What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဂျော်ဒန်နိုင်ငံမှ အထည်ချုပ်လုပ်သား ၁၄၈ ဦး နေရပ်ပြန်ရေး မပြီးပြတ်သေး

ဂျော်ဒန်နိုင်ငံမှ အထည်ချုပ်လုပ်သားများ နေရပ်ပြန်ရေးကိစ္စနှင့် ပတ်သက်၍

အစ္စရေးနိုင်ငံ  တဲလ်အဗီးမြို့ ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး မှ အသိပေးကြေညာချက် ထုတ်ပြန်ထားပါသည်။ 

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး  တဲလ်အဗီးမြို့ 

 

အသိပေးကြေညာခြင်း

၁။ အစ္စရေးနိုင်ငံတွင် လက်တလောရောက်ရှိနေပြီး နေရပ်ပြန်ရေးအတွက် အခက်အခဲ ကြုံတွေ့နေသော မြန်မာနိုင်ငံသားများအနေဖြင့် ပဉ္စမမြောက် အာမန်-ရန်ကုန် ကယ်ဆယ်ရေး

လေယာဉ်နှင့်ချိတ်ဆက်ပျံသန်းပေးမည့် တဲလ်အဗီး-ရန်ကုန် လေယာဉ်ခရီးစဉ်ကို ၁၃-၉-၂၀၂၀ ရက်တွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။ ၎င်းခရီးစဉ်တွင် လိုက်ပါစီးနင်းနိုင်ရန် ခုံနေရာဝယ်ယူမှုအတွက် ရန်ကုန်မြို့ရှိ MAI ရုံးချုပ်တွင် နေ့စဉ် နံနက် ၀၉၀၀ နာရီမှ ၁၇၃၀ နာရီကြားတွင် ဝယ်ယူနိုင်ပြီး လက်မှတ်ဝယ်ယူရန် နောက်ဆုံးအချိန်အဖြစ် ၇-၉-၂၀၂၀ ရက်(တနင်္လာနေ့) မြန်မာစံတော်ချိန် ၁၇၃၀ နာရီအထိ သတ်မှတ်ထားပါသည်။ ထိုသို့ ဝယ်ယူရာတွင် အမည်၊ မွေးသက္ကရာဇ်၊ ကျား/မ၊ ပတ်စ်ပို့နံပါတ်နှင့် သက်တမ်းကုန်ဆုံးရက် စသည့် အချက်အလက်များပါဝင်သည့် ပတ်စ်ပို့စာမျက်နှာ၏ မိတ္တူဖြင့် ဝယ်ယူရန် လိုအပ်သကဲ့သို့ မြန်မာသံရုံး၊ တဲလ်အဗီး၏ ခရီးသည်စာရင်းတွင် ပါဝင်သည့်သူလည်းဖြစ်ရန် လိုအပ်မည် ဖြစ်ပါ သည်။ အသေးစိတ်အချက်အလက်များကို ပူးတွဲဖော်ပြပေးထားသည့် လေကြောင်းလိုင်း၏ ထုတ်ပြန်ကြေညာချက်တွင် သိရှိနိုင်မည်ဖြစ်ပါသည်။

 

 ၂။ လေယာဉ် ပျံသန်းမထွက်ခွာမီ ၉၆ နာရီအတွင်း လေယာဉ်ပေါ်တွင်လိုက်ပါမည့် ခရီးသည် များ၏ ပတ်စ်ပို့မိတ္တူများကို သက်ဆိုင်ရာ လေဆိပ်အာဏာပိုင်ထံသို့ ပေးပို့ပြီးဖြစ်ရမည့်မူဝါဒနှင့် အညီ ဂျော်ဒန်နိုင်ငံရှိ မြန်မာလုပ်သားများအတွက် ခုံနေရာ သတ်မှတ်မှုကို တဲလ်အဗီး-ရန်ကုန် ခုံနေရာရောင်းချမှု ပြီးဆုံးပြီးနောက် ၇-၉-၂၀၂၀ရက်(တနင်္လာနေ့)ညနေတွင် အတည်ပြုထုတ်ပြန် ပေးသွားမည်ဖြစ်ပါသည်။ လတ်တလောတွင် CMJ ကုမ္ပဏီမှ ၂၂ ဦးသည် နေရပ်ပြန်လည် ထွက်ခွာရေးလုပ်ငန်းစဉ်အားလုံး ပြီးစီးပြီဖြစ်သည်နှင့်အညီ ယခုပဉ္စမမြောက်လေယာဉ် ခရီးစဉ်တွင် လိုက်ပါခွင့်ရရှိရန် သေချာနေပြီဖြစ်သော်လည်း Camel and Vega စက်ရုံအနေဖြင့် ယခင်ခရီးစဉ် များတွင် ချန်လှပ်ထားခြင်းခံခဲ့ရသူ မတူးတူးမာ(+ ရင်ခွင်ပိုက်)၊ မသူဇာဝင်းနှင့် မောင်ထွန်းမင်းဦး တို့သုံးဦးသာ နေရပ်ပြန်ရေးလုပ်ငန်းစဉ်များ ပြီးစီးမှုအရ အဆင်သင့် ဖြစ်လျက်ရှိနေပါသည်။ ကျန်မြန်မာလုပ်သား ၁၄၈ ဦးအနေဖြင့် လူမှုဖူလုံရေးကြေး ထုတ်ယူရန် စောင့်ဆိုင်းနေရဆဲ ဖြစ်သည့်အပြင်၊ Karak ဒေသရှိ အလုပ်သမားအာဏာပိုင်များအနေဖြင့် လူမှုဖူလုံရေးကြေး ထုတ်ယူပြီးစီးသည့်အခါမှသာ နေရပ်ပြန်ရေး အတည်ပြုပေးသည့် Clearance Approval Letter ကိုထုတ်ပေးရန် မူဝါဒပြင်ဆင်ထားမှုကြောင့် ပဉ္စမမြောက်ကယ်ဆယ်ရေးလေယာဉ်၏ အတည်ပြု ခရီးသည်စာရင်းတွင် ထည့်သွင်းရန် လိုအပ်ချက်ရှိနေကြောင်း အသိပေး ကြေညာအပ်ပါသည်။

 

 ၃။ ယခု ပဉ္စမမြောက်ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်တွင် လိုက်ပါရန် ကြိုတင်စာရင်း ပေးသွင်းထားသည့် အစ္စရေးနိုင်ငံမှ မြန်မာနိုင်ငံသားများစာရင်းနှင့် CMJ စက်ရုံနှင့် Camel and Vega စက်ရုံတို့မှ မြန်မာနိုင်ငံသားများ၏စာရင်းများကိုလည်း ပူးတွဲဖော်ပြအပ်ပါသည်။ 

မြန်မာသံရုံး၊ တဲလ်အဗီးမြို့။ 

ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၄ ရက်

12th Floor, Textile Center Building, 

No.2, Kaufman Street, Tel Aviv 6801294, 

State of Israel

Tel. + (972-3) 5170760, 5163364,

 Fax: + (972-3) 5163512,

 e-mail: This email address is being protected from spambots. You need JavaScript enabled to view it.

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Read 732 times
Rate this item
(0 votes)