What's new
×
Warning
JUser: :_load: Unable to load user with ID: 845
ဗြိတိသျှကောင်စီနှင့် ဆွစ်ဇာလန်သံရုံးမှ Swiss Agency for Development and Cooperation တို့က ပူးပေါင်း ဆောင်ရွက်မည့် လက်ခတ်သံစီမံကိန်း
ဗြိတိသျှကောင်စီနှင့် ဆွစ်ဇာလန်သံရုံးမှ Swiss Agency for Development and Cooperation တို့က ပူးပေါင်း ဆောင်ရွက်မည့် လက်ခတ်သံစီမံကိန်း google
၂၀၁၇ခုနှစ် ဇူလိုင်လတွင် စတင်ခဲ့သော ‘လက်ခတ်သံ’ စီမံကိန်းသည် လူမှုရေးနှင့် စီးပွားရေးအခြေအနေများတိုးတက်လာစေရန် နှင့်
မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ်များကို ပြန်လည်ဆန်းသစ်အသုံးပြု လာစေရန်အတွက် အမျိုးသမီးရက်ကန်းပညာရှင်များနှင့်
 သက်မွေးဝမ်းကြောင်းကျောင်းများမှ သင်ကြားရေးဝန်ထမ်းများအား ဒီဇိုင်းပညာရပ်၊ လူမှုစီးပွားနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ
ပညာရပ်များနှင့် နည်းပညာများ ပံ့ပိုးပေးခြင်းဖြင့် စွမ်းရည်မြှင့်တင်ပေးရန် ရည်ရွယ်သော သုံးနှစ်သက်တမ်းရှိမည့် စီမံကိန်းပင်ဖြစ်ပါသည်။
ယင်းစီမံကိန်းကို ဗြိတိသျှကောင်စီနှင့် ဆွစ်ဇာလန်သံရုံးမှ Swiss Agency for Development and Cooperation တို့က ပူးပေါင်း ဆောင်ရွက်ပါသည်။
အသေးစားလက်မှုလုပ်ငန်းဌာန၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ Plymouth အနုပညာကောလိပ်စသည်တို့နှင့် ပူးပေါင်းလျှက်
‘လက်ခတ်သံ’သည် Centre of Excellence တစ်ခုအဖြစ်သို့ ပြောင်းလဲသွားရန် ရည်ရွယ်ထားသော ဆောင်းဒါးရက်ကန်းနှင့်
အသက်မွေးပညာသိပ္ပံကျောင်းဖြင့် အတူလက်တွဲကာ ဆန်းသစ်တီထွင်သော သင်ကြားရေးနည်းစနစ်မော်ဒယ်ပုံစံတစ်ခုကို ဖော်ဆောင်ပြီး
ထိုသင်ကြားရေးနည်းစနစ်ပုံစံကို နိုင်ငံတစ်ဝှမ်းရှိ အခြားသော အသက်မွေးဝမ်းကြောင်း,ရက်ကန်းပညာသင်ကျောင်းများတွင် အသုံးပြုသွားမည်ဖြစ်ပါသည်။
‘လက်ခတ်သံ’ သည် အသက်မွေးဝမ်းကြောင်း ရက်ကန်းကျောင်းများမှ ဆရာ ဆရာမများ၏ တီထွင် ဖန်တီးမှု စွမ်းရည်များကို ဖော်ထုတ်ပေးရင်း
အသေးစား လက်မှုလုပ်ငန်းဌာန၏ ရေရှည်ရည်မှန်းချက်ဖြစ်သော အမျိုးသမီး ရက်ကန်းပညာရှင်များနှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်မျိုးဆက်များ
ပျိုးထောင်ကာ ၎င်းတို့မှတဆင့် အထည်အလိပ်လုပ်ငန်း ရေရှည်တည်တံ့ဖွံ့ဖြိုးစေရေး ဖြစ်မြောက်အောင်မြင်ရန် ပံ့ပိုးဆောင်ရွက်မည် ဖြစ်ပါသည်။
‘လက်ခတ်သံ’ သည် အရှေ့အာရှဒေသအတွင်း စီးပွားရေးဖွံ့ဖြိုးမှုများ၊ ဒီဇိုင်းနှင့်ဆက်စပ်သော လှုပ်ရှားမှုများမှတဆင့် ဒေသခံ လက်မှုပညာလုပ်ငန်းများကို
ထောက်ပံ့ကူညီနေသည့် ယဉ်ကျေးမှုနှင့် ဖွံ့ဖြိုးရေးစီမံကိန်း Crafting Futures ၏ အစိတ်အပိုင်းတစ်ခုပင် ဖြစ်ပါသည်။ ၎င်းသည် လူမှုရေး၊
ယဉ်ကျေးမှုနှင့် စီးပွားရေးနယ်ပယ်တို့တွင် လက်မှုပညာများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်တိကျသော ဗျူဟာတစ်ခုကို ဖော်ထုတ်အကောင်အထည်ဖော်သွားရန် ရည်ရွယ်ပါသည်။
<<< Zawgyi ဖြင့်ဖတ်ရန် >>>
Credit : BRITISH COUNCIL MYANMAR
Read 1466 times
Rate this item
(0 votes)
Tagged under
Related items