What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကိုရိုနာဗိုင်းယက်စ်ကြောင့် မတည်မငြိမ်ဖြစ်နေသာ ပြည်တွင်းစီးပွားရေးအခြေအနေများအတွက် အလုပ်ရှင် ၊ အလုပ်သမားနှင့် အစိုးရ သုံးပွင့်ဆိုင်ဆွေးနွေးမည်

ကိုရိုနာဗိုင်းယက်စ်ကြောင့် မတည်မငြိမ်ဖြစ်နေသာ ပြည်တွင်းစီးပွားရေးအခြေအနေများအတွက်  အလုပ်ရှင် ၊ အလုပ်သမားနှင့် အစိုးရ သုံးပွင့်ဆိုင်ဆွေးနွေးမည် Facebook

ကိုရိုနာဗိုင်းယက်စ်ကြောင့် မြန်မာနိုင်ငံအတွင်း မတည်မငြိမ် ဖြစ်နေသည့် စီးပွားရေး အခြေအနေများနှင့်ပတ်သက်ပြီး

 

ဆက်လက်လုပ်ဆောင်ရမည့် အခြေအနေများကို အလုပ်ရှင် ၊ အလုပ်သမားများနှင့် အစိုးရဝန်ကြီးဌာနတို့ သုံးပွင့်ဆိုင် ဆွေးနွေးမှုများ

 

ပြုလုပ်မည်ဖြစ်ပြီး ဖြေရှင်းရှင်ရမည့် နည်းလမ်းများကို ရှာဖွေသွားမည်ဖြစ်ကြောင်းသိရပါတယ်။

 

“ အခုဖြစ်နေတဲ့ပြဿနာက ကမ္ဘာလုံးဆိုင်ရာ ဖြစ်နေတဲ့ ပြဿနာဖြစ်လို့ အစိုးရပိုင်းကနေ ခပ်သွက်သွက် ဖြေရှင်းဖို့လိုအပ်ပါတယ်။

 

လက်တွေ့ဖြစ်နေတဲ့ အခြေအနေတွေကိုလည်း အစဉ်ဆက်မပြတ်သိရှိနိုင်အောင်ဆွေးနွေးမှုတွေပြုလုပ်ပြီး တင်ပြသွားမယ်” ဟု

 

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်ပြောကြားခဲ့ပါတယ်။

 

လက်ရှိ မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံဘက်မှ ကုန်ကြမ်းမရရှိသည့်ပြဿနာကြောင့် ပြည်တွင်း အထည်ချုပ်လုပ်ငန်းများသည်

 

ကုန်ကြမ်းပြတ်လပ်မှုပြဿနာကို ရင်ဆိုင်နေရပါတယ်။


CMP စနစ်ဖြင့်လည်ပတ်နေသော အထည်ချုပ်နှင့် အခြားသော ဖိနပ်ချုပ် ၊ အိတ်ချုပ်နှင့် Electronic parts များထုတ်လုပ်သော လုပ်ငန်းများ၏

 

လက်ရှိအခြေအနေတွင် ကုန်ကြမ်းများသည် လာမည့်နှစ်ပတ်အတွင်းသော်လည်းကောင်း ၊ မတ်လမကုန်မီ အတွင်း၌သော်လည်းကောင်း

 

ပြတ်လပ်တော့မည့် စိုးရိမ်ဖွယ်ရာ အခြေအနေများနှင့် ရင်ဆိုင်နေရပါတယ်။ ကုန်ကြမ်းများပြတ်လပ်ချိန်ကြာမြင့်သွားခဲ့ပါက စက်ရုံများအနေဖြင့်

 

လုပ်သားများလျော့ချခြင်း ၊ စက်ရုံလည်ပတ်မှု ယာယီရပ်နားခြင်း ၊ နောက်ဆုံးတွင် စက်ရုံပိတ်သိမ်းခြင်း စသည့်

 

အခြေအနေများရောက်ရှိနိုင်ပါတယ်။

 

ထိုကဲ့သိုအခြေအနေများဖြစ်ပေါ်လာခဲ့ပါက အလုပ်သမားနှင့်အလုပ်ရှင်များကြားမလိုအပ် သည့် ပြဿနာများပါဖြစ်ပေါ်လာနိုင်ပါတယ်

 

ထိုကြောင့် ဖြစ်ပေါ်လာမည့် ပြဿနာများကိုအကောင်းဆုံးဖြေရှင်းနိုင်ရန်အတွက် အလုပ်ရှင်၊ အလုပ်သမားနှင့် အစိုးရသုံးပွင့်ဆိုင်ဆွေးနွေးပွဲတစ်ခုကို

 

ပြုလုပ်မည်ဖြစ်ကြောင်းသိရပါတယ်။

 

Source : UMFCCI

 

အထည်ချုပ်လုပ်ငန်းသုံးပစ္စည်းဆိုင် ၇၆ ဆိုင်ကိုရှာရန်နှိပ်ပါ။

 

<<< Zawgyi ဖြင့်ဖတ်ရန် >>>

 

ကို႐ိုနာဗိုင္းယက္စ္ေၾကာင့္ ျမန္မာႏိုင္ငံအတြင္း မတည္မၿငိမ္ ျဖစ္ေနသည့္ စီးပြားေရး အေျခအေနမ်ားႏွင့္ပတ္သက္ၿပီ

 

ဆက္လက္လုပ္ေဆာင္ရမည့္ အေျခအေနမ်ားကို အလုပ္ရွင္ ၊ အလုပ္သမားမ်ားႏွင့္ အစိုးရဝန္ႀကီးဌာနတို႔ သံုးပြင့္ဆိုင္ ေဆြးေႏြးမႈမ်ား

 

ျပဳလုပ္မည္ျဖစ္ၿပီး ေျဖရွင္းရွင္ရမည့္ နည္းလမ္းမ်ားကို ရွာေဖြသြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

“ အခုျဖစ္ေနတဲ့ျပႆနာက ကမ႓ာလံုးဆိုင္ရာ ျဖစ္ေနတဲ့ ျပႆနာျဖစ္လို႔ အစိုးရပိုင္းကေန ခပ္သြက္သြက္ ေျဖရွင္းဖို႔လိုအပ္ပါတယ္။

 

လက္ေတြ႕ျဖစ္ေနတဲ့ အေျခအေနေတြကိုလည္း အစဥ္ဆက္မျပတ္သိရွိႏိုင္ေအာင္ေဆြးေႏြးမႈေတြျပဳလုပ္ၿပီး တင္ျပသြားမယ္” ဟု

 

ျမန္မာႏိုင္ငံအထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္း အတြင္းေရးမွဴး ေဒၚခိုင္ခိုင္ႏြယ္ေျပာၾကားခဲ့ပါတယ္။

လက္ရွိ ျမန္မာႏိုင္ငံအေနနဲ႕ တ႐ုတ္ႏိုင္ငံဘက္မွ ကုန္ၾကမ္းမရရွိသည့္ျပႆနာေၾကာင့္ ျပည္တြင္း အထည္ခ်ဳပ္လုပ္ငန္းမ်ားသည္

 

ကုန္ၾကမ္းျပတ္လပ္မႈျပႆနာကို ရင္ဆိုင္ေနရပါတယ္။

 

CMP စနစ္ျဖင့္လည္ပတ္ေနေသာ အထည္ခ်ဳပ္ႏွင့္ အျခားေသာ ဖိနပ္ခ်ဳပ္ ၊ အိတ္ခ်ဳပ္ႏွင့္ Electronic parts မ်ားထုတ္လုပ္ေသာ လုပ္ငန္းမ်ား၏

 

လက္ရွိအေျခအေနတြင္ ကုန္ၾကမ္းမ်ားသည္ လာမည့္ႏွစ္ပတ္အတြင္းေသာ္လည္းေကာင္း ၊ မတ္လမကုန္မီ အတြင္း၌ေသာ္လည္းေကာင္

 

ျပတ္လပ္ေတာ့မည့္ စိုးရိမ္ဖြယ္ရာ အေျခအေနမ်ားႏွင့္ ရင္ဆိုင္ေနရပါတယ္။ ကုန္ၾကမ္းမ်ားျပတ္လပ္ခ်ိန္ၾကာျမင့္သြားခဲ့ပါက စက္ရံုမ်ားအေနျဖင့္

 

လုပ္သားမ်ားေလ်ာ့ခ်ျခင္း ၊ စက္ရံုလည္ပတ္မႈ ယာယီရပ္နားျခင္း ၊ ေနာက္ဆံုးတြင္ စက္ရံုပိတ္သိမ္းျခင္း စသည့္ အေျခအေနမ်ားျဖင့္ေရာက္ရွိႏိုင္ပါတယ္။

 

ထိုကဲ့သိုအေျခအေနမ်ားျဖစ္ေပၚလာခဲ့ပါက အလုပ္သမားႏွင့္အလုပ္ရွင္မ်ားၾကားမလိုအပ္ သည့္ ျပႆနာမ်ားပါျဖစ္ေပၚလာႏိုင္ပါတယ္။

 

ဒါေၾကာင့္ ျဖစ္ေပၚလာမည့္ ျပႆနာမ်ားကိုအေကာင္းဆံုးေျဖရွင္းႏိုင္ရန္အတြက္ အလုပ္ရွင္၊ အလုပ္သမားႏွင့္ အစိုးရသံုးပြင့္ဆိုင္ေဆြးေႏြးပြဲတစ္ခု

 

ကိုျပဳလုပ္မည္ျဖစေၾကာင္းသိရပါတယ္။

Source : UMFCCI

 

အထည္ခ်ဳပ္လုပ္ငန္းသုံးပစၥည္းဆုိင္ ၇၆ ဆုိင္ကိုရွာရန္ႏွိပ္ပါ။

 

Myanmar Textile and Garment Directory

Read 799 times
Rate this item
(0 votes)
Tagged under

Related items