What's new

×

Warning

JUser: :_load: Unable to load user with ID: 845


COVID-19 ရောဂါပိုးတွေ့ရှိပြီး ဆေးကုသမှုခံနေရသော အလုပ်သမားများ ကျန်းမာရေးကောင်းသည်အထိ လစာ၏ ၄၀ ရာခိုင်နှုန်း လစဉ်ဖူလုံရေးမှထောက်ပံ့မည်

Covid-19 ရောဂါပိုး ကူးစက်ခံရပြီး Quarantine Center များနှင့်ဆေးရုံများတွင် ဆေးကုသမှု ခံယူနေရသော အလုပ်သမားများအား လစာ၏ ၄၀ ရာခိုင်နှုန်းကို လစဉ် ထောက်ပံ့သွားမည်ဖြစ်ကြောင်း လူမှုဖူလုံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းနုက Myanmar labour News ကိုပြောပါတယ်။

 

"Covid -19 postive တွေ့တဲ့လူနာတွေဆို သူတို့နေမကောင်းမချင်း အများဆုံး ၆လ အထိလစာရဲ့ ၄၀ ရာခိုင်နှုန်းကို ကျွန်မတို့ပေးမှာပါ။ CMP လုပ်ငန်းတွေ အပါအဝင် ကျန်းဦးစီးကနေ အမိန့်အမှတ် ၁၀၇တို့ ၁၀၈ တို့ ထုတ်ပြန်ချက်နဲ့မဖွင့်မနေရ ဖွင့်ရမဲ့အလုပ်တွေကလွဲလို့ ကျန်တဲ့အလုပ်တွေ Stay at home နဲ့အကျုံးဝင်ပြီး လုပ်ခလစာရဲ့ ၄၀ ရာခိုင်နှုန်းကိုခွင့်ပြုထုတ်ပေးတာပါ"ဟု ဒေါ်သန်းသန်းနုကပြောပါတယ်။

 

လက်ရှိ COVID-19 ကာလတွင် လူမှုဖူလုံရေး အကျုံးဝင်မည့်သည့် အလုပ်သမားမဆို Quarantine ဝင်နေရသည့်အလုပ်သမားများမှာ လူမှုဖူလုံရေးမှဆေးခွင့်အကျိုးခံစားခွင့် ၆၀ ရာခိုင်နှုန်းနှင့်အလုပ်မှ ၄၀ ရာခိုင်နှုန်းရရှိမည်ဖြစ်ကြောင်းသိရပါတယ်။

 

"Quarantineဝင်ရတဲ့ အလုပ်သမားကိုဆေးခွင့်သူ့ကိုပေးတာဆိုတော့လုပ်အားခရဲ့ ၆၀ ရာခိုင်နှုန်းကိုသူက ရရမယ်။အလုပ်ရှင်ဆီကလည်း သူက ၄၀ ရာခိုင်နှုန်းရရမယ်။အဲ့ဒါကို အလုပ်ရှင်တွေအနေနဲ့ ဆေးခွင့်နဲ့အခုပိတ်လိုက်တဲ့ ၁၄ ရက်ကို ရောလိုက်တဲ့ပုံစံမျိုးဖြစ်တာရှိတယ်။ဒါကိုဖူလုံရေးကိုလည်းပြောထားတယ်"ဟုအလုပ်သမားများဖူလုံရေးအကျိုးခံစားခွင့်ရောထွေးနေခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUMလက်ထောက်အထွေထွေအတွင်းရေးမှူးဒေါ်ဖြိုးစန္ဒာစိုးကပြောပါတယ်။

 

ရန်ကုန်တိုင်းဒေသကြီး ရှိ Stay at Home အကျုံးဝင် စက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများအတွက် လူမှုဖူလုံရေးကြေး ၄၀ ရာခိုင်နှုန်းအတွက် လျှောက်ထားနိုင်တယ်လို့ အလုပ်သမား လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန က အမိန့်ကြေ ငြာစာ အမှတ် ၁၉၆/၂၀၂၀ အရ ထုတ်ပြန်ထားပါသေးတယ်။

 

လူမှုဖူလုံရေး အကျုံးဝင်လုပ်သမားတွေအနေနဲ့ ရရှိမယ့် ဖူလုံရေးထောက်ပံ့ကြေးများအတွက် ၂၀၁၂ လူမှုဖူလုံရေးဥပဒေအရ ကျန်းမာရေးနှင့် လူမှုရေး စောင့်ရှောက်မှု အာမခံစနစ်၊ လုပ်ငန်းခွင်ထိခိုက်မှုအာမခံစနစ် တို့အတွက် အလုပ်ရှင်က ၃ ရာခိုင်နှုန်း၊ အလုပ်သမားက ၂ ရာခိုင်နှုန်းဖြင့် လစဉ်ထည့်ဝင်ရတာဖြစ်ပါတယ်။

 

Source:MyanmarLabourNews

Read 579 times
Rate this item
(0 votes)