What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စစ်ကိုင်းတိုင်းချည်မျှင် စက်ရုံမီးလောင်မှု ကျပ်သိန်းလေးထောင်ကျော် တန်ဖိုး ဆုံးရှုံး

စစ်ကိုင်းတိုင်းချည်မျှင် စက်ရုံမီးလောင်မှု ကျပ်သိန်းလေးထောင်ကျော် တန်ဖိုး ဆုံးရှုံး Facebook

မတ်လ ၃ ရက်နေ့ က စစ်ကိုင်းမြို့စက်မှုဇုန် ရှိ အောင်စိန် (၂) ချည်မျှင် စက်ရုံမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။

 

အဆိုပါ ချည်မျှင်စက်ရုံ မီးလောင်ကျွမ်းမှုဖြစ်ပွားရခြင်းမှာ စက်ရုံအတွင်း ဝါဂွမ်း ခြောက်တန်ခန့် သိုလှောင်ထားရာမှ အပူလွန်ကဲကာ

 

စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရပါတယ်။


မီးလောင်မှု ဖြစ်ပွားရာချည်မျှင်စက်ရုံကို လေးနာရီကြာမီးငြိမ်းသတ်ခဲ့ရပြီး စစ်ကိုင်းခရိုင်အတွင်းရှိ မီးသတ်ကားများအပြင် မန္တလေးတိုင်းရှိ

 

မြို့နယ်အသီးသီးမှ မီးသတ်အကူယာဉ်များဖြင့် ငြိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။ စက်ရုံတစ်ခုလုံး လောင်ကျွမ်းခဲ့ပြီး လောင်ကျွမ်းမှုကြောင့်

 

တန်ဖိုးသိန်းလေးထောင်ကျော် ဆုံးရှုံးခဲ့ကြောင်း စစ်ကိုင်းခရိုင်မီးသတ်တပ်ဖွဲ့၏ မှတ်တမ်းဖော်ပြချက်အရ သိရပါတယ်။

 

မီးလောင်မှုကြောင့် လူအသေအဆုံးမရှိဘဲ မီးသတ်ဝန်ထမ်းသုံးဦးနှင့် ရဲတပ်သားတစ်ဦးတို့ကိုသာ မီးခိုးမွှန်၍ ဆေးရုံသို့

 

ပို့ဆောင်ခဲ့ရကြောင်းသိရပါတယ်။ မီးလောင်မှုနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ရဲမှတ်တမ်းများအရသိရပါတယ်။

 

Source : 7DAY NEWS DAlLY

 

အိပ်ခန်းသုံးပစ္စည်းဆိုင် ၅၃၆ ဆိုင်ကိုရှာရန်နှိပ်ပါ။

 

<<< Zawgyi ဖြင့်ဖတ်ရန် >>>

 



 


 


 


 

တန်ဖိုးသိန်းလေးထောင်ကျော် ဆုံးရှုံခဲ့ကြောင်း စစ်ကိုင်းခရိုင်မီးသတ်တပ်ဖွဲ့၏ မှတ်တမ်းဖော်ပြချက်အရ သိရပါတယ်။


 


 

Source : 7DAY NEWS DAlLY

 


 

Myanmar Textile and Garment Directory

Read 888 times
Rate this item
(0 votes)
Tagged under

Related items