What's new

×

Warning

JUser: :_load: Unable to load user with ID: 845


CMPလက်ခစားလုပ်ငန်းများမှ FOB စနစ် ဆောင်ရွက်နိုင်မည်ဆိုပါက ဒေါ်လာသန်း ၃ဝဝဝ (သုံးဘီလျံ) အထိ နိုင်ငံ့ဝင်ငွေ ရရှိလာမည်

CMPလက်ခစားလုပ်ငန်းများမှ FOB စနစ် ဆောင်ရွက်နိုင်မည်ဆိုပါက ဒေါ်လာသန်း ၃ဝဝဝ (သုံးဘီလျံ) အထိ နိုင်ငံ့ဝင်ငွေ ရရှိလာမည် google

        လက်ရှိအချိန်တွင် CMP လက်ခစားလုပ်ငန်းများမှ နှစ်စဉ်ဝင်ငွေ ဒေါ်လာသန်း ၃၀၀ ခန့်သာ ဝင်ငွေရှိသော်လည်း အဆိုပါလုပ်ငန်းများကို FOB စနစ် ဆောင်ရွက်နိုင်မည်ဆိုပါက ဒေါ်လာသန်း ၃ဝဝဝ (သုံးဘီလျံ) အထိ နိုင်ငံ့ဝင်ငွေ ရရှိလာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ သိရသည်။

“CMP ကနေ FOB ပြောင်းမယ်ဆိုရင် အကောက်ခွန်ပေါ့။ ပစ္စည်းသွင်းလာတဲ့အခါမှာ သွင်းလာတဲ့ပစ္စည်းက Re-export  ပြန်လုပ်တဲ့အတွက် အကောက်ခွန် ပေးစရာမလိုဘူး။  ဒါပေမဲ့လည်း FOB လုပ်တယ်ဆိုရင် သွင်းလာတဲ့အချိန်မှာ အကောက်ခွန် အရင်ပေးရမယ်။ ပြီးရင် ထုတ်လုပ်မယ်။ ပြီးလို့ရှိရင် Export လုပ်တဲ့အခါမှာ ဒါကို ပြန်လျှောက်ပြီး ပြန်ပြီးတော့ အကောက်ခွန် ပြန်ရမှာပါ။ အဲဒီလိုလုပ် ငန်းစဉ်ကို ဖြစ်နိုင်ရင် ပိုလွယ်ကူအောင် ဘယ်လိုနည်းရှိလဲဆိုတာ စဉ်းစားစေချင်တယ်။ အခုဆိုရင် ကျွန်မတို့ရဲ့ CMP လုပ်ငန်းက အထည်ချုပ် ရှိတယ်၊ ဖိနပ်၊ ဆံပင်တု ရှိတယ်။ ဒါတွေ အကုန်လုံးက ကျွန်မတို့နိုင်ငံရဲ့  အလုပ်အကိုင်ဖန်တီးမှုက အားလုံးဆိုရင် ခြောက်သိန်းကျော်လောက်ရှိတယ်။  နိုင်ငံ့ဝင်ငွေဆိုလည်း စုစုပေါင်း အမေရိကန်ဒေါ်လာ သုံးဘီလျံလောက်ရှိတယ်။ ဒါပေမဲ့ ဒါတွေဟာ ကျွန်မတို့ရဲ့ ဝင်ငွေမဟုတ်ဘူး။ ကျွန်မတို့က ဒီဟာရဲ့  ၁၀ ရာခိုင်နှုန်းလောက်ပဲ ဝင်ငွေရတယ်။ တကယ်လို့များ ကျွန်မတို့ဟာ FOB ပြောင်းနိုင်ရင် ဒေါ်လာသုံးဘီလျံက ကျွန်မတို့နိုင်ငံရဲ့  ဝင်ငွေဖြစ်သွားမှာ ဖြစ်ပါတယ်”

ဟု မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူးနှင့် UMFCCI တွဲဖက် အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။

“နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များပါဝင်သော စီးပွားရေးစကားဝိုင်း” တွင်  ဒေါ်ခိုင်ခိုင်နွယ်က အထက်ပါအတိုင်း ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။ ပြည်ပမှ ကုန်ကြမ်းတင်သွင်းပြီး ပြည်တွင်း၌ ကုန်ချောထုတ်ကာ ပြည်ပသို့ ပြန်လည်တင်ပို့သည့် CMP လက်ခစားစနစ်ကို မြန်မာနိုင်ငံ၌ ၁၉၉၀ ပြည့်နှစ်က အထည်ချုပ်လုပ်ငန်းနှင့် စတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိအချိန်တွင် ဖိနပ်၊ အိတ်ချုပ် လုပ်ငန်း၊ ပလတ်စတစ်ကုန်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်း၊ ဆံပင်အတု လုပ်ငန်းများအပြင် အခြားသော လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပြီး စုစုပေါင်း လုပ်ငန်းပေါင်း ၇၀ ကျော်အထိ ရှိကြောင်း သိရသည်။

        လက်ရှိအချိန်တွင် CMP လက်ခစားစနစ်လုပ်ငန်းသည် နှစ်ပေါင်း ၃၀ ခန့် ရှိလာပြီဖြစ်သော်လည်း ကိုယ်တိုင်ထုတ်လုပ်နိုင်သည့် အခြေအနေသို့ တက်လှမ်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ သို့သော်လည်း လက်ရှိအချိန် တွင် CMP စနစ်မှ FOB စနစ်သို့ တစ်ဆင့်တက် ဆောင်ရွက်နိုင်ရေး ကြိုးစားဆောင်ရွက်နေကြောင်း သိရသည်။

”FOB စနစ်နဲ့ တင်သွင်းလာတဲ့အခါကျရင်လည်း အခွန်ကင်းလွတ်ခွင့်နဲ့ တင်သွင်းပြီး  ပြန်လည်တင်ပို့ ခွင့်ပြုပေးနိုင်မယ့်  စီမံချက်တစ်ခုကို ရှာဖွေပေးစေလိုပါတယ်။ ဆိပ်ကမ်းထုတ်လုပ်မှုအပိုင်းမှာလည်း ကြန့်ကြာမှုမရှိစေရေးကိုလည်း ဆောင်ရွက်ပေးဖို့အတွက် ကျွန်မအနေနဲ့ တင်ပြလိုပါတယ်”

ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ဆိုသည်။       

Source:Daily Eleven

Read 1669 times
Rate this item
(0 votes)