What's new

×

Warning

JUser: :_load: Unable to load user with ID: 846


မြန်မာ့အထည်ချုပ်လုပ်ငန်းလာမည့်နှစ်များတွင်းအလျင်အမြန်တိုးတက်ရန်မျှော်မှန်း

မြန်မာ့အထည်ချုပ်လုပ်ငန်းလာမည့်နှစ်များတွင်းအလျင်အမြန်တိုးတက်ရန်မျှော်မှန်း GOOGLE

မြန်မာ့အထည်ချုပ်လုပ်ငန်းကို လာမည့်နှစ်များအတွင်း အလျင်အမြန်တိုးတက်နိုင်ခြေရှိကြောင်း Global Business Information Company Textiles Intelligence ၏ Report အတွင်း ဖော်ပြထားခဲ့သည်။

မျှော်မှန်းချက်များအရ 1.5 million ရှိသော အလုပ်အကိုင် အခွင့်အလမ်းများ မြန်မာ့အထည်ချုပ်လုပ်ငန်း အတွက် ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ပေါ်ပေါက်လာနိုင်ကြောင်း တွေ့ရှိရသည်။ ၂၀၁၅ ခုနှစ်လည်တွင် အထည်ချုပ်လုပ်ငန်းအလုပ်အကိုင်စုစုပေါင်း 230,000 အထိ ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ 1.5 million ကို 2014 ခုနှစ်တွင် ရရှိခဲ့ပြီး ပို့ကုန်တန်ဖိုးငွေစုစုပေါင်း အမေရိကန်ဒေါ်လာ 12 Billion အထိ 2020 တွင် ရရှိနိုင်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံအတွင်း ယခုလက်ရှိတွင် အထည်ချုပ်လုပ်ငန်းရင်းနှီးမြှုပ်နှံသူဦးရေ တိုးတက်လာခဲ့ပြီး မြန်မာ့ အထည်ချုပ်လုပ်ငန်း ကမ္ဘာ့ဈေးကွက်တွင် ရပ်တည်နိုင်ရန် အထောက်အကူပေးသည့်အပြင် စက်ရုံများကို Sustainable Production ရရှိစေရန်လည်း အထောက်အကူပေးကြောင်း ဖော်ပြထားခဲ့သည်။

သို့သော်လည်း မြန်မာ့အထည်ချုပ်လောက နိုင်ငံတကာဈေးကွက်တွင် ရပ်တည်နိုင်ရန် ပြုပြင်ပြောင်းလဲမှုများစွာ လိုအပ်နေကြောင်း သိရသည်။

အထူးသဖြင့် စက်မှုပစ္စည်းပြည့်စုံမှုမရှိခြင်း၊ Infrastructure အားနည်းခြင်း၊ ပညာရေးအားနည်းခြင်း၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုနည်းပါးခြင်း၊ ဥပဒေအခိုင်အမာမရှိခြင်း၊ ဘဏ်လုပ်ငန်းစဉ်များ ချောမွေ့မှုမရှိခြင်း၊ Skill Labour အရေအတွက်နည်းပါးခြင်း အစရှိသည့် အချက်များက မြန်မာ့အထည်ချုပ်လောက ကမ္ဘာ့ဈေးကွက်တွင် အောင်မြင်စွာ ရပ်တည်နိုင်ရန် အဟန့်အတားများအဖြစ် တည်ရှိနေခြင်းဖြစ်ကြောင်းနှင့် ပြုပြင်ပြောင်းလဲမှုများစွာ လိုအပ်သေးကြောင်း သိရှိရသည်။

Source: Knitting Industry

Read 2091 times
Rate this item
(1 Vote)