နည္းလမ္းအစား စိတ္၀င္စားတဲ့လုပ္ငန္းေတြနဲ႔ တုိက္႐ုိက္ေတြ႕ဆုံၿပီး ေတ့ေတ့ဆုိင္ဆုိင္ ေဆြးေႏြးေမးျမန္းကာ ေရြးခ်ယ္ေပးခဲ့တယ္လုိ႔ သိရပါတယ္။ အဲဒါေၾကာင့္လည္း ယခုလုိအဆင့္ကုိ ျမန္ျမန္ဆန္ဆန္ ေရာက္ရွိႏုိင္ခဲ့တာလု႔ိ သုံးသပ္ၾကပါတယ္။

ျမန္မာႏုိင္ငံမွာ LNG ထုတ္လုပ္ႏုိင္ျခင္း မရွိလုိ႔ LNG ကုိ ျပည္ပမွ တင္သြင္းၿပီး အသုံးျပဳသြားမွာ ျဖစ္ပါတယ္။ နည္းပညာပုိင္း လုိအပ္တဲ့အျပင္ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏလည္း ႀကီးမားပါတယ္။ ရင္းႏွီးျမႇဳပ္ႏွံမႈကုိ ကုမၸဏီေတြမွ စုိက္ထုတ္က်ခံထားၿပီး အစုိးရထံသုိ႔ ဓာတ္အားေရာင္းခ်ၿပီး အရင္းျပန္ေဖာ္ယူရမွာ ျဖစ္ပါတယ္။

●တနသၤာရီတုိင္းေဒသႀကီး ကံေပါက္မွာ ျပင္သစ္ကုမၸဏီ Total ႏွင့္ ဂ်ာမနီကုမၸဏီ Siemens တုိ႔ ၁၂၃ဝမီဂါ၀ပ္ ဓာတ္အားစက္ရုံကုိ ၄၈ လျဖင့္ တည္ေဆာက္မွာျဖစ္ေပမဲ့ ပထမအဆင့္ကုိ ၃ ႏွစ္ျဖင့္ အၿပီးတည္ေဆာက္ၿပီး ၆၁၅ မီဂါ၀ပ္ကုိ ထုတ္ေပးႏုိင္မယ္။ အဲဒီကုမၸဏီႏွစ္ခုမွ ျဖန္႔ျဖဴးေရး ဓာတ္အားလုိင္းကုိလည္း တစ္ခ်ိန္တည္းမွာ ထူေထာင္မွာ ျဖစ္ပါတယ္။ ၎ ဗုိ႔အားျမင့္ ဓာတ္အားလုိင္းက ပဲခူးတုိင္းေဒသႀကီးမွ ဘုရာႀကီး ဓာတ္အားလုိင္းထဲသုိ႔ ၀င္ေရာက္မွာ ျဖစ္ပါတယ္။

●ဧရာ၀တီတုိင္းေဒသႀကီး မီးေလာင္ခ်ဳိင့္မွာ တ႐ုတ္ႏုိင္ငံမွ Zhefu နဲ႔ ျပည္တြင္းမွ Supreme Group ကုမၸဏီတုိ႔ တာ၀န္ယူ လုပ္ကုိင္ေပးၾကမွာ ျဖစ္ၿပီး LNG ဓာတ္အားစက္႐ုံမွ ၁၃၉ဝမီဂါ၀က္ ထုတ္လုပ္ပါနယ္။ ပထမအဆင့္ကုိ ၃၆ လျဖင့္ ၿပီးစီးမွာျဖစ္ၿပီး အျပည့္အဝၿပီးစီးဖုိ႔ ၄၂ လ ၾကာျမင့္မယ္။ ၎ဓာတ္အားစက္႐ုံမွ ပုိ႔လႊတ္မယ့္ ဓာတ္အားလုိင္းဟာ ရန္ကုန္ၿမိဳ႕ လႈိင္သာယာရွိ ဓာတ္အားခြဲ႐ုံသုိ႔ ခ်ိတ္ဆက္မွာ ျဖစ္ပါတယ္။
မီးေလာင္ခ်ဳိင့္ဟာ ေခ်ာင္းသာရဲ႕ ေျမာက္ဖက္ ပင္လယ္ကမ္းေျခမွာ တည္ရွိပါတယ္။ LNG ေတြကုိ ေရေပၚကန္ေတြနဲ႔ ထားသုိမယ္။ ေရစူးမ်ားတဲ့ LNG သေဘၤာႀကီးေတြ ဆုိက္ကပ္ႏုိင္ေအာင္ ကမ္းေျခမွ တစ္ကီလုိမီတာခြဲ ေ၀းကြာတဲ့ေနရာမွာ ဆိပ္ခံတည္ေဆာက္မယ္လုိ႔ သိရပါတယ္။

●ရန္ကုန္တုိင္းေဒသႀကီး အလုံမွာေတာ့ ၃၅၆ မီဂါ၀ပ္ ထုတ္လုပ္မယ့္ LNG ဓာတ္အားစက္႐ုံကုိ ထုိင္းကုမၸဏီ TTCL (Toyo Thai) မွ တည္ေဆာက္မွာ ျဖစ္ပါတယ္။

●ရခုိင္ျပည္နယ္ ေက်ာက္ျဖဴမွာေတာ့ သဘာ၀ဓာတ္ေငြ႕ကုိ အသုံးျပဳမွာ ျဖစ္ပါတယ္။ အဲဒီ ဓာတ္အားစက္႐ုံက ၁၃၅ မီဂါ၀ပ္ ထုတ္လုပ္မွာျဖစ္ၿပီး တ႐ုတ္ႏုိင္ငံမွ Sinohydro နဲ႔ ျမန္မာႏုိင္ငံမွ Supreme Group ကုမၸဏီတုိ႔က လုပ္ကုိင္ၾကမွာ ျဖစ္ပါတယ္။

MIA ရဲ႕ AGM မွာ လွ်ပ္စစ္ႏွင့္စြမ္းအင္၀န္ႀကီးက လွ်ပ္စစ္ဓာတ္အား အခက္အခဲေၾကာင့္ ရင္းႏွီးျမႇဳပ္ႏွံဖုိ႔ ေစာင့္ဆုိင္းေနၾကတာကုိ စိတ္ခ်လက္ခ်ျဖင့္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ျပဳၾကဖုိ တုိက္တြန္းေျပာၾကားခဲ့ပါတယ္။ လာမယ့္ ႏွစ္ႏွစ္ခြဲ သုံးႏွစ္အတြင္းမွာ ဓာတ္အားထုတ္လုပ္ႏုိင္မယ့္အေၾကာင္း
လွ်ပ္စစ္ႏွင့္ စြမ္းအင္၀န္ႀကီး ရွင္းလင္းတင္ျပတာကုိ ေအာက္ေဖာ္ျပပါလင့္ခ္မွာ ဖတ္႐ႈႏုိင္ပါတယ္။

zawgyi version link

https://goo.gl/6eQMp5

 

unicode version link

https://goo.gl/tdtxXr

 

Unicode

အထည်ချုပ်ကဏ္ဍအဖို့ လျှပ်စစ် ပုံမှန်တသမတ်တည်း မရခြင်းနဲ့ စိတ်ချလက်ချ အားကိုးလို့မရခြင်းဟာ ဖိစီးနေတဲ့ ပြဿနာတစ်ရပ် ဖြစ်ပါတယ်။
၂၀၂ဝ- ၂၁ ခုနှစ်မှာ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ဖို့ စတင်ဆောင်ရွက်ဖို့ လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။ တစ်နည်းဆိုရသော်

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကို LNG အသုံးပြုပြီး ထုတ်လုပ်မယ့် ဓာတ်အားစက်ရုံစီမံကိန်းတွေ စတင်လုပ်ဆောင်ဖို့ ခွင့်ပြုလိုက်ပါပြီ။ LNG အသုံးပြု ဓာတ်အားစက်ရုံစီမံကိန်းအတွက် တင်ဒါခေါ်ယူရွေးချယ်တဲ့နည်းလမ်းအစား စိတ်ဝင်စားတဲ့လုပ်ငန်းတွေနဲ့ တိုက်ရိုက်တွေ့ဆုံပြီး တေ့တေ့ဆိုင်ဆိုင် ဆွေးနွေးမေးမြန်းကာ ရွေးချယ်ပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒါကြောင့်လည်း ယခုလိုအဆင့်ကို မြန်မြန်ဆန်ဆန် ရောက်ရှိနိုင်ခဲ့တာလို့ သုံးသပ်ကြပါတယ်။

မြန်မာနိုင်ငံမှာ LNG ထုတ်လုပ်နိုင်ခြင်း မရှိလို့ LNG ကို ပြည်ပမှ တင်သွင်းပြီး အသုံးပြုသွားမှာ ဖြစ်ပါတယ်။ နည်းပညာပိုင်း လိုအပ်တဲ့အပြင် ရင်းနှီးမြှုပ်နှံမှုပမာဏလည်း ကြီးမားပါတယ်။ ရင်းနှီးမြှုပ်နှံမှုကို ကုမ္ပဏီတွေမှ စိုက်ထုတ်ကျခံထားပြီး အစိုးရထံသို့ ဓာတ်အားရောင်းချပြီး အရင်းပြန်ဖော်ယူရမှာ ဖြစ်ပါတယ်။

●တနင်္သာရီတိုင်းဒေသကြီး ကံပေါက်မှာ ပြင်သစ်ကုမ္ပဏီ Total နှင့် ဂျာမနီကုမ္ပဏီ Siemens တို့ ၁၂၃ဝမီဂါဝပ် ဓာတ်အားစက်ရုံကို ၄၈ လဖြင့် တည်ဆောက်မှာဖြစ်ပေမဲ့ ပထမအဆင့်ကို ၃ နှစ်ဖြင့် အပြီးတည်ဆောက်ပြီး ၆၁၅ မီဂါဝပ်ကို ထုတ်ပေးနိုင်မယ်။ အဲဒီကုမ္ပဏီနှစ်ခုမှ ဖြန့်ဖြူးရေး ဓာတ်အားလိုင်းကိုလည်း တစ်ချိန်တည်းမှာ ထူထောင်မှာ ဖြစ်ပါတယ်။၎င်း ဗို့အားမြင့် ဓာတ်အားလိုင်းက ပဲခူးတိုင်းဒေသကြီးမှ ဘုရာကြီး ဓာတ်အားလိုင်းထဲသို့ ဝင်ရောက်မှာ ဖြစ်ပါတယ်။

●ဧရာဝတီတိုင်းဒေသကြီး မီးလောင်ချိုင့်မှာ တရုတ်နိုင်ငံမှ Zhefu နဲ့ ပြည်တွင်းမှ Supreme Group ကုမမပဏီတို့ တာဝန်ယူ လုပ်ကိုင်ပေးကြမှာ ဖြစ်ပြီး

LNG ဓာတ်အားစက်ရုံမှ ၁၃၉ဝမီဂါဝက် ထုတ်လုပ်ပါနယ်။ ပထမအဆင့်ကို ၃၆ လဖြင့် ပြီးစီးမှာဖြစ်ပြီး အပြည့်အဝပြီးစီးဖို့ ၄၂ လ ကြာမြင့်မယ်။

၎င်းဓာတ်အားစက်ရုံမှ ပို့လွှတ်မယ့် ဓာတ်အားလိုင်းဟာ ရန်ကုန်မြို့ လှိုင်သာယာရှိ ဓာတ်အားခွဲရုံသို့ ချိတ်ဆက်မှာ ဖြစ်ပါတယ်။
မီးလောင်ချိုင့်ဟာ ချောင်းသာရဲ့ မြောက်ဖက် ပင်လယ်ကမ်းခြေမှာ တည်ရှိပါတယ်။ LNG တွေကို ရေပေါ်ကန်တွေနဲ့ ထားသိုမယ်။ ရေစူးများတဲ့ LNG သင်္ဘောကြီးတွေ

ဆိုက်ကပ်နိုင်အောင် ကမ်းခြေမှ တစ်ကီလိုမီတာခွဲဝေးကွာတဲ့နေရာမှာ ဆိပ်ခံတည်ဆောက်မယ်လို့ သိရပါတယ်။

●ရန်ကုန်တိုင်းဒေသကြီး အလုံမှာတော့ ၃၅၆ မီဂါဝပ် ထုတ်လုပ်မယ့် LNG ဓာတ်အားစက်ရုံကို ထိုင်းကုမ္ပဏီ TTCL (Toyo Thai) မှ တည်ဆောက်မှာ ဖြစ်ပါတယ်။

●ရခိုင်ပြည်နယ် ကျောက်ဖြူမှာတော့ သဘာဝဓာတ်ငွေ့ကို အသုံးပြုမှာ ဖြစ်ပါတယ်။ အဲဒီ ဓာတ်အားစက်ရုံက ၁၃၅ မီဂါဝပ် ထုတ်လုပ်မှာဖြစ်ပြီး တရုတ်နိုင်ငံမှ Sinohydro နဲ့ မြန်မာနိုင်ငံမှ Supreme Group ကုမ္ပဏီတို့က လုပ်ကိုင်ကြမှာ ဖြစ်ပါတယ်။

MIA ရဲ့ AGM မှာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးက လျှပ်စစ်ဓာတ်အား အခက်အခဲကြောင့် ရင်းနှီးမြှုပ်နှံဖို့ စောင့်ဆိုင်းနကြေတာကို စိတ်ချလက်ချဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပြုကြဖို တိုက်တွန်းပြောကြားခဲ့ပါတယ်။ လာမယ့် နှစ်နှစ်ခွဲ သုံးနှစ်အတွင်းမှာ ဓာတ်အားထုတ်လုပ်နိုင်မယ့်အကြောင်း
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ရှင်းလင်းတင်ပြတာကို အောက်ဖော်ပြပါလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။

zawgyi version link

https://goo.gl/6eQMp5

 

unicode version link

https://goo.gl/tdtxXr

 

 

Read 842 times
Rate this item
(0 votes)