What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Myanmar Royal Apolo အထည်ချုပ်စက်ရုံရှိ ပစ္စည်းများရောင်းချသော်လည်းဝယ်ယူသူမရှိ

Myanmar Royal Apolo အထည်ချုပ်စက်ရုံရှိ ပစ္စည်းများရောင်းချသော်လည်းဝယ်ယူသူမရှိ google

လက်ရှိ ရွှေပြည်သာ စက်မှုဇုန်ရှိ Myanmar Royal Apolo အထည်ချုပ်စက်ရုံ ပိုင်ရှင် ထွက်ပြေး တိမ်းရှောင်သွားသဖြင့် စက်ရုံရှိ

 

လုပ်သား ၅၀၀ ခန့် လုပ်ခမရရှိသည့် အခြေအနေများနှင့် ရင်ဆိုင်နေရကြောင်းသိရပါတယ်။

 

Myanmar Royal Apolo အထည်ချုပ်စက်ရုံသည် လွန်ခဲ့တဲ့ ၄ နှစ်ကတည်းက ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လုပ်သားအင်အား ၄၆၀ ကျော်နဲ့

 

လည်ပတ်နေတာပဲဖြစ်ပါတယ်။

 

ယင်းစက်ရုံ၏ ပိုင်ရှင်မှာ တရုတ်နိုင်ငံသားဖြစ်ပြီးလုပ်သားများ လုပ်ခလစာပေးချေရမည့်နေ့ တွင် စက်ရုံမှ ထွက်ပြေးတိမ်းရှောင်သွားတာလို့လည်

 

သိရပါတယ်။

 

ထိုသို့ စက်ရုံပိုင်ရှင်ထွက်ပြေးတိမ်းရှောင်သွားခြင်းကြောင့် စက်ပစ္စည်းများကိုရောင်းချ၍ စက်ရုံလုပ်သားများအား လုပ်ခလစာများရှင်းပေးရန်

 

အလုပ်သမားရေးရာတာဝန်ရှိသူများကစီစဉ်ခဲ့ပါတယ်။ သို့သော် အဆိုပါစက်ရုံရှိပစ္စည်းများကို ဝယ်ယူသူမရှိ၍လစာရှင်းပေးရန် အခက်အခဲများနှင့်

 

ရင်ဆိုင်ရကြောင်း သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် မြန်မာ (STUM) မှ စည်းရုံးရေးမှူး ကိုဇင်အောင်ဝေကပြောကြားခဲ့ပါတယ်။

 

“ဝယ်မယ့်သူတွေက ကြောက်ပြီး မဝယ်ရဲဘူးဗျ။ ပြဿနာဖြစ်ထားတဲ့ စက်ရုံဆိုပြီး ရောင်းလို့ရရင်တောင် အဲ့ဒီပိုက်ဆံတွေနဲ့ အလုပ်သမားတွေကို

 

လစာရှင်းလို့မလောက်ဘူး” ဟု ကိုဇင်အောင်ဝေ ကပြောကြားခဲ့ပါတယ်။

စစ်ကိုင်းတိုင်းချည်မျှင် စက်ရုံမီးလောင်မှု ကျပ်သိန်းလေးထောင်ကျော် တန်ဖိုး ဆုံးရှုံး

 

Myanmar Royal Apolo စက်ရုံရှိ စက်ပစ္စည်းများ အားလုံးကိုရောင်းချလိုက်ပါက ကာလတန်ကြေးသိန်းခုနှစ်ရာလောက်

 

သာရရှိမည်ဖြစ်သော်လည်း အလုပ်သမားများ အား လစာရှင်းပေးရမည့် ငွေကြေးမှာ သိန်းထောင်ကျော်ရှိကြောင်းသိရပါတယ်။

 

Source : The Voice

 

textile picture

 

ရိုးရာဝတ်စုံဆိုင် ၁၇၄ ဆိုင်ကိုရှာရန်နှိပ်ပါ။

 

<<< Zawgyi ဖြင့်ဖတ်ရန် >>>

 


 



 


 

ထွက်ပြေးတိမ်းရှောင်သွားတာလို့လည်းသိရပါတယ်။


 


 



 



 


Source : The Voice

ရိုးရာဝတ်စုံဆိုင် ၁၇၄ ဆိုင်ကိုရှာရန်နှိပ်ပါ။

 

Myanmar Textile and Garment Directory

Read 1526 times
Rate this item
(0 votes)
Tagged under

Related items