What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ျမန္မာ့ခ်ဳပ္ထည္ ဂ်ပန္ထက္ အီးယူ ပုိမ်ား

(Zawgyi+Unicode)
ဥေရာပ သမဂၢ အီးယူမွ ျမန္မာႏုိင္ငံကုိ Generalised Scheme of Preferences (GSP) ခံစားခြင့္ ျပန္ေပးလုိက္ၿပီးတဲ့ေနာက္မွာ

အီးယူသုိ႔ ျမန္မာႏုိင္ငံမွ တင္ပုိ႔တဲ့ ခ်ဳပ္ထည္ေတြ သြင္းကုန္အခြန္ ကင္းလြတ္ခြင့္ ရရွိထားတဲ့ အားသာခ်က္ကုိ ရရွိသြားခဲ့ပါတယ္။ အီးယူမွ အမွာစာေတြ ပုိမ်ားလာခဲ့ပါတယ္။

CMP (cut-make-pack) အထည္ခ်ဳပ္က႑မွာ အီးယူဟာ ထိပ္ဆုံးေစ်းကြက္ ျဖစ္လာခဲ့ပါတယ္။ ယခင္ စီးပြားရး ပိတ္ဆုိ႔ခံထားရခ်ိန္မွာ ဂ်ပန္ႏုိင္ငံဟာ အဓိကက်တဲ့ ႏုိင္ငံျဖစ္ခဲ့ၿပီး

ျမန္မာအထည္ခ်ဳပ္လုပ္ငန္းက႑ အႀကီးအက်ယ္ အားကုိးအားထား ျပဳခဲ့ရပါတယ္။ ဒါေပမဲ့ ယခုအခါမွာ အီးယူမွ ရရွိတဲ့ အမွာစာေတြက ဂ်ပန္ထက္ ပုိမ်ားသြားၿပီလုိ႔ သိရပါတယ္။

CMP ျဖတ္ခ်ဳပ္ထုပ္ အထည္ခ်ဳပ္လုပ္ငန္းက႑ဟာ မတ္လမွာ အဆုံးသတ္တဲ့ ၂၀၁၆-၁၇ ခုႏွစ္ ဘ႑ာေရးႏွစ္မွာ အေမရိကန္ေဒၚလာ ၁.၈၃၆ ဘီလ်ံ ရရွိခဲ့ပါတယ္။

အထည္ခ်ဳပ္က႑မွ ျပည္ပတင္ပုိ႔တာမွာ ဂ်ပန္သုိ႔ ၃၃% ၀န္းက်င္ရွိၿပီး အီးယူကုိ ၂၅% ရွိခဲ့ပါတယ္။ ေတာင္ကုိရီးယား၊ အေမရိကနဲ႔ တ႐ုတ္ ႏုိင္ငံတုိ႔သုိ႔လည္း တင္ပုိ႔ခဲ့ပါတယ္။

CMP လုိ႔ ဆုိတာမွာ အထည္ေတြအျပင္ ရွဴးဖိနပ္အပါအ၀င္ ဖိနပ္အမ်ဳိးမ်ဳိး၊ အိတ္အမ်ဳိးမ်ဳိးတုိ႔လည္း အက်ဳံး၀င္ပါတယ္။ CMP က႑မွ တင္ပုိ႔မႈတန္ဖုိးဟာ ျမန္မာႏုိင္ငံ ပုိ႔ကုန္စုစုေပါင္တန္ဖုိးရဲ႕ ၁၆% ရွိပါတယ္။

အထည္ခ်ဳပ္လုပ္ငန္းက႑ဟာ အလုပ္အကုိင္ စုစုေပါင္း လူဦးေရ သုံးသိန္းေက်ာ္ကုိ အလုပ္ေပးထားပါတယ္။ ၂၀၂၀ ခုႏွစ္မွာ ျပည္ပပုိ႔ကုန္တန္ဖုိး ကန္ေဒၚလာ ၁၂ ဘီလ်ံ ရွိမယ္လုိ႔ လ်ာထားပါတယ္။

အလုပ္အကုိင္ စုစုေပါင္း လူဦးေရ တစ္သန္းခြဲကုိ အလုပ္ေပးထားႏုိင္မယ္လုိ႔ ေမွ်ာ္မွန္းထားပါတယ္။

ဆြီဒင္မွ H&M အေမရိကမွ Gap အပါအ၀င္ နာမည္ႀကီး အ၀တ္အထည္လုပ္ငန္းေတြ ျမန္မာႏုိင္ငံမွာ လာေရာက္လုပ္ကုိင္လ်က္ ရွိပါတယ္။

ျမန္မာႏုိင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မရွင္က အထည္ခ်ဳပ္ စက္႐ုံသစ္ေတြ လာလုပ္ဖုိ႔ အတည္ျပဳေပးခဲ့ပါတယ္။

ယခင္က ဂ်ပန္နဲ႔ ေတာင္ကုိရီးယားတုိ႔မွ ကုမၸဏီမ်ားသာ ျမန္မာႏုိင္ငံမွာ ရင္းႏွီးျမႇဳပ္ႏွံခဲ့ၾကၿပီး ယခုအခါ တ႐ုတ္ႏုိင္ငံမွလည္း ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား စီး၀င္ေနပါတယ္။
ယခု ဘ႑ာေရးႏွစ္ ပထမ ေလးလမွာ ကန္ေဒၚလာ သန္း ၇၀၀ ဖုိးနီးပါး တင္ပုိ႔ခဲ့ၿပီးပါၿပီ။ယခု ဘ႑ာေရးႏွစ္အတြင္းမွာ ကန္ေဒၚလာ ၃ ဘီလ်ံဖုိး တင္ပုိ႔ႏုိင္လိမ့္မယ္လုိ႔ ေမွ်ာ္မွန္းထားပါတယ္။

 

အီးယူ၊ ဂျပန်၊ မြန်မာချုပ်ထည်

=================

(Unicode)

ဥရောပ သမဂ္ဂ အီးယူမှ မြန်မာနိုင်ငံကို Generalised Scheme of Preferences (GSP) ခံစားခွင့် ပြန်ပေးလိုက်ပြီးတဲ့နောက်မှာ အီးယူသို့ မြန်မာနိုင်ငံမှ တင်ပို့တဲ့ ချုပ်ထည်တွေ သွင်းကုန်အခွန် ကင်းလွတ်ခွင့် ရရှိထားတဲ့ အားသာချက်ကို ရရှိသွားခဲ့ပါတယ်။ အီးယူမှ အမှာစာတွေ ပိုများလာခဲ့ပါတယ်။ CMP (cut-make-pack) အထည်ချုပ်ကဏ္ဍမှာ အီးယူဟာ ထိပ်ဆုံးဈေးကွက် ဖြစ်လာခဲ့ပါတယ်။ ယခင် စီးပွားရး ပိတ်ဆို့ခံထားရချိန်မှာ ဂျပန်နိုင်ငံဟာ အဓိကကျတဲ့ နိုင်ငံဖြစ်ခဲ့ပြီး မြန်မာအထည်ချုပ်လုပ်ငန်းကဏ္ဍ အကြီးအကျယ် အားကိုးအားထား ပြုခဲ့ရပါတယ်။ ဒါပေမဲ့ ယခုအခါမှာ အီးယူမှ ရရှိတဲ့ အမှာစာတွေက ဂျပန်ထက် ပိုများသွားပြီလို့ သိရပါတယ်။

CMP ဖြတ်ချုပ်ထုပ် အထည်ချုပ်လုပ်ငန်းကဏ္ဍဟာ မတ်လမှာ အဆုံးသတ်တဲ့ ၂၀၁၆-၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ အမေရိကန်ဒေါ်လာ ၁.၈၃၆ ဘီလျံ ရရှိခဲ့ပါတယ်။

အထည်ချုပ်ကဏ္ဍမှ ပြည်ပတင်ပို့တာမှာ ဂျပန်သို့ ၃၃% ဝန်းကျင်ရှိပြီး အီးယူကို ၂၅% ရှိခဲ့ပါတယ်။ တောင်ကိုရီးယား၊ အမေရိကနဲ့ တရုတ် နိုင်ငံတို့သို့လည်း တင်ပို့ခဲ့ပါတယ်။

CMP လို့ ဆိုတာမှာ အထည်တွေအပြင် ရှူးဖိနပ်အပါအဝင် ဖိနပ်အမျိုးမျိုး၊ အိတ်အမျိုးမျိုးတို့လည်း အကျုံးဝင်ပါတယ်။ CMP ကဏ္ဍမှ တင်ပို့မှုတန်ဖိုးဟာ မြန်မာနိုင်ငံ ပို့ကုန်စုစုပေါင်တန်ဖိုးရဲ့ ၁၆% ရှိပါတယ်။

အထည်ချုပ်လုပ်ငန်းကဏ္ဍဟာ အလုပ်အကိုင် စုစုပေါင်း လူဦးရေ သုံးသိန်းကျော်ကို အလုပ်ပေးထားပါတယ်။ ၂၀၂၀ ခုနှစ်မှာ ပြည်ပပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၁၂ ဘီလျံ ရှိမယ်လို့ လျာထားပါတယ်။

အလုပ်အကိုင် စုစုပေါင်း လူဦးရေ တစ်သန်းခွဲကို အလုပ်ပေးထားနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။

ဆွီဒင်မှ H&M အမေရိကမှ Gap အပါအဝင် နာမည်ကြီး အဝတ်အထည်လုပ်ငန်းတွေ မြန်မာနိုင်ငံမှာ လာရောက်လုပ်ကိုင်လျက် ရှိပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က အထည်ချုပ် စက်ရုံသစ်တွေ လာလုပ်ဖို့ အတည်ပြုပေးခဲ့ပါတယ်။

ယခင်က ဂျပန်နဲ့ တောင်ကိုရီးယားတို့မှ ကုမ္ပဏီများသာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံခဲ့ကြပြီး

ယခုအခါ တရုတ်နိုင်ငံမှလည်း ရင်းနှီးမြှုပ်နှံမှုများ စီးဝင်နေပါတယ်။

ယခု ဘဏ္ဍာရေးနှစ် ပထမ လေးလမှာ ကန်ဒေါ်လာ သန်း ၇၀၀ ဖိုးနီးပါး တင်ပို့ခဲ့ပြီးပါပြီ။ယခု ဘဏ္ဍာရေးနှစ်အတွင်းမှာ ကန်ဒေါ်လာ ၃ ဘီလျံဖိုး တင်ပို့နိုင်လိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။

Read 1799 times
Rate this item
(0 votes)