What's new

×

Warning

JUser: :_load: Unable to load user with ID: 845

COVID-19 ကပ်ရောဂါကြောင့် CMP လုပ်ငန်းစက်ရုံ၊ အလုပ်ရုံတွေပိတ်ထားရချိန် စက်တင်ဘာလ လုပ်ခလစာ မရရှိသေးတာကြောင့် အလုပ် သမားတွေရဲ့လုပ်ခလစာအလျှင် အမြန်ထုတ်ပေးဖို့နဲ့ လူမှုဖူရေးကထောက်ပံ့ကြေးကိုအလျှင်အမြန် ထုတ်ပေးဖို့ အလုပ်သမားအရေးဆောင်ရွက်တဲ့အဖွဲ့အစည်းတွေ နဲ့ အလုပ်သမားတွေ ကတောင်းဆိုလိုက်ပါတယ်။

 

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ Stay at home အစီအစဉ်အရ စက်ရုံ၊ အလုပ်ရုံတွေကို စက်တင်ဘာ ၂၄ ရက်က နေ အောက်တိုဘာ ၇ ရက်နေ့ထိ ရပ်နားခဲ့ရအတွက် အဲဒီလရဲ့လုပ်ခလစာကိုမရသေးတာကြောင့် အဆောင်တွေ၊ အိမ်ငှားနေထိုင်တဲ့ အလုပ် သမားတွေအတွက် နေထိုင်စားသောက်အရေးအတွက် အခက်အခဲဖြစ်နေတယ် လို့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ် သမားသမဂ္ဂများအဖွဲ့ချုပ် CTUM က အောက်တိုဘာ ၆ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

 

''အထည်ချုပ်စက်ရုံဆိုတော့ အစိုးရရဲ့ Stay at Home ကာလထဲ ပါတာမို့လို့ ၂၄ ရက်နေ့ကနေ ၇ ရက်နေ့ထိ ပိတ်လိုက်တယ်၊ တချို့စက်ရုံတွေကတော့ ၁သိန်း ကြိုထုတ်ပေးတာတွေရှိတယ်ပြောတယ်၊ ညီမတို့စက်ရုံကတော့ မထုတ်ပေးလိုက်ဘူး၊ ၈ ရက်နေ့ပြန်ဖွင့်မယ် ၁၀ ရက်နေ့ကို လစာထုတ်ပေး မယ်လို့ပြောတယ်၊ အခု အစိုးရက Stay at Home ကာလ ထပ်တိုးလို့ ၁၄ ရက်ထပ်ပိတ်မယ်ဆိုတော့ လစာကဘယ်လိုဖြစ်မလဲတော့မသိသေးဘူး။ အခြားစက်ရုံတွေက ၅ ရက်နေ့ကို လစာလာထုတ်ခိုင်းတယ်ကြားတယ်၊ ညီမတို့စက်ရုံကတော့ ၁၀ ရက်နေ့ကိုလာပဲ ထုတ်ခိုင်းမလား၊ ပြန်ဖွင့်မှပဲပေးမလား မသိရသေးပါဘူး''လို့ အထည်ချုပ်စက်ရုံ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

 

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးမှာ COVID-19 ရောဂါ အတည်ပြုလူနာများပိုမိုတွေ့လာရခြင်း၊ ရောဂါကူးစက်ခံထားရသူများဖြစ်သော်လည်း မည်သည့် ရောဂါလက္ခဏာမျှ မပြသေးသဖြင့် ပုံမှန်အတိုင်း သွားလာလှုပ်ရှား လုပ်ကိုင် နေသူများ ကြောင့် ရောဂါ ဖြစ်ပွားမှုနှုန်းမြင့်မားသွားနိုင်သဖြင့် အဆိုပါ ကုန်ကြမ်းယူ၊ ကုန်ချောပေး လက်ခစားလုပ်ငန်း CMP စက်ရုံအလုပ်ရုံတွေမှာ တာဝန်ထမ်းဆောင်မည့်သူများကို အောက်တိုဘာ ၈ ရက်မှ ၂၁ ရက်နေ့ထိ လုပ်ငန်းခွင် သွားရောက်ခွင့်မပြုရန် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထပ်မံထုတ်ပြန်ခဲ့တာကြောင့် စက်တင်ဘာလ လုပ်ခလစာ မရရှိသေးတဲ့ ဝန်ထမ်းတွေအနေနဲ့ လစာ ထုတ်ယူမှုအပိုင်းမှာပါ အခက်တွေ့ခဲ့ကြတယ်လို့ ဆိုပါတယ်။

 

'' စပိတ်တဲ့ ၂၄ ရက်နေ့တုန်းကတော့ ၈ ရက်နေ့ပြန်ဖွင့်ရင် လစာထုတ်ပေးမယ်လို့ပြောလိုက်ပါတယ်၊ ခုနောက်ထပ် ၁၄ ရက်ထပ်ပိတ်လို့ leader ကိုဖုန်းဆက် မေးကြည့်တာကတော့ ပြန်ဖွင့်မှ ရမယ်ပြောပါတယ်၊ ပထမ ၁၄ ရက်ပိတ်တဲ့လုပ်ခကိုတော့ အစိုးရကမပေးရင် စက်ရုံက ၄၈၀၀ အပြည့်နှုန်းနဲ့ရှင်းပေးမယ်ပြောပါတယ်၊ နောက် ၁၄ ရက်ကိုတော့မသိသေးပါဘူး၊ သမီးတို့ကကဒ်မရသေးတဲ့ ဝန်ထမ်းတွေမို့လို့ လစာကဖွင့်မှရတာထင်ပါတယ်၊

 

leader တို့ကတော့ ကဒ်ရှိလို့ ၅ ရက်နေ့ကရှင်းပေးတယ် ပြောပါတယ်၊ လစာကလာထုတ်ခိုင်းမယ် လာထုတ်ဆိုပြီး ၈ ရက်နေ့ခေါ်ပေးရင်တော့အဆင်ပြေတာပေါ့၊ သမီးတို့မှာက ရှင်းစရာ အဆောင်လစာတွေကို ၈ ရက်နေ့ပေးမယ်ပြောထားရတာ၊ အခုလိုထပ်ပြီး ပိတရက်တွေတိုးတော့ အဆင်မပြေပါဘူး''လို့ အရှေ့ဒဂုံစက်မှုဇုန် အားသွင်းကြိုးစက်ရုံ မှ အလုပ်သမားတစ်ဦး ကပြောပါတယ်။

 

#MyanmarLabourNews

Published in Local Industry

Covid-19 ရောဂါပိုး ကူးစက်ခံရပြီး Quarantine Center များနှင့်ဆေးရုံများတွင် ဆေးကုသမှု ခံယူနေရသော အလုပ်သမားများအား လစာ၏ ၄၀ ရာခိုင်နှုန်းကို လစဉ် ထောက်ပံ့သွားမည်ဖြစ်ကြောင်း လူမှုဖူလုံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းနုက Myanmar labour News ကိုပြောပါတယ်။

Published in Local Industry

Search Articles