What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အထည်အလိပ် ပို့ကုန်တန်ဖိုး အမြင့်ဆုံးရောက်ရှိနေသောကြောင့် ပိုမိုဖွံ့ဖြိုးရန် အထည်ချုပ်စက်မှုဇုန်များ တည်ထောင် သွားမည်

မြန်မာနိုင်ငံ၏ အမျိုးသားပို့ကုန် မဟာ ဗျူဟာကြီး ၁၁ ရပ်တွင် တစ်ခုအပါအဝင်ဖြစ်သော အထည်အလိပ်ကဏ္ဍပို့ကုန် တန်ဖိုးတွင် အမြင့်ဆုံးရောက်ရှိနေသဖြင့် ပိုမိုဖွံ့ဖြိုးရေး အတွက် အထည်ချုပ်စက်မှုဇုန်များ တည်ထောင် သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီးမှ ပြောကြားသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ အထည်လိပ်စက်မှုဇုန်များ တည်ထောင်ပေးရန် ရှိမရှိနှင့် ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးမှ ထိုသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

ကချင်၊ရခိုင်ပြည်နယ်နှင့် တနင်္သာရီ၊ဧရာဝတီနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် အထည်ချုပ်စက်မှုဇုန်များ တည်ထောင်သွားမည်ဖြစ်ကြောင်း၊ဧရာဝတီတိုင်းဒေသကြီးတွင် အထည်ချုပ်စက်ရုံ အသစ် ၃၅ ရုံ တည်ဆောက်ရန် လျာထားကာ ၂၁ ရုံပြီးစီးပြီဖြစ်ကြောင်းသိရသည်။

လက်ရှိမြန်မာနိုင်ငံတွင် အထည်ချုပ်စက်ရုံပေါင်း ၄ဝဝ ကျော်ရှိကြောင်း၊ပြည်ပပို့ကုန်တင်ပို့မှုမှာ ၂ဝ၁၂-၂ဝ၁၃ ခုနှစ်တွင် တစ်ဘီလီယံ ရှိရာမှ ၂ဝ၁၇-၁၈ တွင် အမေရိကန်ဒေါ်လာသုံးဘီလီယံ အထိရရှိခဲ့သဖြင့် ငါးနှစ်အတွင်း ပို့ကုန် သုံးဆ တိုးမြင့်လာခဲ့ကြောင်း၊၂ဝ၁၈ ခုနှစ် ဧပြီလ မှ မေ လ နှစ်လအတွင်း ပို့ကုန်တန်ဖိုး ၂ ဒသမ ၄ ဘီလီယံ ရှိရာတွင် လက်ခစား စနစ်ဖြင့်ချုပ်ပြီး အထည်တင်ပို့မှု ၅၃၈ သန်း ရှိသဖြင့် လက်ရှိပို့ကုန် တန်ဖိုး၏ အမြင့်ဆုံးနေရာသို့ ရောက်ရှိနေကြောင်း၊၂ဝ၁၆-၂ဝ၁၇ ခုနှစ်တွင် မြန်မာလုပ်သားသုံးသိန်းရှစ်သောင်းကို အလုပ်အကိုင်ဖန်တီးပေးနိုင်ပြီး ၂ဝ၂၅ ခုနှစ်တွင် စက်ရုံ ၁၅ဝဝ နှင့် အလုပ်သမား တစ်သန်းခန့် တိုးမြှင့်လာမည်ဟု ခန့်မှန်းထားကြောင်းသိရသည်။

အထည်အလိပ်လုပ်ငန်းသည် အရင်းအနှီးနှင့် နည်းပညာ လိုအပ်ချက်နည်းပါးပြီး လုပ်သားအင်အား အခြေပြုပြီး မြန်မာနိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီသည်။အာရှတွင် မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရှ် ပြီးလျှင် လုပ်သား ဈေးအချိုဆုံးဖြစ်သည်။

အမှန်တကယ် ရင်းနှီးမြှုပ်နှံမှုတွေသာ ဝင်ရောက်လာလျှင် ပို့ကုန်တန်ဖိုး ဘီလျံ ၂ဝ အထိ တိုးတက်လာနိုင်ပြီး ယင်းပမာဏသည် GDP ၏ သုံးပုံ တစ်ပုံလောက်ရှိလာနိုင်ကြောင်းသိရသည်။

Source:Democracy

 

စက်မှုဝန်ကြီး၏ တင်ပြချက် အသေးစိတ်ကို အောက်ပါလင့်တွင် ဖတ်နိုင်ပါသည်

ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အထည်ချုပ်စက်မှုဇုန်များ ထူထောင်သွားမည့် အစီအစဉ်များ

http://www.textiledirectory.com.mm/articles/item/1183-garment-industry-zone-plan.html

Read 1826 times
Rate this item
(0 votes)