တရုတ်ပြည်မှ အထည်အလိပ်နဲ့ အ၀တ်အစားလုပ်ကိုင်သူတွေဟာ စက်မှုကဏ္ဍ ပြန်လည်ဖွဲ့တည်မှုကြောင့် နာကျင်ကြရတဲ့သူတွေ ရှိနေတယ်။
တိုင်းပြည်က ကမ္ဘာ့အကြီးဆုံး အ၀တ်အစားတင်ပို့နိုင်ငံအဖြစ် ရပ်တည်နေဆဲဖြစ်ပေမဲ့ ပြည်တွင်းဈေးကွက်မှာ ၀ယ်နိုင်တာထက် ထုတ်လုပ်တာက ပိုလျှံနေတယ်။ ပြီးတော့ လုပ်သားခကုန်ကျစရိတ်လည်း မြင့်မားပါတယ်။ အနည်းဆုံးလုပ်ခလစာက တစ်လကို ကန်ဒ်ါလာ ၃၀၀ အထက်မှာ ရောက်နေတယ်။ ပြီးတော့ ကိုယ်ကျိုးစီးပွားကာကွယ်တဲ့ ကုန်သွယ်ရေးမူဝါဒတွေ လှိုင်းထန်နေတယ်။ ဒီတော့ ယှဉ်ပြိုင်နိုင်စွမ်း တိုက်စားခံနေရတယ်။
အစိုးရမှ သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေးကို အပြင်းအထန် စီမံဆောင်ရွက်နေတာကြောင့် စက်ရုံတွေမှာလည်း မူဝါဒတွေ ပြောင်းလဲလုပ်ကိုင်လာကြရတယ်။ အရင်က တရုတ်နိုင်ငံတွင် ပြုလုပ်သည်ဆိုတာအတွက် ဂုဏ်ယူစရာ ဖြစ်နေခဲ့ပြီး ယခုအခါမှာတော့ ကာဘွန်ညစ်ထေးမှု နည်းပါးခြင်း၊ သဘာဝပတ်ဝန်းကျင် မိတ်ဖက်ကျခြင်းတွေကို ဂုဏ်ယူစရာအဖြစ် လုပ်ကိုင်နေကြတယ်။
ကမ္ဘာ့ အထည်အလိပ်နဲ့ အ၀တ်အစားကဏ္ဍ ဈေးကွက်မှာ တရုတ်ပြည်ရဲ့ ဈေးကွက် ဝေစုက နှစ်စဉ် သုံးရာခိုင်နှုန်းဝန်းကျင် ကျဆင်းလာနေတယ်။ အဓိကဈေးကွက်တွေ ဖြစ်တဲ့ အမေရိကန်၊ အီးယူနဲ့ ဂျပန်တို့မှာ တင်ပို့မှုတန်ဖိုးပမာဏတွေ ကျဆင်းနေတယ်။
၂၀၁၄ ခုနှစ်မှ စတင်ကျဆင်းလျက် ရှိတာမှာ World Trade Organisation မှ ထုတ်ပြန်ချက်များအရ ၂၀၁၄ ခုနှစ်မှာ တရုတ်ပြည်မှ တင်ပို့တဲ့ အထည်အလိပ်နဲ့ အ၀တ်အစား တန်ဖိုးပမာဏဟာ ကန်ဒေါ်လာ ၂၃၆ ဘီလျံ ရှိခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ ကန်ဒေါ်လာ ၂၀၆ ဘီလျံသာ ရှိပါတယ်။
တရုတ်နဲ့ အမေရိကန် ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပေါ်လာတဲ့အတွက် ဖက်ရှင်လုပ်ငန်းကြီးတွေဟာ ခြင်းတစ်လုံးတည်းမှာ ရှိရှိသမျှ ကြက်ဥတွေ စုထည့်တာကို သတိဖြင့် ရှောင်ကြဉ်ကြတော့ အထည်ချုပ်လုပ်တာကို တရုတ်အပြင် အခြားနိုင်ငံများမှာပါ ဖြန့်ကျက်လုပ်ကိုင်လာကြတယ်။ တရုတ်၊ ဗီယက်နမ်နှင့် အခြားနိုင်ငံများဆိုတဲ့ ပုံသေနည်းကို သုံးစွဲကြတယ်။ လောလောဆယ်မှာ အခြားနိုင်ငံများဆိုတာ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီယား၊ မြန်မာနဲ့ သီရိလင်္ကာ နိုင်ငံတို့ကို ရွေးချယ်ကြတာ တွေ့ရပါတယ်။
Source CNBC
တရုတ်အခက် သီရိလင်္ကာအချက်
http://www.textiledirectory.com.mm/articles/item/916-sri-lanka-us-market.html