What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း မှ COVID-19 အသိပေး နှိုးဆော်ချက် ထုတ်ပြန်

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း မှ COVID-19 အသိပေး နှိုးဆော်ချက် ထုတ်ပြန် Google

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း (MYANMAR GARMENT MANUFACTURERS ASSOCIATION) မှ Coronavirus Disease 2019 (COVID-19) ကူးစက်ကပ်ရောဂါ ဒုတိယလှိုင်း ဖြစ်ပွားမှု သတိပေးချက်များရှိလာသဖြင့် အသင်းဝင်စက်ရုံများသို့ အသိပေး နှိုးဆော်ခြင်း။


၁။ လတ်တလောဖြစ်ပွားလျက်ရှိသော Coronavirus Disease 2019 (CoVID-19) ကမ္ဘာ့ကူးစက်ကပ်ရောဂါသည် မြန်မာနိုင်ငံတွင် လအနည်းငယ်ကြာ ပြည်တွင်းကူးစက်မှုမရှိဘဲ ရှိနေခဲ့ပြီးနောက် သြဂုတ်လ ၁၆ ရက်နေ့မှစ၍ ပြည်တွင်းကူးစက်မှု (Local Transmission) များ ပြန်လည်တွေ့ရှိလာခဲ့ပြီး ပြည်တွင်းကူးစက် မှု ပိုးတွေ့ လူနာများနှင့် ထိတွေ့ဆက်စပ်မှုရှိသဖြင့် coVID-19 သံသယရှိသူအဖြစ် သီးခြားခွဲထား၍ စောင့် ကြည့်ခြင်း (Quarantine) ခံရသူများရှိလာသည်ကို ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်များအရ သိရှိလာရပါသည်။

 

၂။ CoVID-19 ကူးစက်ရောဂါပိုးသည် ကိုယ်ခံအားကောင်းသည့် လူငယ်များ၊ ကိုယ်ခံအားကောင်းသူ များ ကူးစက်ခံရလျှင် ရောဂါလက္ခဏာမပြဘဲ ရက်အတန်ကြာရှိနေတတ်သဖြင့် သွားလာလှုပ်ရှားနေကြသူ ၊ လူများအကြား ပုန်းကွယ်နေသော ရောဂါပိုးသယ်ဆောင်သူ (Hidden Carrier) များလည်း ရှိနေနိုင်ပါသည်။


၃။ သို့ပါ၍ လုပ်သားဦးရေ အမြောက်အမြား လုပ်ကိုင်ရသော မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း အသင်းဝင် အထည်ချုပ်စက်ရုံများအနေဖြင့် ကိုယ်အပူချိန်တိုင်းကိရိယာများ ထားရှိ၍ ဝန်ထမ်းများအားလုံးကို ကိုယ်အပူချိန်တိုင်းပြီးမှသာ လုပ်ငန်းခွင်သို့ ဝင်ရောက်ခွင့်ပြုခြင်း၊ ဝန်ထမ်းများ စနစ်တကျလက်ဆေးနိုင်ရန် လက်ဆေးဘေစင်၊ ရေ၊ ဆပ်ပြာနှင့် Hand Sanitizer တို့ကို အလုံအလောက်ထားရှိပေးခြင်း၊ လက်ဆေးရာ နေရာတိုင်းတွင် စနစ်တကျ လက်ဆေးနည်း ပိုစတာများ ကပ်ထားခြင်း၊ ဝန်ထမ်းများအားလုံး နှာခေါင်းစည်း (Mask) တပ်ဆင်နိုင်ရန် နှာခေါင်းစည်းများ အလုံအလောက် ထုတ်ပေးခြင်း၊ ဝန်ထမ်းများအားလုံး နှာခေါင်းစည်း စနစ်တကျတပ်ဆင်စေရန် ကြီးကြပ်ခြင်း လုပ်ငန်းခွင်အတွင်း ဝန်ထမ်းများ တစ်ဦးနှင့်တစ်ဦး သတ်မှတ်ထားသည့် အကွာအဝေး (Social Distancing) တွင် အလုပ်လုပ်နိုင်အောင် တတ်နိုင်သမျှ စီစဉ်ထားရှိပြီး လူစုလူဝေးနှင့် လုပ်ကိုင် ခြင်းကို ရှောင်ကြဉ်ခြင်း၊ ပိုစတာနှင့် လက်ကမ်းစာစောင်များကို သက်ဆိုင်ရာ လုပ်ငန်းခွင်အလိုက် ဖြန့်ဝေပေးခြင်း၊ အသံဖိုင် များ အသုံးပြု၍ သက်ဆိုင်ရာလုပ်ငန်းခွင်အလိုက် နားဆင်နိုင်ရန်စီစဉ်ပေးခြင်း၊ ဝန်ထမ်းများ အချင်း ချင်း သို့မဟုတ် ဝန်ထမ်းအုပ်စုငယ်များအကြား ကျန်းမာရေးအသိပညာမျှဝေခြင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးချက်များ၊ သတိပေးချက်များ နှင့် လမ်းညွှန်ချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ခြင်း ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၆-၆-၂၀၂၀ ရက်စွဲဖြင့် နောက်ဆုံး ထုတ်ပြန် ထားသည့် "Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ပတ်သက်၍ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများနှင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်များသို့ လမ်းညွှန်ချက် (Version 4.0)” ကို လိုက်နာဆောင်ရွက်ခြင်း တို့ကို ဆောင်ရွက်ခြင်းဖြင့် COVID-19 ရောဂါဖြစ်ပွားမှု ဒုတိယလှိုင်း သတိပေးချက်များအတွက် ပူးပေါင်း ဆောင်ရွက်ကြပါရန် လေးစားစွာ နှိုင်းဆော်တိုက်တွန်းအပ်ပါသည်။

 

No description available.

 

No description available.

 

ဥက္ကဌ

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း

 

By Myanmar Textile & Garment Guide

Read 1152 times
Rate this item
(0 votes)