What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အထည္ခ်ဳပ္စက္႐ုံထဲကုိ ေရာက္လာၾကတယ္

(Zaw+Uni) 

လႈိင္သာယာနဲ႔ ေရႊျပည္သာ စက္မႈဇုန္ေတြမွာ အထည္ခ်ဳပ္လုပ္သား ၇၇၈ ေယာက္ကုိ ေမးျမန္းခဲ့တဲ့ စစ္တမ္းမွာ ေျဖဆုိသူေတြရဲ႕ ၉၄% ဟာ အမ်ဳိးသမီးေတြ ျဖစ္ပါတယ္။ သူတုိ႔ရဲ႕ အလုပ္အကုိင္နဲ႔ ပတ္သက္လို႔ ေမးခြန္းေတြ ေမးျမန္းတာမွာ အရင္ဆုံး ေမးတဲ့ ေမးခြန္းက သူအလုပ္လုပ္ေနတဲ့ စက္႐ုံကုိ ပုိင္ဆုိင္မႈက ျပည္ပပုိင္၊ ျပည္တြင္းပုိင္၊ ဖက္စပ္ ဘယ္ဟာလဲဆုိတာ ျဖစ္ပါတယ္။ ရန္ကုန္မွာ ရွိတဲ့ အထည္ခ်ဳပ္စက္႐ုံေတြမွာ ၉၅% ဝန္းက်င္ဟာ ျပည္ပပုိင္ စက္႐ုံေတြ ျဖစ္ပါတယ္။ ေျဖဆုိၾကသူေတြမွာ ၉ဝ%က သူတုိ႔ အလုပ္လုပ္ေနတာ ျပည္ပကုမၸဏီမွ ပုိင္ဆုိင္လုပ္ကုိင္တဲ့စက္႐ုံျဖစ္ေၾကာင္း ေျဖၾကားၾကပါတယ္။ ပုိင္ဆုိင္မႈကို မသိတဲ့သူေတြလည္း ရွိပါတယ္။

စက္႐ံုပုိင္ရွင္ေတြ ရင္ဆုိင္ရတဲ့ အဓိကအဟန္႔အတားေတြဟာ ျပည္တြင္းပုိင္ရွင္နဲ႔ ျပည္ပပုိင္ရွင္တုိ႔အၾကား ကြဲျပားတာကုိ အျခားစစ္တမ္းတစ္ခုမွာ ေတြ႕ရပါတယ္။ အဲဒီအထည္ခ်ဳပ္စက္႐ုံေတြဟာ စက္မႈဇုန္ေတြမွာ အတူတကြ လုပ္ကုိင္ေနၾကတာမု႔ိ တစ္ခုတည္းေသာ ဝန္းက်င္ျဖစ္ေပမဲ့ အဓိကက်တဲ့အဟန္႔အတားကုိ ႐ႈျမင္ၾကပုံကြဲဲျပားေနပါတယ္။

COMPARE KEY FACTOR


ျပည္တြင္းလုပ္ငန္းရွင္ေတြအဖုိ႔ တတ္ကၽြမ္းလုပ္သား မရွိတာကုိ အားလုံးက ေထာက္ျပၾကၿပီး ျပည္ပပုိင္ရွင္နဲ႔ ဖက္စပ္လုပ္ငန္းပုိင္ရွင္ေတြမွာေတာ့ အေျခခံ အေဆာက္အအုံကုိ အားလုံးက ေထာက္ျပၾကပါတယ္။

အထည္ခ်ဳပ္ စက္႐ုံတစ္႐ုံရဲ႕ လုပ္သားအင္အားစုကုိ ၾကည့္ရင္ အမ်ားစုက အမ်ဳိးသမီးေတြ ျဖစ္ၾကပါတယ္။ လူနည္းစု အမ်ဳိးသားေတြမွာ အထည္သား ျဖတ္ေတာက္တဲ့အလုပ္၊ စက္ျပင္ဆရာ၊ လုံၿခဳံေရး စတာေတြကုိ လုပ္ကုိင္ၾကတယ္။ စက္ခ်ဳပ္တဲ့အလုပ္ လုပ္ကုိင္သူအခ်ဳိ႕လည္း ရွိတယ္။
အကူအလုပ္၊ အရည္အေသြးစစ္ေဆးတဲ့အလုပ္၊ စာေရးစာခ်ီအလုပ္၊ စက္ခ်ဳပ္တဲ့အလုပ္ေတြကုိ အမ်ဳိးသမီးေတြ လုပ္ကုိင္ၾကတယ္။ ဒီေတာ့ အလုပ္အမ်ဳိးအစားအရ ေယာက္်ားမိန္းမ ကြဲျပားမႈ ရွိေနတာ ေတြ႕ရတယ္။

အခုလုိ အထည္ခ်ဳပ္စက္႐ုံထဲကုိ ေရာက္လာၾကတာမွာ ပုံမွန္လစာဝင္ေငြတစ္ခု ရရွိၿပီး အျခားလုပ္ကုိင္လုိ႔ရတဲ့ အလုပ္ေတြထက္ အထည္ခ်ဳပ္မွာက ဝင္ေငြ ပုိေကာင္းၿပီး အရိပ္ေအာက္မွာ လုပ္ကုိင္ရတာေတြဟာ သူတုိ႔ကုိ စက္႐ုံထဲ ေရာက္လာေအာင္ ဆြဲငင္တဲ့ အေၾကာင္းတရားေတြ ျဖစ္ပါတယ္။
အထည္ခ်ဳပ္စက္႐ုံမွာ လုပ္ကုိင္ရတဲ့ဟာ လယ္ကြင္းထဲ စုိက္ပ်ဳိးေရးက႑မွာ လုပ္ကုိင္ရတာထက္ သက္သာတယ္။ လုပ္ငန္းခြင္ပတ္ဝန္းက်င္ကလည္း သန႔္ရွင္းသန႔္ျပန္႔ေနမွ ျဖစ္တာမုိ႔ သန္႔ရွင္းသန္႔ျပန္႔ေနတယ္။ သနပ္ခါးေတာင္ လိမ္းခြင့္ မရွိဘဲ တားျမစ္ထားတဲ့အထိ သန္႔ရွင္းဖု႔ိ မေပက်ံဖုိ႔ကုိ ဂ႐ုျပဳၾကတယ္။ အနံ႔အသက္ ဆုိးဝါးတာမ်ဳိးလည္း မရွိဘူး။
အထည္ခ်ဳပ္စက္႐ုံမွာ လုပ္ကုိင္ဖုိ႔ ေရြးခ်ယ္လုိက္ေပမဲ့ အဆက္အသြယ္ရွိမွ အဆင္ေျပတယ္။ ဒီေတာ့ အသိ အဆက္အသြယ္က အလုပ္သြင္းေပးလုိ႔ အထည္ခ်ဳပ္ စက္႐ုံထဲကုိ ေရာက္လာၾကသူေတြမ်ားတယ္။ တခ်ဳိ႕ဆုိရင္ အလုပ္သြင္းေပးတဲ့ အသိ လုပ္ကုိင္ေနတဲ့ စက္႐ုံမွာပဲ ဝင္ေရာက္လုပ္ကုိင္ၾကတယ္။ လူခံရွိေတာ့ ပုိအဆင္ေျပတယ္။
ေက်းရြာေတြမွာ အခုလုိ ဝင္ေငြမွန္မွန္ရတဲ့ အလုပ္မ်ဳိး မရႏုိင္တာ၊ မိသားစုမွာ အေၾကြး ရွိေနတာ၊ အိမ္စရိတ္ရွိေနတာေတြေၾကာင့္ ၿမိဳ႕တက္ၿပီး အလုပ္လုပ္ၾကတယ္။ ပညာေရး အရည္အခ်င္း မေကာင္းတာေၾကာင့္ အလုပ္ေလွ်ာက္တဲ့အခါ ေအာက္ေျခအဆင့္ျဖင့္ ဝင္တဲ့သူေတြဟာ သူတုိ႔ရဲ႕ ပညာအရည္အခ်င္းအတြက္ ေအာင္လက္မွတ္ ျပဖုိ႔ မလုိတာဟာ ထည့္စဥ္းစားရတဲ့ အဓိကအခ်က္တစ္ခ်က္ ျဖစ္ေနတယ္။ အဲဒီလုိ လြယ္ကူေနတာေၾကာင့္လည္း အထည္ခ်ဳပ္စက္႐ုံထဲကုိ ေရာက္လာၾကတယ္။ သူတုိ႔ ရတဲ့ဝင္ေငြျဖင့္ အိမ္ကုိ ေငြျပန္ပုိ႔ၿပီး စရိတ္ေထာက္ပ့ံၾကတယ္။

Unicode

အထည်ချုပ်စက်ရုံထဲကို ရောက်လာကြတယ်

လှိုင်သာယာနဲ့ ရွှပြေည်သာ စက်မှုဇုန်တွေမှာ အထည်ချုပ်လုပ်သား ၇၇၈ ယောက်ကို မေးမြန်းခဲ့တဲ့ စစ်တမ်းမှာ ဖြေဆိုသူတွေရဲ့ ၉၄% ဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ အလုပ်အကိုင်နဲ့ ပတ်သက်လို့ မေးခွန်းတွေ မေးမြန်းတာမှာ အရင်ဆုံး မေးတဲ့ မေးခွန်းက သူအလုပ်လုပ်နေတဲ့ စက်ရုံကို ပိုင်ဆိုင်မှုက ပြည်ပပိုင်၊ ပြည်တွင်းပိုင်၊ ဖက်စပ် ဘယ်ဟာလဲဆိုတာ ဖြစ်ပါတယ်။ ရန်ကုန်မှာ ရှိတဲ့ အထည်ချုပ်စက်ရုံတွေမှာ ၉၅% ဝန်းကျင်ဟာ ပြည်ပပိုင် စက်ရုံတွေ ဖြစ်ပါတယ်။ ဖြေဆိုကြသူတွေမှာ ၉ဝ%က သူတို့ အလုပ်လုပ်နေတာ ပြည်ပကုမ္ပဏီမှ ပိုင်ဆိုင်လုပ်ကိုင်တဲ့စက်ရုံဖြစ်ကြောင်း ဖြကြေားကြပါတယ်။ ပိုင်ဆိုင်မှုကို မသိတဲ့သူတွေလည်း ရှိပါတယ်။

စက်ရုံပိုင်ရှင်တွေ ရင်ဆိုင်ရတဲ့ အဓိကအဟန့်အတားတွေဟာ ပြည်တွင်းပိုင်ရှင်နဲ့ ပြည်ပပိုင်ရှင်တို့အကြား ကွဲပြားတာကို အခြားစစ်တမ်းတစ်ခုမှာ တွေ့ရပါတယ်။ အဲဒီအထည်ချုပ်စက်ရုံတွေဟာ စက်မှုဇုန်တွေမှာ အတူတကွ လုပ်ကိုင်နကြေတာမို့ တစ်ခုတည်းသော ဝန်းကျင်ဖြစ်ပေမဲ့ အဓိကကျတဲ့အဟန့်အတားကို ရှုမြင်ကြပုံကွဲပြားနေပါတယ်။

COMPARE KEY FACTOR
ပြည်တွင်းလုပ်ငန်းရှင်တွေအဖို့ တတ်ကျွမ်းလုပ်သား မရှိတာကို အားလုံးက ထောက်ပြကြပြီး ပြည်ပပိုင်ရှင်နဲ့ ဖက်စပ်လုပ်ငန်းပိုင်ရှင်တွေမှာတော့ အခြေခံ အဆောက်အအုံကို အားလုံးက ထောက်ပြကြပါတယ်။

အထည်ချုပ် စက်ရုံတစ်ရုံရဲ့ လုပ်သားအင်အားစုကို ကြည့်ရင် အများစုက အမျိုးသမီးတွေ ဖြစ်ကြပါတယ်။ လူနည်းစု အမျိုးသားတွေမှာ အထည်သား ဖြတ်တောက်တဲ့အလုပ်၊ စက်ပြင်ဆရာ၊ လုံခြုံရေး စတာတွေကို လုပ်ကိုင်ကြတယ်။ စက်ချုပ်တဲ့အလုပ် လုပ်ကိုင်သူအချို့လည်း ရှိတယ်။
အကူအလုပ်၊ အရည်အသွေးစစ်ဆေးတဲ့အလုပ်၊ စာရေးစာချီအလုပ်၊ စက်ချုပ်တဲ့အလုပ်တွေကို အမျိုးသမီးတွေ လုပ်ကိုင်ကြတယ်။ ဒီတော့ အလုပ်အမျိုးအစားအရ ယောက်ျားမိန်းမ ကွဲပြားမှု ရှိနေတာ တွေ့ရတယ်။

အခုလို အထည်ချုပ်စက်ရုံထဲကို ရောက်လာကြတာမှာ ပုံမှန်လစာဝင်ငွေတစ်ခု ရရှိပြီး အခြားလုပ်ကိုင်လို့ရတဲ့ အလုပ်တွေထက် အထည်ချုပ်မှာက ဝင်ငွေ ပိုကောင်းပြီး အရိပ်အောက်မှာ လုပ်ကိုင်ရတာတွေဟာ သူတို့ကို စက်ရုံထဲ ရောက်လာအောင် ဆွဲငင်တဲ့ အကြောင်းတရားတွေ ဖြစ်ပါတယ်။
အထည်ချုပ်စက်ရုံမှာ လုပ်ကိုင်ရတဲ့ဟာ လယ်ကွင်းထဲ စိုက်ပျိုးရေးကဏ္ဍမှာ လုပ်ကိုင်ရတာထက် သက်သာတယ်။ လုပ်ငန်းခွင်ပတ်ဝန်းကျင်ကလည်း သန့်ရှင်းသန့်ပြန့်နေမှ ဖြစ်တာမို့ သန့်ရှင်းသန့်ပြန့်နေတယ်။ သနပ်ခါးတောင် လိမ်းခွင့် မရှိဘဲ တားမြစ်ထားတဲ့အထိ သန့်ရှင်းဖို့ မပေကျံဖို့ကို ဂရုပြုကြတယ်။ အနံ့အသက် ဆိုးဝါးတာမျိုးလည်း မရှိဘူး။
အထည်ချုပ်စက်ရုံမှာ လုပ်ကိုင်ဖို့ ရွေးချယ်လိုက်ပေမဲ့ အဆက်အသွယ်ရှိမှ အဆင်ပြေတယ်။ ဒီတော့ အသိ အဆက်အသွယ်က အလုပ်သွင်းပေးလို့ အထည်ချုပ် စက်ရုံထဲကို ရောက်လာကြသူတွေများတယ်။ တချို့ဆိုရင် အလုပ်သွင်းပေးတဲ့ အသိ လုပ်ကိုင်နေတဲ့ စက်ရုံမှာပဲ ဝင်ရောက်လုပ်ကိုင်ကြတယ်။ လူခံရှိတော့ ပိုအဆင်ပြေတယ်။
ကျေးရွာတွေမှာ အခုလို ဝင်ငွေမှန်မှန်ရတဲ့ အလုပ်မျိုး မရနိုင်တာ၊ မိသားစုမှာ အကြွေး ရှိနေတာ၊ အိမ်စရိတ်ရှိနေတာတွေကြောင့် မြို့တက်ပြီး အလုပ်လုပ်ကြတယ်။ ပညာရေး အရည်အချင်း မကောင်းတာကြောင့် အလုပ်လျှောက်တဲ့အခါ အောက်ခြေအဆင့်ဖြင့် ဝင်တဲ့သူတွေဟာ သူတို့ရဲ့ ပညာအရည်အချင်းအတွက် အောင်လက်မှတ် ပြဖို့ မလိုတာဟာ ထည့်စဉ်းစားရတဲ့ အဓိကအချက်တစ်ချက် ဖြစ်နေတယ်။ အဲဒီလို လွယ်ကူနေတာကြောင့်လည်း အထည်ချုပ်စက်ရုံထဲကို ရောက်လာကြတယ်။ သူတို့ ရတဲ့ဝင်ငွဖြေင့် အိမ်ကို ငွပြေန်ပို့ပြီး စရိတ်ထောက်ပံ့ကြတယ်။

Read 883 times
Rate this item
(0 votes)