What's new

×

Warning

JUser: :_load: Unable to load user with ID: 845


နိုင်ဂျီးရီးယားး အ၀တ်အထည်မှောင်ခို တစ်နှစ် ကန်ဒေါ်လာ ၁ ဒဿမ ၂ ဘီလျံ

နိုင်ငံသုံးငွေ နိုင်ရာကို ငွေတန်ဖိုးချပစ်ပြီး သွင်းကုန်တွေ ပြည်တွင်းမှာ ရောင်းချရင် ငွေလဲနှုန်းအရ ဈေးကြီးနေအောင် ဖန်တီးပေးထားတဲ့အပြင် မှောင်ခိုတိုက်ဖျက်ရေးကိုလည်း နိုင်ဂျီးရီးယား အကောက်ခွန်ဌာနမှ ဆောင်ရွက်နေသော်ငြားလည်း အသင့်ချုပ်ပြီး အ၀တ်အစားတွေ မှောင်ခိုသွင်းတာ တစ်နှစ်လျှင် ကန်ဒေါ်လာ ၁ ဒဿမ ၂ ဘီလျံဖိုး ရှိနေဆဲ ဖြစ်ပါတယ်။

မှောင်ခိုအ၀တ်အစားတွေက နယ်ခြားတစ်လျှောက် လမ်းကြောင်းများမှ ၀င်ရောက်နေတာကြောင့် ပြည်တွင်းမှ ထုတ်လုပ်သူတွေက အစိုးရကို ပြဿနာဖြေရှင်းပေးဖို့ အခိုင်အမာ တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ စားသောက်ကုန်အမျိုးမျိုးကို တရားမ၀င်တင်သွင်းမှု များပြားလွန်းတာကြောင့် ပြည်တွင်းမှ စားသောက်ကုန်လုပ်ငန်းတွေ အခက်အခဲကြုံနေကြရတဲ့အဖြစ်နဲ့ အလားသဏ္ဌာန်တူပါတယ်။

နိုင်ဂျီးရီးယားပြည်တွင်းမှ အထည်အလိပ်လုပ်ငန်း၊ အ၀တ်အစား ထုတ်လုပ်တဲ့လုပ်ငန်းနဲ့ ခြေစီးထုတ်လုပ်တဲ့လုပ်ငန်း ကဏ္ဍတွေဟာ ဈေးပေါပေါဖြင့် ၀င်လာတဲ့ မှောင်ခိုပစ္စည်းတွေကြောင့် လုပ်ရကိုင်ရ ခက်ခဲနေကြပါတယ်။

ဘူးလေးရာ ဖရုံဆင့်တာကတော့ နိုင်ဂျီးရီးယား ပြည်ထောင်စု အစိုးရက အာဖရိကတိုက် လွတ်လပ်ကုန်သွယ် ဧရိယာ ထူထောင်ဖို့ သဘောတူညီချက်ကို မကြာသေးခင်က လက်မှတ်ရေးထိုးလိုက်တာ ဖြစ်ပါတယ်။ အဲဒီအတွက် ပြည်ပမှ အထည်အလိပ်နဲ့ အ၀တ်အစားတွေ တင်သွင်းတာကို ခွင့်ပြုပေးထားရမှာ ဖြစ်ပါတယ်။ ဒီတော့ ပြည်ပမှ တင်သွင်းတာတွေ အရှိန်တက်သွားစေမှာ ဖြစ်ပါတယ်။

အထည်အလိပ်လုပ်ငန်း၊ အ၀တ်အစား ထုတ်လုပ်တဲ့လုပ်ငန်းနဲ့ ခြေစီးထုတ်လုပ်တဲ့လုပ်ငန်း ကဏ္ဍသုံးရပ်ပေါင်းဟာ နိုင်ဂျီးရီးယားနိုင်ငံ ကုန်ထုတ်လုပ်မှုပမာဏမှာ ဒုတိယအများဆုံးအဖြစ် ကျေးဇူးပြုနေတယ်။ အများဆုံး ကျေးဇူးပြုတာကတော့ အစားအသောက်၊ အဖျော်ယာမကာနဲ့ ဆေးလိပ်ကဏ္ဍသုံးရပ်ပေါင်း ဖြစ်ပါတယ်။

နယ်ခြားဒေသမှာ နေထိုင်ကြသူတွေက မှောင်ခိုကုန်ကူးတာကို သာမန် တရားဝင် သက်မွေးအလုပ်တစ်ခုအဖြစ်သာ ယူဆထားကြတယ်။ အကောက်ခွန်ဝန်ထမ်းတွေကို မလိုလားကြဘူး။ “ကျွန်တော်တို့က အခွန်ကောက်တော့ သူတို့က ကျွန်တော်တို့ကို ရန်သူလို့ သတ်မှတ်တယ်” လို့ အကောက်ခွန်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ တစ်ခါတရံမှာ တာဝန်အရ ဖမ်ဆီးတာကို မကျေနပ်လို့ တိုက်ခိုက်တာတွေလည်း ရှိနေတယ်လို့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောပြခဲ့ပါတယ်လို့ အခြားသတင်းတစ်ပုဒ်မှာ ဖတ်ရှုရပါတယ်။

Source The Day

 

Border vehicle

Read 993 times
Rate this item
(0 votes)