What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဧရာဝတီတိုင်းရှိ CMP လုပ်ငန်းများ ဆက်လက်ပိတ်ရန် အစိုးရမှ တရားဝင်ညွှန်ကြားချက် မရှိသေးသော်လည်း စက်ရုံအချို့ ဖွင့်လှစ်မှု မရှိသေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်စက်မှုဇုန်မှာ ဖွင့်လှစ်ထားတဲ့ အထည်ချုပ် စက်ရုံ (၁၂)ရုံကို စက်တင်ဘာ လ ၂၄ ရက်နေ့မှ အောက်တိုဘာ ၇ ရက်နေ့ အထိ ခေတ္တ ပိတ်ရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ တရားဝင်ထုတ်ပြန်ခဲ့ပြီး အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်းဆက်လက်ပိတ်ထား ရန်တရားဝင်ထုတ်ပြန်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

 

ယင်းကဲ့ သို့ စက်ရုံများ ဆက်လက်ပိတ်ထားရန် ညွှန်ကြားချက် ထုတ်ပြန်မှုမရှိသည့် အတွက် စက်ရုံသို့ သွားရောက်သူများရှိပြီး ၊ စက်တင်ဘာလ လုပ်ခလစာ ထုတ်ယူကြသူများလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။

 

"အလုပ်သမားတွေအားလုံးက ၇ ရက်ထိ အလုပ်မဆင်းရတော့ ၈ ရက်နေ့မှလစာရပြီး အဆောင်လစာတွေ စားဝတ်နေရေးတွေ ဖြေရှင်းရမှာ အဲ့ဒါကို စက်ရုံဘက်က တာဝန်ရှိသူတွေက ၇ ရက်နေ့မှာ အလုပ်သမားတွေကို ဖုန်း တွေ ဆက်ကြတယ်။ စာတွေ ပို့ကြတယ်။ လူမှုကွန်ယက်မှာ စာတွေ တင်ပြီး အလုပ်မလာရသေးဘူး ပြောတော့ အလုပ်သမားတွေက ဒါကတကယ်လားဆိုပြီး တိုင်းအစိုးရရဲ့ တရားဝင်စာမျက်နှာမှာ ကြည့်တော့လည်း ထပ်မံကြေညာတာ မတွေ့ရတော့ ဒါစက်ရုံဘက်က ပိတ်တာဘဲ စက်ရုံက တရားဝင်စာထုတ်ပေးပါဆိုတော့လည်း စက်ရုံကမထုတ်ပေးဘူး။ အလုပ်သမားတွေအနေနဲ့က အလုပ်ဆင်းခြင်း မဆင်းခြင်းထက် လုပ်ခလစာ ရလိုမှုကြောင့်အလုပ်သွားကြတာပေါ့။ စက်ရုံတွေဘက်က ဘာဖြစ်လဲဆို မလာပါနဲ့ပြောထားတာကို လာလို့ ဆူပူကြိမ်းမောင်းတာတွေလည်း စိတ်မကောင်းစရာ တွေ့ရတယ်။ ဒီနေ့ သွားလိုက်တဲ့အတွက် အကျိုးကျေးဇူးကတော့ အလုပ်သမားအများစု လုပ်ခလစာ ရကြတယ်။ မသွားတဲ့လူတွေကတော့ မရဘူး ပေါ့။ ဒါကိုဘယ်လိုစီမံခန့်ခွဲပေးမယ်ဆိုတာကိုစက်ရုံတွေဘက်ကတရားဝင် ထုတ်ဖော်ပြောဆိုခြင်းမရှိတဲ့အတွက်မသိရဘူး"ဟု ဧရာဝတီတိုင်းအခြေစိုက် အလုပ်သမားအချင်းချင်းရိုင်းပင်းကူညီရေးအဖွဲ့က အငြင်းပွားမှု ဖြေရှင်းရေး တာဝန်ခံ ဒေါ်ခခက ပြောပါတယ် ။

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်စက်မှုဇုန်မှာ အထည်ချုပ်စက်ရုံ ၁၂ ရုံရှိပြီး အလုပ်သမားအင်အား ၁၃၀၄၁ ဦး လုပ်ကိုင်နေကြတယ်လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရထုတ်ပြန်ချက်အရသိရပါတယ်။

 

"စက်ရုံတွေရဲ့ စီမံခန့်ခွဲမှုအလွဲတွေကြောင့် ဒီနေ့မှာတိုင်းဧရာမှာတော်တော်လေး ဂယက်ရိုက်သွားတယ်။ အခု အောက်တိုဘာ ၈ရက်ကနေ ၂၁ ရက်နေ့ အထိ ထပ်တိုးပိတ်တာကလည်း ရန်ကုန်တိုင်းအတွက်ဘဲ။ ကိုဗစ်ကာကွယ် ရေးအမျိုးသားအဆင့်ကနေ ထုတ်ပြန်ပြီးသားအမိန့်တွေ သက်တမ်းတိုးတာကို သူတို့ကကြေညာနေတယ်။ သီးသန့်ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကနေ စက်ရုံ အလုပ်ရုံနဲ့ ပတ်သက်တာတွေကို ထုတ်ပြန်နေတာ။ အဲ့ဒီ ထုတ်ပြန်နေတာက ရန်ကုန်တိုင်းအတွက်ဘဲ ဖြစ်နေတာ။ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေရဲ့လုပ်ဆောင်မှု စွမ်းဆောင်နိုင်ရေးနဲ့ပတ်သက်ပြီး သက် ဆိုင်နေတာလား သုံးသပ်မိတယ်။ ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ကို အချက်အလက်တွေ တင်ပြတယ်။ အချိန်နဲ့ တပြေးညီ ပြောဆိုဆွေးနွေးမှုတွေ လုပ်တယ်။ အလုပ်ရှင်ဘက် အလုပ်သမားဘက် ပြည်ထောင်စုက တာဝန်ရှိသူတွေနဲ့ အချိန်နဲ့တပြေးညီ ဆွေးနွေးနေတဲ့အတွက် ရန်ကုန်တိုင်းမှာ ဒီလိုရလဒ်ထွက်နေပြီး ကျန်တဲ့အလုပ်သမားတွေရှိတဲ့ ပဲခူးတို့ ဧရာဝတီ တို့မှာပြည်ထောင်စုအမိန့်တွေကလွှမ်းမိုးမှုမရှိဘူးဆိုတော့ ဝေဖန်သုံးသပ်မိကတော့ တိုင်းဒေသကြီးအစိုးရရဲ့စွမ်းဆာင်နိုင်ရေးပါ်မူတည်နေလားစဉ်းစားမိပါတယ်"ဟုဒေါ်ခခက ပြောပါတယ်။

 

ဧရာဝတီတိုင်းဒေသကြီးရှိ အလုပ်သမားများအနေဖြင့် ယနေ့အောက်တိုဘာ ၈ ရက်တွင် စက်ရုံများသို့ သွား၍ လစာထုတ်ယူရာတွင် ရက်မှန်ကြေးများ၊ ဘောနပ်များ အဆမတန် အဖြတ်ခံရခြင်းများ ရှိခဲ့ပြီး ကိုဗစ်ကာလ လွန်မှသာ ယခုကဲ့သို့လစာများအဖြတ်ခံရမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာအစိုးရရုံးများသို့ သွားရောက်ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၎င်းကပြောပါ တယ်။

 

#MyanmarLabourNews

Read 695 times
Rate this item
(0 votes)