What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အခြန္နဲ႔မက္လုံး


zawgyi unicode
၂၀၁၇ ခုႏွစ္ ဇူလုိင္လ ၁ ရက္ေန႔မွာ စတင္သက္ေရာက္တဲ့ GST အခြန္ရဲ႕ သက္ေရာက္မႈအျဖစ္ အိႏိၵယႏုိင္ငံရဲ႕ ျပည္ပတင္ပုိ႔မႈဟာ ၃ လအၾကာ ေအာက္တုိဘာလမွာ ၁.၁၂% ေလ်ာ့က်ၿပီး ကန္ေဒၚလာ ၂၃ ဘီလ်ံျဖစ္သြားတယ္။ အစုိးရမွ ခ်က္ခ်င္းလက္ငင္း တု႔ံျပန္ေပးတဲ့အေနျဖင့္ ျမင့္မားတဲ့မက္လုံးေတြကုိ ႏုိ၀င္ဘာလဆန္းမွာ ျပ႒ာန္းေပးၿပီး ျပည္ပပုိ႔ကုန္ကုိ ေထာက္ကူခဲ့တာ ေတြ႕ရတယ္။


အိႏိၵယအစုိးရက အထည္ခ်ဳပ္နဲ႔ ခ်ဳပ္ထည္ထုတ္လုပ္တင္ပုိ႔သူေတြကုိ မက္လုံးအျဖစ္ Merchandise Export from India Scheme (MEIS) အစီအစဥ္ကုိ ႏွစ္ဆတုိးျမႇင့္ ျပ႒ာန္းေပးလုိက္ၿပီး အထည္အလိပ္က႑ ျပည္ပတင္ပုိ႔မႈကုိ ေထာက္ကူေပးလုိက္တယ္။
အဲဒီ MEIS အစီအစဥ္ေအာက္မွာ ျပည္ပတင္ပုိ႔သူ လုပ္ငန္းရွင္ေတြဟာ အေကာက္ခြန္ ကင္းလြတ္ခြင့္ ေငြပမာဏ တစ္ခုကုိ ရရွိမွာျဖစ္ၿပီး သူတုိ႔တင္ပုိ႔တဲ့ ပမာဏစုစုေပါင္းရဲ႕ ရာခုိင္ႏႈန္းတစ္ခုျဖင့္ ရရွိမွာ ျဖစ္တယ္။ အဲဒီပမာဏကုိ ျပည္ပပုိ႔ကုန္ ထုတ္လုပ္မႈအတြက္ ျပည္ပမွ တင္သြင္းတဲ့ကုန္ေတြအေပၚ စည္းၾကပ္တဲ့ အေကာက္ခြန္မွာ ႏုတ္ပယ္ေပးမွာ ျဖစ္ပါတယ္။ ဒီေတာ့ သြင္းကုန္ ကုန္ၾကမ္းေတြအတြက္ ေပးရတဲ့ အေကာက္ခြန္မွာ သက္သာမႈ ရရွိၾကမွာ ျဖစ္ပါတယ္။ ၂၀၁၇ ခုႏွစ္ ႏုိ၀င္ဘာလ ၁ ရက္မွ ၂၀၁၈ ခုႏွစ္ ဇြန္လ ၃၀ ရက္အထိ ခံစားခြင့္ ေပးအပ္ထားပါတယ္။
ကုန္သြယ္ေရး၀န္ႀကီးဌာန တြက္ခ်က္ခန္႔မွန္းခ်က္အရ ယခုလုိ သက္ညႇာခြင့္မက္လုံးေၾကာင့္ ၂၀၁၇-၁၈ ဘ႑ာေရးႏွစ္မွာ ႐ူပီ ၁၁၄၃ ကုေဋေက်ာ္နဲ႔ ၂၀၁၇-၁၈ ခုႏွစ္မွာ ၆၈၆ ကုေဋနီးပါး သက္သာခြင့္ ရရွိၾကမွာ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ ဇူလုိင္လ ၁ ရက္မွာ စတင္သက္ေရာက္တဲ့ goods and services tax (GST) ေၾကာင့္ အိႏိၵယႏုိင္ငံရဲ႕ တင္ပုိ႔ေနက် ပုိ႔ကုန္ေတြ တင္ပုိ႔မႈဟာ ေအာက္တု္ိဘာလမွာ ၁.၁၂% ေလ်ာ့က်ၿပီး ကန္ေဒၚလာ ၂၃ ဘီလ်ံ ျဖစ္သြားခဲ့ပါတယ္။ ယခု မက္လုံးသက္ညွာမႈ ရရွိတဲ့ အထည္ခ်ဳပ္က႑ဟာ ေအာက္တုိဘာလမွာ ၃၉.၂% က်ဆင္းၿပီး ကန္ေဒၚလာ ၈၂၉.၄ သန္း ျဖစ္သြားခဲ့ပါတယ္။

ယခုလုိ သက္ညႇာခြင့္ကုိ ပုိ႔ကုန္က႑တုိင္းကုိ ေပးအပ္တာ မဟုတ္ဘဲ လုပ္သားသုံးစြဲမႈ မ်ားျပားတဲ့ အသင့္ခ်ဳပ္ၿပီးသား အ၀တ္အစားေတြ တင္ပုိ႔တဲ့က႑ေတြကုိသာ ေပးအပ္တာ ျဖစ္ပါတယ္။ အထည္အလိပ္ ထုတ္လုပ္မႈ၊ သာေရးထည္ ထုတ္လုပ္မႈ၊ ေက်ာက္မ်က္နဲ႔ လက္၀တ္ရတနာ ထုတ္လုပ္မႈ၊ အသင့္ခ်ဳပ္ၿပီးသား အ၀တ္အစားမ်ားထုတ္လုပ္မႈနဲ႔ ေကာေဇာ ထုတ္လုပ္မႈတုိ႔ဟာ လုပ္သားသုံးစြဲမႈ မ်ားျပားတဲ့ လုပ္ငန္းအမ်ဳိးအစား ေတြ ျဖစ္ပါတယ္။ သုံးရန္အသင့္ အ၀တ္အထည္ေတြမွာ အ၀တ္အစားေတြအျပင္ အိပ္ရာခင္းနဲ႔ မ်က္ႏွာသုတ္ပု၀ါတုိ႔ အက်ဳံး၀င္ပါတယ္။ အစုိးရအဖြဲဲ႕က အလုပ္သမားဥပေဒမ်ား ႐ုိးရွင္းလြယ္ကူေအာင္ ျပင္ဆင္ျပ႒ာန္းေပးျခင္း၊ နည္းပညာအဆင့္ျမႇင့္တင္ေပးျခင္းတုိ႔ကုိ အဲဒီက႑ေတြအတြက္ ေဆာင္ရြက္ေပးခဲ့တဲ့အျပင္ အကူအညီအျဖစ္ ႐ူပီ ကုေဋ ေျခာက္ေထာင္ကုိလည္း အကုန္အက် ခံခဲ့ပါတယ္။
အိႏိၵယႏုိင္ငံမွ အထည္အလိပ္နဲ႔ အသင့္ခ်ဳပ္ၿပီး အ၀တ္အထည္က႑မွ လုပ္ငန္းရွင္ေတြဟာ GST ေၾကာင့္ ၀န္ထုပ္၀န္ပုိး ျဖစ္ရတဲ့အျပင္ ၿပိဳင္ဘက္ႏုိင္ငံေတြျဖစ္တဲ့ ဘဂၤလားေဒ့ရွ္ႏုိင္ငံနဲ႔ ပါကစၥတန္ႏုိင္ငံတုိ႔ဟာ အီးယူေဈးကြက္ကုိ တင္ပုိ႔တဲ့အခါ အေကာက္ခြန္ သက္သာခြင့္မ်ား ရရွိေနၾကၿပီး အိႏိၵယလုပ္ငန္းရွင္ေတြမွာ အဲဒီလုိ အခြင့္အေရး မရရွိတာေၾကာင့္ နစ္နာေနရတာကုိ ယာယီအားျဖင့္ ယခုလုိ သက္ညႇာမႈမက္လုံးျဖင့္ ေဖးကူေပးလုိက္တာလုိ႔ သုံးသပ္ရပါတယ္။

 

အခွန်နဲ့မက်လုံး
========
၂၀၁၇ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာ စတင်သက်ရောက်တဲ့ GST အခွန်ရဲ့ သက်ရောက်မှုအဖြစ် အိနိ္ဒယနိုင်ငံရဲ့ ပြည်ပတင်ပို့မှုဟာ ၃ လအကြာ အောက်တိုဘာလမှာ ၁.၁၂% လျော့ကျပြီး ကန်ဒေါ်လာ ၂၃ ဘီလျံဖြစ်သွားတယ်။ အစိုးရမှ ချက်ချင်းလက်ငင်း တုံ့ပြန်ပေးတဲ့အနဖြေင့် မြင့်မားတဲ့မက်လုံးတွေကို နိုဝင်ဘာလဆန်းမှာ ပြဋ္ဌာန်းပေးပြီး ပြည်ပပို့ကုန်ကို ထောက်ကူခဲ့တာ တွေ့ရတယ်။


အိနိ္ဒယအစိုးရက အထည်ချုပ်နဲ့ ချုပ်ထည်ထုတ်လုပ်တင်ပို့သူတွေကို မက်လုံးအဖြစ် Merchandise Export from India Scheme (MEIS) အစီအစဉ်ကို နှစ်ဆတိုးမြှင့် ပြဋ္ဌာန်းပေးလိုက်ပြီး အထည်အလိပ်ကဏ္ဍ ပြည်ပတင်ပို့မှုကို ထောက်ကူပေးလိုက်တယ်။
အဲဒီ MEIS အစီအစဉ်အောက်မှာ ပြည်ပတင်ပို့သူ လုပ်ငန်းရှင်တွေဟာ အကောက်ခွန် ကင်းလွတ်ခွင့် ငွေပမာဏ တစ်ခုကို ရရှိမှာဖြစ်ပြီး သူတို့တင်ပို့တဲ့ ပမာဏစုစုပေါင်းရဲ့ ရာခိုင်နှုန်းတစ်ခုဖြင့် ရရှိမှာ ဖြစ်တယ်။ အဲဒီပမာဏကို ပြည်ပပို့ကုန် ထုတ်လုပ်မှုအတွက် ပြည်ပမှ တင်သွင်းတဲ့ကုန်တွေအပေါ် စည်းကြပ်တဲ့ အကောက်ခွန်မှာ နုတ်ပယ်ပေးမှာ ဖြစ်ပါတယ်။ ဒီတော့ သွင်းကုန် ကုန်ကြမ်းတွေအတွက် ပေးရတဲ့ အကောက်ခွန်မှာ သက်သာမှု ရရှိကြမှာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁ ရက်မှ ၂၀၁၈ ခုနှစ် ဇွန်လ ၃၀ ရက်အထိ ခံစားခွင့် ပေးအပ်ထားပါတယ်။
ကုန်သွယ်ရေးဝန်ကြီးဌာန တွက်ချက်ခန့်မှန်းချက်အရ ယခုလို သက်ညှာခွင့်မက်လုံးကြောင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှာ ရူပီ ၁၁၄၃ ကုဋေကျော်နဲ့ ၂၀၁၇-၁၈ ခုနှစ်မှာ ၆၈၆ ကုဋေနီးပါး သက်သာခွင့် ရရှိကြမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်မှာ စတင်သက်ရောက်တဲ့ goods and services tax (GST) ကြောင့် အိနိ္ဒယနိုင်ငံရဲ့ တင်ပို့နေကျ ပို့ကုန်တွေ တင်ပို့မှုဟာ အောက်တို်ဘာလမှာ ၁.၁၂% လျော့ကျပြီး ကန်ဒေါ်လာ ၂၃ ဘီလျံ ဖြစ်သွားခဲ့ပါတယ်။ ယခု မက်လုံးသက်ညှာမှု ရရှိတဲ့ အထည်ချုပ်ကဏ္ဍဟာ အောက်တိုဘာလမှာ ၃၉.၂% ကျဆင်းပြီး ကန်ဒေါ်လာ ၈၂၉.၄ သန်း ဖြစ်သွားခဲ့ပါတယ်။

ယခုလို သက်ညှာခွင့်ကို ပို့ကုန်ကဏ္ဍတိုင်းကို ပေးအပ်တာ မဟုတ်ဘဲ လုပ်သားသုံးစွဲမှု များပြားတဲ့ အသင့်ချုပ်ပြီးသား အဝတ်အစားတွေ တင်ပို့တဲ့ကဏ္ဍတွေကိုသာ ပေးအပ်တာ ဖြစ်ပါတယ်။ အထည်အလိပ် ထုတ်လုပ်မှု၊ သာရေးထည် ထုတ်လုပ်မှု၊ ကျောက်မျက်နဲ့ လက်ဝတ်ရတနာ ထုတ်လုပ်မှု၊ အသင့်ချုပ်ပြီးသား အဝတ်အစားများထုတ်လုပ်မှုနဲ့ ကောဇော ထုတ်လုပ်မှုတို့ဟာ လုပ်သားသုံးစွဲမှု များပြားတဲ့ လုပ်ငန်းအမျိုးအစား တွေ ဖြစ်ပါတယ်။ သုံးရန်အသင့် အဝတ်အထည်တွေမှာ အဝတ်အစားတွေအပြင် အိပ်ရာခင်းနဲ့ မျက်နှာသုတ်ပုဝါတို့ အကျုံးဝင်ပါတယ်။ အစိုးရအဖွဲ့က အလုပ်သမားဥပဒေများ ရိုးရှင်းလွယ်ကူအောင် ပြင်ဆင်ပြဋ္ဌာန်းပေးခြင်း၊ နည်းပညာအဆင့်မြှင့်တင်ပေးခြင်းတို့ကို အဲဒီကဏ္ဍတွေအတွက် ဆောင်ရွက်ပေးခဲ့တဲ့အပြင် အကူအညီအဖြစ် ရူပီ ကုဋေ ခြောက်ထောင်ကိုလည်း အကုန်အကျ ခံခဲ့ပါတယ်။
အိနိ္ဒယနိုင်ငံမှ အထည်အလိပ်နဲ့ အသင့်ချုပ်ပြီး အဝတ်အထည်ကဏ္ဍမှ လုပ်ငန်းရှင်တွေဟာ GST ကြောင့် ဝန်ထုပ်ဝန်ပိုး ဖြစ်ရတဲ့အပြင် ပြိုင်ဘက်နိုင်ငံတွဖြေစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံတို့ဟာ အီးယူဈေးကွက်ကို တင်ပို့တဲ့အခါ အကောက်ခွန် သက်သာခွင့်များ ရရှိနကြပြေီး အိနိ္ဒယလုပ်ငန်းရှင်တွေမှာ အဲဒီလို အခွင့်အရေး မရရှိတာကြောင့် နစ်နာနေရတာကို ယာယီအားဖြင့် ယခုလို သက်ညှာမှုမက်လုံးဖြင့် ဖေးကူပေးလိုက်တာလို့ သုံးသပ်ရပါတယ်။

Read 988 times
Rate this item
(0 votes)