What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အထည်ချုပ်လုပ်ငန်းများအတွက် အကောက်ခွန်မဲ့ ကုန်လှောင်ရုံများဆိုင်ရာ အစိုးရ-ပုဂ္ဂလိက ဆွေးနွေးခြင်း

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ အကောက်ခွန်ဦးစီးဌာန၊ DaNa Facility ၊ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်‌ရေးလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံစက်မှုနှင့် ကုန်ထုတ်လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များသည် အကောက်ခွန်ကုန်လှောင်ရုံ (Customs Bonded Warehouse) အခန်းကဏ္ဍဆိုင်ရာ အစိုးရ-ပုဂ္ဂလိကဆွေးနွေးပွဲအား Video Conferencing စနစ်ကို အသုံးပြု၍ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။

 

မြန်မာနိုင်ငံအစိုးရသည်စီးပွားရေးပြုပြင်ပြောင်းလဲမှုကြိုးပမ်းအားထုတ်မှုများကိုအကောင်အထည်ဖော်လျက်ရှိပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်၏တစ်စိတ်တစ်ပိုင်းအနေဖြင့် မြန်မာနိုင်ငံရှိအကောက်ခွန် ကုန်လှောင်ရုံဆိုင်ရာလုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်ခဲ့ပါသည်။၊

 

ဤဆွေးနွေးပွဲတွင် ထောက်ပံ့ပို့ဆောင်ရေးနှင့် ကုန်ထုတ်လုပ်ရေးကဏ္ဍများတွင် ပြည်တွင်းနှင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်လုပ်ဆောင်ရန် အတွက် ဆိပ်ကမ်းဝန်ဆောင်မှုများ၊ အကောက်ခွန် ကုန်လှောင်ရုံနှင့် ကုန်စည်ပို့ဆောင်ခြင်းလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်မည့်အခြေအနေများ၊ အကောက်ခွန်သိုလှောင်ရုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ အကောင်အထည်ဖော်နေခြင်း အခြေအနေနှင့် မူဝါဒဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။ ၎င်းအပြင် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍနှစ်ရပ်လုံးတွင် ပါဝင်ပတ်သက်သူများအကြားထိရောက်သော ညှိနှိုင်းဆောင်ရွက်မှု ယန္တရားများတည်ထောင်ရန်နည်းလမ်းများကို မျှဝေ ဆွေးနွေးခဲ့ကြသည်။

 

မြန်မာနိုင်ငံရှိကုန်ထုတ်လုပ်မှုကဏ္ဍ၊ အထူးသဖြင့် အထည်ချုုပ်ကဏ္ဍသည် ထုတ်လုပ်မှုစနစ်ကို FOB သို့ တက်လှမ်းရန် ကြိုးစားဆောင်ရွက်နေပါသည်။ အကောင်းဆုံးနည်းလမ်းမှာ ကုန်ကျစရိတ်အနည်းဆုံးနှင့် အကောင်းဆုံးအရင်းအမြစ်ကိုရရှိရန်အတွက် ထောက်ပံ့ရေးကွင်းဆက်စီမံခန့်ခွဲမှု ဖွံ့ဖြိုးတိုးတက်ရေးဖြစ်သည်။ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍ၏ ဝန်ဆောင်မှုများသည် ကုန်ပစ္စည်းစီးဆင်းမှုနှင့်သိုလှောင်ခြင်း၊ အချိန်လိုအပ်ချက်များကိုလျှော့ချနိုင်ပြီး သိုလှောင်ရုံကဲ့သို့သော ထောက်ပံ့ရေးကွင်းဆက်အတွက် ထိရောက်သော ဝန်ဆောင်မှုများကိုပေးနိုင်သည့် အရေးပါသောအစိတ်အပိုင်း တစ်ခုဖြစ်လာ သည်။ မကြာသေးမီကမြန်မာအစိုးရသည်ထောက်ပံ့ပို့ဆောင်ရေးနှင့် ကုန်ထုတ်လုပ်ရေးကဏ္ဍများတွင် ပြည်တွင်းနှင့်ပြည်ပရင်းနှီးမြုပ်နှံမှုများကို တိုးမြှင့်လုပ်ဆောင်ရန် ကြိုးပမ်းခဲ့ပြီး၊ ဆိပ်ကမ်းဝန်ဆောင်မှုများ၊ အကောက်ခွန်ကုန်လှောင်ရုံနှင့် ကုန်စည်ပို့ဆောင်ခြင်းလုပ်ငန်းများတွင် အထူးရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန်ဖိတ်ခေါ်လျှက်ရှိပါသည်။ ဤမူဝါဒရေးရာဆွေးနွေးမှုတွင်အကောက်ခွန်သိုလှောင်ရုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအား အကောင်အထည်ဖော်ခြင်း၏တိုးတက်မှုကိုအခြေအနေများနှင့်ရှေ့သို့တိုးတက်ရန် သေချာစေရန် မူဝါဒဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ပါသည်။ အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍနှစ်ရပ်လုံးတွင် ပါဝင် ပတ်သက်သူများ အကြား ထိရောက်သော ညှိနှိုင်းဆောင်ရွက်မှုယန္တရားများတည်ထောင်ရန် နည်းလမ်းကိုလည်းဆွေးနွေးခဲ့ပါသည်။

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ၊အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး ၊ အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထင်၊ ကုန်သည်စက်မှုအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်တို့မှ အဖွင့်အမှာစကားပြောကြားခဲ့ကြပြီး DaNa Facility ၏ ကျွမ်းကျင်ပညာရှင် Dr.Robert Preece က အကောက်ခွန်သိုလှောင်ရုံ အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့သည်။ 

Custom.png

အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထင်က ယခုလို တင်ပြဆွေးနွေးခဲ့ပါသည်။

“ကျွန်တော်တို့ Customs ဌာနအနေနဲ့ ဒီ Trade Facilitation အတွက်ကို နိုင်ငံတကာရဲ့ လုပ်ထုံးလုပ်နည်း Procedure တွေကို ကျွန်တော်တို့အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါဟာလည်း ကျွန်တော်တို့နိုင်ငံအနေနဲ့ WTO WCO အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တာနဲ့အညီ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ကျင့်ဝတ်စည်းမျဉ်းစည်းကမ်းနဲ့အညီ ကျွန်တော်တို့ရဲ့ Trade Facilitation အသစ်ကို ပိုမိုတိုးတက်အောင် ဆောင်ရွက်နေပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ Bonded Warehouse ကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ Bonded Warehouse နဲ့ပတ်သက်ပြီး ကျွန်တော်တို့ဟာ ၂၀၁၆ က စတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို အကောင်အထည်ဖော်ရာမှ DaNa Facilityနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်လာတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ လိုအပ်တဲ့ ဒီအမိန့်ကြော်ငြာစာအပိုင်းတွေကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ပြီးတော့မှ ကျွန်တော်တို့ ၂၀၀၉ ခုနှစ် ၈လပိုင်းမှာ ၆၈/၂၀၁၉ နဲ့ Bonded Warehouse အမိန့်ကြော်ငြာစာကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကြေညာပြီးတော့မှ ကျွန်တော်တို့ SOP ကိုလည်း ဓနရဲ့ အကူအညီနဲ့ပဲ ကျွန်တော်တို့ ဝိုင်းဝန်းပြီးပြင်ဆင်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။

 

ကျွန်တော့်အနေနဲ့ တင်ပြလိုတာကတော့ သိုလှောင်ရုံ (Storage) Bonded Warehouse အနေနဲ့ (၅)မျိုး ရှိပါတယ်။

(1) Public Warehouse

(2) Private Warehouse

(3) Manufacturing Warehouse

(4) Structural Warehouse (အထူးကုန်ပစ္စည်း)တွေထားသည့် သိုလှောင်ရုံ

(5) Exhibitions Warehouse (ပြပွဲတွေအတွက် ထားသည့် သိုလှောင်ရုံ

 

Custom1.png

 

ဒီ (၅)မျိုးထဲမှာမှ လတ်တလောတော့ အများပိုင် (Public Warehouse) အနေနဲ့ စမ်းသပ်ပြီး စတင် ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒီ Bonded Warehouse ကို ကျွန်တော်တို့လည်း တတ်နိုင်သမျှ ဖြစ်စေချင်ပါတယ်။ ဒါဟာ ဖြစ်လာမယ်ဆိုရင်တော့ Trade Facilitize ကလည်း ပိုမိုပြီးတော့ ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ ဒီ အမိန့်ကြော်ငြာစာ ၆၈/၂၀၁၉ မှာတော့ ကျွန်တော်တို့ Bonded Warehouse တစ်ခုဖွင့်လှစ်တော့မယ်ဆိုရင် လိုအပ်တဲ့အချက်တွေကို အားလုံး ဖော်ပြထားပြီး ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော့်အနေနဲ့ သီးခြား မတင်ပြတော့ပါဘူး။ ပြီးတော့ အဲဒါတွေအားလုံး ပြည့်စုံပြီဆိုရင်တော့ ကျွန်တော်တို့ စစ်ဆေးရေးအဖွဲ့နဲ့ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

 

အခုလောလောဆယ် ကျွန်တော်တို့ဆီမှာ စုစုပေါင်း စာရွက်စာတမ်းအပြည့်အစုံ (၁၃)ခု လာရောက်လျှောက်ထားရာမှာ (၉)ခုကတော့ စာရွက်စာတမ်း ပြည့်ပြည့်စုံစုံတင်ပြနိုင်ပီဖြစ်ပါတယ်။ ဒီထဲမှာ လတ်တလောတော့ Dry Port နှစ်ခုမှာလည်း ပထမဦးစွာ ပိုင်းလော့အနေနဲ့ စမ်းသပ်ပြီးမှ အားနည်းချက်၊ အားသာချက်တွေကို ပြန်လည်သုံးသပ်ပြီးတော့မှ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အင်အားတိုးချဲ့ဖို့ကလည်း အခက်အခဲလေးတွေ ဖြစ်နေပါတယ်။ အင်အားရလာတော့မှ ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နောက်ပိုင်းကျမှ ကျန်တဲ့ Product တွေကို လိုက်လံဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ရာမှာလည်း ကျွန်တော့်အနေနဲ့ ဖြစ်စေချင်တာကတော့ ဒီ Bonded warehouse ကို ကျွန်တော်တို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ပတ်သက်ပြီး လူနေထိုင်တဲ့ နေရာ(သို့) လူတွေနဲ့ နီးတဲ့နေရာတွေမှာ ကျွန်တော်တို့ ခွင့်ပြုမှာ မဟုတ်ပါဘူး။ သူ့အပိုင်းလေးနဲ့သူဆိုတော့ ကျွန်တော်တို့က အကောက်ခွန်လုပ်ငန်းအနေနဲ့ လာရောက်ပြီးတော့မှ ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။

 

နိုင်ငံတကာမှာတော့ အကောက်ခွန်ရုံးနဲ့ ကီလိုမီတာ သတ်မှတ်ချက်ရှိပါတယ်။ သတ်မှတ်ချက်အတွင်းမှာပဲ သူတို့က ပေးဖွင့်တာရှိပါတယ်။ ကျွန်တော်တို့က အဲဒါကြောင့်မို့ စုံလိုက်စုံလိုက် ဖွင့်နိုင်ဖို့က အရေးကြီးပါတယ်။ ပိုအရေးကြီးတာကတော့ ကျွန်တော်တို့ရဲ့ Warehouse Management System ရှိဖို့ လိုပါမယ်၊ နောက်တစ်ခုက MACCS နဲ့ ချိတ်ဆက်အသုံးပြုနိုင်ဖို့ လိုပါမယ်၊ အဲဒါကတော့ အရေးကြီးဆုံး ဖြစ်ပါတယ်။ ကျန်တဲ့အချက်တွေကတော့ ဒီအမိန့်ကြော်ငြာချက်ထဲမှာ ပါဝင်ပြီး ဖြစ်ပါတယ်။ သူတို့အနေနဲ့က Bonded Procedure က အသစ်ဖြစ်ပါတယ်။ အင်မတန်မှလည်း ထိရောက်တဲ့ Procedure ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော့်အနေနဲ့ စတင်ဆောင်ရွက်ကတည်းက အားလုံးကို စနစ်တကျလေးနဲ့ ဖြစ်ပြီးတော့မှ အစကောင်းပြီး အနှောင်းလည်းသေချာချင်တဲ့ Procedure တစ်ခုဖြစ်ဖို့ အချိန်အနည်းငယ်ယူပြီး ဆောင်ရွက်ရမှာဖြစ်သလို အားလုံးကလည်း ဝိုင်းဝန်းဆောင်ရွက်ပေးမယ်လို့ မျှော်လင့်ပါတယ်"။

 

Custom2.png

 

ကုန်သည်စက်မှုအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ယခုလို ပြောကြားခဲ့ပါသည်။

"ဒီ Bonded Warehouse ကို Trade Facilitize က တော်တော်လေး အထောက်အကူပြုတယ်ဆိုတာ ကျွန်မတို့လည်း ထောက်ခံပါတယ်။ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်၊ Trade Facilitation လို့ပြောဖို့ဆိုရင် သူ့တစ်ခုတည်းနဲ့ Bonded မအောင်မြင်ပါဘူး။ လုပ်ငန်းဖြစ်နေတဲ့အတွက် သူနဲ့ တွဲလာမှာ Banking System ပါ။ ဒီ Bonded Warehouse နဲ့ Banking System တို့နဲ့ တွဲမှသာလျှင် အောင်မြင်မယ်ဆိုတာကို ကျွန်မ ပြောချင်ပါတယ်။ Banking System အတွက် နောက်ထပ် လုပ်ဖို့ ရှိပါတယ်၊ ဒါကိုလည်း ဓန(DaNa Facility)ကို တာဝန်ပေးထားပါတယ်။ ခုနက Customs DG လည်း ပြောသွားပါတယ်၊ ၂၀၁၆ မှာ Bonded Warehouse ကို စတင်ပြီး ဆွေးနွေးတယ်ဆိုတော့ မှန်ပါတယ်ရှင့်၊ ကျွန်မတို့ ဒီ အထည်ချုပ်လုပ်ငန်းနဲ့ စခဲ့တာပါ။ အထည်ချုပ်လုပ်ငန်းက ၂၀၁၃ မှာ ဥရောပသမဂ္ဂက ပြန်ဖွင့်ဖို့ EPA ပြန်ပေးလိုက်တဲ့ အခါမှာ ကျွန်မတို့ တိုးတက်ဖို့လမ်းကို ရှာတဲ့အခါမှာ Bangladesh ကို တွေ့ပါတယ်။ ၁၉၈၄ ခုနှစ်မှာ သူ့ရဲ့ garment export က အမေရိကန်ဒေါ်လာ ၃၁ သန်းလောက်ကနေ အဲဒီအချိန်တည်းက Bonded Warehouse ရဲ့ Bank to Bank System ကို ကျင့်သုံးခဲ့တာပါ။ ဒါကို ကျင့်သုံးတဲ့အတွက် အောင်မြင်လာလိုက်တာ ခု ၂၀၁၉ မှာ သူ့ရဲ့ export က အဆတစ်ထောင် တက်သွားပါတယ်။ ၁၉၈၀ ကျော်တုန်းက အမေရိကန်ဒေါ်လာ ၃၁ သန်းကနေ မနှစ်တုန်းကဆိုရင် အမေရိကန်ဒေါ်လာ သန်း ၃သောင်းနီးပါး export လုပ်ခဲ့ပါတယ်။ အထည်ချုပ်စက်ရုံအရေအတွက်ဟာ ၁၉၈၀ ကျော်တုန်းက ၃၀၀ ကျော်ကနေ ၁၂ ဆတက်သွားပါတယ်။ အခု ၄၀၀၀ ဖြစ်သွားပါပြီ၊ အလုပ်သမားခန့်ထားမှုကလည်း ၅သန်းလောက်ရှိပါတယ်။

 

အဲဒီလို သူများနိုင်ငံရဲ့ အလေ့အကျင့်ကို ကြည့်ပီးတော့မှ ဒါပေမယ့် Bonded Warehouse တိုင်းက ကောင်းသလားဆိုတော့ သူတို့မှာလည်းပဲ Policy & Law တွေရှိပါတယ်။ စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းမယ်ဆိုရင် ကျွန်မတို့ အောင်မြင်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အကောက်ခွန်မဲ့ သွင်းလို့ ထုတ်လို့ရတဲ့အတွက် အစိုးရက လိုက်ပြီးစစ်ဆေးတာတွေ လုပ်ပါတယ်။ Bangladesh မှာလည်း ဒါကို တိကျစွာ သူတို့ လိုက်ပြီးစစ်ဆေးတာတွေ လုပ်ပါတယ်။ ဒီထဲက ပစ္စည်းတွေ သူတို့ရဲ့ Bonded Warehouse အပြင် Local Industry ထဲ မရောက်သွားရအောင် အပြင်မှာ ဒီလိုပစ္စည်းတွေ ရောင်းနေတာတွေကို သူတို့တော်တော်လေးကို ထိန်းထိန်းသိမ်းသိမ်း ရှိပါတယ်။ ကျွန်မတို့လုပ်ငန်းရှင်တွေဘက်ကလည်း ဒီ Warehouse က PS ပြောသွားသလို လုပ်ငန်းတွေအတွက်လည်း Trade Facilitation လုပ်ပေးမယ့် system တစ်ခုဖြစ်တယ်။ ဒါကိုလည်း ကျွန်မတို့ ယုံကြည်တယ်။ ဒါပေမယ့် ကျွန်မဘက်ကလည်း ဒါကို ဒီအခွင့်အရေးတွေကို စနစ်တကျလေး ရယူဖို့အတွက်လည်း အရေးကြီးပါတယ်။ အခု ဒီခက်ခဲနေတဲ့ကာလမှာဆိုရင်တော့ ကျွန်မတို့ ခုချိန်မှာတော့ တိုးတက်ဖို့ အခြေအနေတွေ ခက်ခဲပေမယ့်လည်း နောက်ဆုတ်သွားလို့ မရပါဘူး။ ဒီ Bonded Warehouse အတွက် အောင်မြင်အောင် လုပ်ရပါမယ်။ ဒါဟာ အထည်ချုပ်တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ ဒီလိုစလုပ်ခဲ့ရင် ကျန်တဲ့ လုပ်ငန်းတွေပါ အများကြီး ဆက်လုပ်လို့ ရသွားမှာပါ။ အထည်ချုပ်မဟုတ်ဘဲ တခြားဖက်စပ် အထည်တွေ ဝင်လုပ်နေတာအများကြီးတွေ့ရပါတယ်။ ဘယ်သူမဆို ဒီကုန်သွယ်မှုတိုးမြှင့်ဖို့ ဆောင်ရွက်တာက တိုင်းပြည်အတွက် ကောင်းတဲ့အလားအလာတစ်ခုဖြစ်ပါတယ်။ ဒါကို ကျွန်မတို့ အားလည်းပေးတယ်၊ လုပ်လည်း လုပ်ချင်ပါတယ်လို့ ပြောချင်တယ်။ နောက်ဆုံးတစ်ခုက PS ပြောသွားတဲ့ FOB ပါ။ အမှန်အတိုင်းပြောရင် FOB က သာမန်ကုန်သွယ်မှုနဲ့ ရောကြပါတယ်။ ကျွန်မတို့ ဒီ garment မှာတော့ garment export မှာ တစ်ကမ္ဘာလုံးက FOB ကို သုံးတယ်ဆိုတာက ကျွန်မတို့ရဲ့ Exporting Country တွေက ကျွန်မတို့ ကုမ္ပဏီတွေကို သင်္ဘောပေါ်ထိ အရောက် တင်ပို့ရတဲ့အထိ တာဝန်ယူရလို့ပါ။ PS ပြောတာတွေကို မှတ်ထားပြီးတော့ ကျွန်မတို့ အဖြေရှာပါ့မယ်။ သို့သော်လည်း LC System တစ်ခုကို ဆက်လုပ်ဖို့ကျန်ပါသေးတယ်"။

 

ဆက်လက်ပြီး Dr. Robert Preece မှ အကောက်ခွန်သိုလှောင်ရုံအကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့်ပတ်သက်ပြီး ခြုံငုံတင်ပြပြီး ဆရာဦးသန့်စင်လွင်-ညွှန်ကြားရေးမှူးချုပ်-ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဋ္ဌာနမှ အပိတ်အမှာစကားတွင် Bonded Warehouse နှင့် Bonded Warehouse နှင့်ဆက်စပ်လျက်ရှိသည့် Logistics Service လုပ်ငန်းများကိုလည်း ကြိုဆိုလျက်ရှိကြောင်းနှင့် Customs DG အားထိုလုပ်ငန်းများနှင့်သက်ဆိုင်သည့် SOP နှင့် ပတ်သတ်သည့်အချက်များ ပေးဆောင်ရန် အကြံပြုခဲ့ပါသည်။

Read 652 times
Rate this item
(0 votes)