What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အဆောင်ခပေးရန် အခက်အခဲရှိသည့် အလုပ်သမားများအတွက် အဆောင်ပိုင်ရှင်များ မြို့နယ်၊ရပ်ကျေးထွေအုပ်များမှတစ်ဆင့် မေတ္တာရပ်ခံသွားမည်

ရန်ကုန်တိုင်းဒေသကြီးတွင် CMP လုပ်ငန်းများ ယာယီပိတ်ရန်အမိန့်ညွှန်ကြားချက်အား အောက်တိုဘာ၂၁ ရက်အထိ ထပ်မံတိုးမြှင့်လိုက်ခြင်းကြောင့် အလုပ်သမားများအနေဖြင့်လစာထုတ်ယူရန်အခက်အခဲများရှိနေကြသည့်အတွက် အဆောင်ခများပေးရန်နောက်ကျခြင်းကိုအဆောင်ပိုင်ရှင်များနားလည်ပေးရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ မြို့နယ်၊ရပ်ကျေးထွေအုပ်များဖြင့်ပူးပေါင်းပြီးမေတ္တာရပ်ခံပေးမည်ဟုအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောပါတယ်။

 

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း လူမှုဖူလုံရေးအကျုံးဝင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်း ဌာနများရှိ အလုပ်သမားများ၊ ဝန်ထမ်းများအား လူမှုဖူလုံရေး ထောက်ပံ့ငွေများ ခွင့်ပြုထုတ်ပေးနေသည့် အခြေအနေများနှင့်စပ်လျဉ်း၍ အလုပ်သမားအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆွေးနွေးပွဲကို အောက်တိုဘာ၈ရက်တွင် Video Conference စနစ်ဖြင့်ကျင်းပခဲ့ရာပြည်ထောင်စုဝန်ကြီးကအဆိုပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

 

" ပြည်ထောင်စုဝန်ကြီးကအဆောင်ကိစ္စတွေအဆင်မပြေတာကိုလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကသက်ဆိုင်ရာ မြို့နယ်ထွေအုပ် ရပ်ကျေးထွေအုပ်တွေနဲ့ပူးပေါင်းပြီးဆောင်ရွက်ပေးမယ်။အိမ်ပိုင်ရှင်တွေကိုလည်းမေတ္တာရပ်ခံပေးမယ်ပြောသွားပါတယ်"ဟုမြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM လက်ထောက်အထွေထွေအတွင်းရေးမှူးဒေါ်ဖြိုးစန္ဒာစိုးကပြောပါတယ်။

 

လှိုင်သာယာမြို့နယ်နှင့်ရွှေပြည်သာမြို့နယ်ရှိ CMP အလုပ်သမားများသည် အောက်တိုဘာလတွင်လစာထုတ်ယူရန်ခက်ခဲနေခြင်း၊လစာထုတ်ထားသည့်အလုပ်သမားများသည်လည်း လစာတွင်ရက်မှန်ကြေးများ၊ဘောနပ်များ လျှော့ထားသည့်အတွက် အဆင်မပြေမှုများရှိနေ၍ အဆောင်ခများလျှော့ပေးရန်နှင့် ခွဲပေးနိုင်ရန် အဆောင်ပိုင်ရှင်များနှင့်ညှိနှိုင်း လျက်ရှိကြပါတယ်။

 

"ကျွန်တော်တို့အဆောင်ပိုင်ရှင်ကတော့အဆင်ပြေတယ်။နောက်လမှသူပေါင်းယူပေးမယ်ပြောတယ်ယအကယ်၍နောက်လလည်းအခုလိုမျိုးဘလြစာကအဆင်မပြေဖြစ်နေရင်အခြေအနေတစ်ခုထိသူလက်ခံပေးမယ်ပြောတယ်။စက်ရုံကသူငယ်ချင်းတေ်နေတဲ့ တချို့အဆောင်တွေကြတော့လည်း လျှော့ပေးဖို့ပြောတာမဟုတ်ဘူး။နောက်လမှပေါင်းယူဆိုတာတောင်လက်မခံ ၊၁၀ရက်ကျော်အထိမပေးနိုင်သေးရင်အဆောင်ကဆင်းရမယ်ဆိုပြီးပြောတာမျိုးတွေလည်းရှိတယ်"ဟုလှိုင်သာယာမြို့နယ်အတွင်းနေထိုင်သည့်CMPလုပ်သားတစ်ဦးကပြောပါတယ်။

 

ရန်ကုန်တိုင်းဒေသကြီးမှာ COVID-19 ရောဂါ အတည်ပြုလူနာများ ပိုမိုတွေ့ရှိရခြင်း၊ ရောဂါကူးစက်ခံထားရသူဖြစ်သော်လည်း မည်သည့် ရောဂါ လက္ခဏာ မျှ မပြသေးသဖြင့် ပုံမှန်အတိုင်း သွားလာလှုပ်ရှား လုပ်ကိုင်နေသူများ ကြောင့်ရောဂါဖြစ် ပွားပျံ့နှံ့မှုနှုန်း မြင့်မားသွားနိုင်သဖြင့် အဆိုပါ CMP လုပ်ငန်းစက်ရုံအလုပ်ရုံများတွင် အလုပ်လုပ်ကိုင် မည့် သူများအား အောက်တိုဘာ ၈ ရက်မှ ၂၁ ရက်နေ့ထိ လုပ်ငန်းခွင်သွားရောက်ခွင့် မပြုရန် ထပ်မံ တိုးမြှင့်လိုက်တာဖြစ်ပါတယ်။

 

MyanmarLabourNews

Read 657 times
Rate this item
(0 votes)